နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာတေးတားက ထိပ်တန်း အဆင့် နည်းပြ တစ်ဦး ဖြစ်ကြောင်း လူးဝစ် အန်နရီကေး ချီးကျူး ဂုဏ်ပြု | ချန်ပီယံလိဂ်

မီခဲလ် အာတေးတား ကတော့ ဒီရာသီမှာ အာဆင်နယ်ကို ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အရယူပေးထားနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီလည်း ပို့ဆောင်ပေးထားသူ ဖြစ်ပါတယ်။ ဒီအချိန် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံရမယ့် ပီအက်စ်ဂျီရဲ့ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ပြိုင်ဘက် နည်းပြ မီခဲလ် အာတေးတား အပေါ် ချီးကျူး ဂုဏ်ပြုစကားတွေ ဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ သမိုင်းမှာ အကြီးမားဆုံး ဂိုးပြတ် နိုင်ပွဲ အဖြစ် စံချိန်တင်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုနှစ် မှာတော့ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် လတ်တလောမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ အာဆင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာစီးတီးက ဘုန်းမောက်နဲ့ ၁-၁ သရေကျခဲ့ပြီးနောက် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂန်းနားတို့ အနေနဲ့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီရာသီ မှာတော့ အာတေးတားက အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာတေးတားက ၂၀၀၄ ခုနှစ် နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုဆီသို့ တက်လှမ်းနိုင်အောင်လည်း စွမ်းဆောင်ပေးထားနိုင်ခဲ့ရာ သူ့ရဲ့ ပြိုင်ဘက် နည်းပြ ဖြစ်တဲ့ လူးဝစ္စ အန်နရီကေးက အာတေးတား အပေါ် ချီးကျူးစကားတွေ အပြည့်အဝ ပြောကြားခဲ့ပါတယ်။

“အာတေးတားရဲ့ စာရင်း ဇယား အချက်အလက်တွေကို ကြည့်လိုက်ရင်ပဲ သိသာပါတယ်။ သူက ထိပ်တန်း နည်းပြ တစ်ယောက်ပါ။ အာဆင်နယ်ကို စတင် ကိုင်တွယ်ကတည်းက သူဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲပစ်ခဲ့သလို၊ အချိန်အတော်ကြာ အောင်ပွဲ မရခဲ့တဲ့ အသင်း တစ်သင်းရဲ့ အဓိပ္ပာယ် ကိုပါ ပြောင်းလဲပစ်ခဲ့တယ်။” လို့ အန်နရီကေးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ သမိုင်းမှာ အကြီးမားဆုံး ဂိုးပြတ် နိုင်ပွဲ အဖြစ် စံချိန်တင်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အနည်းငယ် အလေးသာနေတဲ့ ပီအက်စ်ဂျီ

“အခုဆိုရင် သူတို့တွေဟာ ပြန်ပြီးတော့ အပြိုင်အဆိုင် ကောင်းလာကြပြီ။ ပြီးခဲ့တဲ့ လေးရာသီ အတွင်းမှာ သူတို့ အသင်းဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး တိုးတက်လာခဲ့တယ်။ ဒါဟာ အာတေးတားရဲ့ ပုံရိပ်ကို အထင်အရှား ပြသနေတာပဲ။ သူတို့က ဘောလုံးပိုင်ဆိုင်မှု ကောင်းတယ်၊ ဘောလုံး အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ သူတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေတုန်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရဖို့ အမြဲတမ်း မလွယ်ကူခဲ့ပါဘူး။ ဘောလုံး မရှိတဲ့ အချိန်မှာ ဆိုရင်လည်း ဂိုးရရှိမှုနဲ့ ဂိုးပေးရမှု အချိုးအစားအရ သူတို့ဟာ ဥရောပမှာ အကောင်းဆုံး အသင်း ဖြစ်နေတယ်။”

“ပြီးတော့ သူက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ထားတာပါ။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်တုန်း ကတော့ သူတို့ အသင်း မပါဝင်နိုင်ခဲ့တာဟာ ကျွန်တော်တို့က သူတို့ကို ကံကောင်းထောက်မစွာ အနိုင်ယူနိုင်ခဲ့လို့ပါ။ သူက ထိပ်တန်း အဆင့် နည်းပြ တစ်ဦး ဖြစ်ပြီး မန်စီးတီးမှာ ပပ် (ဂွါဒီယိုလာ) ဆီကနေ ပညာသင်ယူခဲ့သလို၊ အသင်းကောင်းတွေ မှာလည်း ဖြတ်သန်းခဲ့ဖူးတယ်။ အာတေးတားရဲ့ အရည်အချင်းက ဘာလဲဆိုတာ သူ့ကစားသမားတွေ ကွင်းထဲမှာ ကစားပြနေပုံကို ကြည့်ရင် အထင်အရှား မြင်နိုင်ပါတယ်။” လို့ အန်နရီကေးက ဆက်လက် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတော့ ပီအက်စ်ဂျီက အာဆင်နယ်ကို နှစ်ကျော့ပေါင်း ရလဒ် ၃-၁ နဲ့ အနိုင်ရရှိခဲ့ကာ အာဆင်နယ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ နှစ်ကျော့စလုံးမှာ အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ပွဲတွေ မတိုင်ခင် ကတော့ ပီအက်စ်ဂျီက အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ (၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး) နဲ့ နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။ ဒီရာသီမှာ အာဆင်နယ်ရဲ့ အတောင့်တင်းဆုံး လက်နက် တစ်ခုက ပြစ်ဒဏ်ဘော (Set-pieces) တွေ ဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ရှိတဲ့ အသင်းတွေ အနက် အာဆင်နယ်က အခုရာသီ ပြိုင်ပွဲစုံမှာ ထောင့်ကန်ဘောက တစ်ဆင့် ဂိုး အများဆုံး (၂၆ ဂိုး) သွင်းယူထားနိုင်သလို၊ ပင်နယ်တီ မပါဝင်ဘဲ ပြစ်ဒဏ်ဘောတွေက တစ်ဆင့် ဂိုးအများဆုံး (၃၅ ဂိုး) သွင်းယူထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အာဆင်နယ်ရဲ့ ထောင့်ကန်ဘောတွေကို ရင်ဆိုင်ရမယ့် အပေါ် အိမ်မက်ဆိုး တစ်ခု ဖြစ်လာနိုင်မလားလို့ မေးမြန်းရာမှာ လူးဝစ် အန်နရီကေးက “မဖြစ်နိုင်ပါဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ကတော့ ထုံးစံအတိုင်းပဲ အကောင်းဆုံး တိုက်စစ်ဆင်သွားမှာပါ။ ကျွန်တော် တို့က အသင်းငယ်လေး တစ်သင်း ဖြစ်နိုင်ပေမယ့် အရမ်းကောင်းကောင်း ကစားနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ ကိုယ်ပိုင်ဟန်အတိုင်း တိုက်စစ်ဆင် ကစားဖို့ အသားကျနေပါပြီ။”

“သူတို့ (အာဆင်နယ်) မှာ မတူညီတဲ့ ကစားကွက် ပုံစံတွေ ရှိပေမယ့် ဘောလုံး ဒဿနချင်း ကတော့ အတူတူပါပဲ။ သူတို့ဆီ ကနေ ဘောလုံး လုယူဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒါကို သူတို့နဲ့ ကစားခဲ့တဲ့နေ့က ကျွန်တော်တို့ လက်တွေ့ကြုံခဲ့ရပြီးပြီ။ သူတို့က စနစ်တကျ လေ့ကျင့်ထားတဲ့ အသင်း တစ်သင်းပါ။ အာတေးတားရဲ့ ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်နိုင်စွမ်းနဲ့ ဘောလုံးကစားပုံဟာ အသင်းအပေါ်မှာ အပြည့်အဝ သက်ရောက်မှု ရှိနေပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗိုလ်လုပွဲကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ အန်နရီကေးက ဆိုပါတယ်။

လက်ရှိတွင် ပီအက်စ်ဂျီ အနေနဲ့ ချန်ပီယံလိဂ် ဖလားကို နှစ်နှစ် ဆက်တိုက် ဆွတ်ခူးနိုင်မယ့် ရေပန်းစားမှုနှုန်းက ၄၃ ရာခိုင်နှုန်း ရှိနေပြီး၊ အာဆင်နယ် ကတော့ ၅၇ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲရန် ပိုမို ရေပန်းစားလျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်