နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘယ်လွန်ဒေါ ရနိုင်ခြေ ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် တည်ငြိမ်စွာ တုန့်ပြန်လိုက်တဲ့ ခွာဗာရတ်စခီလီယာ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရနိုင်ခြေ ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် ခါဗစ်ချာ ခွာဗာရတ်စခီလီယာက အေးအေးဆေးဆေးပဲ တုံ့ပြန်ခဲ့ပါတယ်။

ပီအက်စ်ဂျီ အတွက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ခွာဗာရတ်စခီလီယာက ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်သူ အဖြစ် ရေပန်းစားနေတာ ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ထိန်းချုပ်ရမယ့် ခက်မယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။ ခွာဗာရတ်စခီလီယာက လာမယ့် စနေနေ့မှာ မီခဲလ် အာတေးတားရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်နဲ့ ပွတ်ရှ်ကတ်စ်အရီနာမှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ဒီနှစ် အတွက် ဘယ်လွန်ဒေါဆု ရရှိနိုင်ခြေ အပေါ် စိတ်ဝင်စားမှု မရှိကြောင်း အပွင့်လင်းဆုံး တုန့်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာဖို့ မျှော်လင့်နေတာပါ။ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အဓိက သော့ချက်က ခွာဗာရတ်စခီလီယာကြောင့် ဆိုရင်လည်း မမှားပါဘူး။ ဂျော်ဂျီယာသားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေး၊ ဘေယန်မြူးနစ်က ဟယ်ရီကိန်း တို့နဲ့ အတူ ဂိုးပါဝင်ပတ်သက်မှု အများဆုံး (၁၆ ဂိုး) ပြုလုပ်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။

အမှန်စင်စစ် ဂျော်ဂျီယာ လက်ရွေးစင် ကစားသမားဟာ ဒီရာသီ ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ တခြား ကစားသမားတွေထက် ဂိုးပါဝင်ပတ်သက်မှု ပိုလုပ်ထားနိုင်ခဲ့ပြီး ၇ ဂိုး သွင်းယူကာ ၃ ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ် ရာသီ တစ်ခုတည်းရဲ့ ရှုံးထွက် အဆင့်မှာ ၇ ပွဲ ဆက်တိုက် ဂိုးသွင်းယူခြင်း သို့မဟုတ် ဂိုးဖန်တီးခြင်း ပြုလုပ်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ခွာဗာရတ်စခီလီယာက သူ့ရဲ့ အသင်းဖော် အူစမန်နီ ဒမ်ဘီလီ လိုမျိုး ၂၀၂၆ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆု ဆွတ်ခူးနိုင်မယ့် ရေပန်းစားသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ မတွေ့ဆုံခင်မှာ ခွာဗာရတ်စခီလီယာက နာပိုလီ ကနေ ပြောင်းရွှေ့လာပြီးနောက် သူရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ တစ်ကိုယ်တော် ကြိုးစားမှုကြောင့်သာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ချီးကျူးမှုတွေနဲ့ ပတ်သက်လို့ TNT Sports က ဂျူလီယန် လောရင့်စ်ရဲ့ မေးမြန်းမှုကို ခွာဗာရတ်စခီလီယာက “ကျွန်တော် အဲဒီလို ခံစားရပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့် တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ရိုးရိုးရှင်းရှင်းပဲ နေချင်ပါတယ်၊ ဘောလုံးကို ချစ်လို့ ကစားတာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့က အိပ်မက် တစ်ခု ဖြစ်ခဲ့တာပါ” လို့ ခွာဗာရတ်စခီလီယာက ဆက်လက် ပြောကြားခဲ့ပါတယ်။
ဘယ်လွန်ဒေါဆုရဖို့ ရေပန်းစားနေတဲ့ ခွာဗာရတ်စခီလီယာ

“ကျွန်တော် ကွင်းထဲကို ရောက်တဲ့အခါ အံ့သြစရာကောင်းတဲ့ အသင်းဖော်တွေ၊ အံ့သြစရာကောင်းတဲ့ ကလပ် အသင်း၊ အံ့သြစရာကောင်းတဲ့ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ကစားဖို့ပဲ ကြိုးစားပါတယ်။ လေ့ကျင့်ခန်းဆင်းတိုင်း၊ ပွဲကစားတိုင်းမှာ ပျော်ရွှင်အောင်ပဲ ကြိုးစားပါတယ်။ ဒီအတောအတွင်းမှာ ဘဝက နည်းနည်း ပြောင်းလဲသွားနိုင်ပေမယ့် ကျွန်တော် ကတော့ နှိမ့်ချမှုရှိရှိနဲ့ ဒီအတိုင်းပဲ ဆက်နေချင်ပါတယ်။ ကျွန်တော် ချစ်တဲ့ အလုပ်ကို လုပ်နေတာ ဖြစ်လို့ အမြဲတမ်း ပျော်ရွှင်အောင်ပဲ ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ခွာဗာရတ်စခီလီယာက ပီအက်စ်ဂျီ အတွက် ဆုဖလား ၇ လုံးအထိ ဆွတ်ခူးပေးထားပြီး ဖြစ်ကာ ယင်းအနက် ၄ လုံးကို ဒီရာသီမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ လူးဝစ် အန်နရီကေးရဲ့ အသင်းက ဒီရာသီမှာ လီဂူးဝမ်း ချန်ပီယံဆုနဲ့ Trophee des Champions ဖလားတို့ကို ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဆိုပါ ကစားသမားက ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ချန်ပီယံလိဂ်လိုမျိုး သွင်းဂိုး အရေအတွက် မပြသနိုင်ခဲ့ဘဲ ၈ ဂိုး သွင်းယူကာ ၄ ကြိမ် ဂိုးဖန်တီးပေးခဲ့တာကြောင့် ဂိုးပါဝင် ပတ်သက်မှု ၁၂ ဂိုးသာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက ဒမ်ဘီလီရဲ့ ၁၇ ဂိုးနောက် ပီအက်စ်ဂျီ အသင်း အတွင်း ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခွာဗာရတ်စခီလီယာက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆင့်အတန်း တစ်ခုကို ပြသနိုင်ခဲ့ပြီး ဥရောပ စင်မြင့်ထက်မှာ ခြေစွမ်းပြသနိုင်ဖို့ အတွက် ချန်ပီယံလိဂ် တေးသံက သူ့ကို စိတ်ဓာတ်တက်ကြွစေတယ်လို့ ဆိုသည်။

“ဘောလုံးသမားတိုင်း အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေက အိပ်မက် တစ်ခုပါပဲ။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ပါ၊ ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့က အိပ်မက် တစ်ခု ဖြစ်ခဲ့တာပါ” လို့ ခွာဗာရတ်စခီလီယာက ဆက်လက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် အိပ်မက်က အနည်းငယ်တော့ ပြည့်မြောက်သွားပါပြီ။ ဒါပေမယ့် ကွင်းထဲကို ဆင်းချင်တဲ့ ဆာလောင်မှု ကတော့ ရှိနေဆဲပါ။ ချန်ပီယံလိဂ် တေးသံ စတင်သီဆိုလိုက်တိုင်း ကျွန်တော် ချက်ချင်း စိတ်တက်ကြွလာတတ်ပါတယ်။ ဒါက တခြားအရာ အားလုံးနဲ့ မတူဘဲ ထူးခြားလို့လည်း ဒါကို ချန်ပီယံလိဂ်လို့ ခေါ်ကြတာပေါ့။”

၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ပီအက်စ်ဂျီက တခြားကလပ် အသင်းတွေထက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ ကြိမ် အထိ အများဆုံး တက်ရောက်နိုင်ခဲ့ပြီး အခုပွဲ မှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ခြေစွမ်း အပေါ် ယုံကြည်မှု အပြည့် ရှိနေပါတယ်။ သူတို့ဟာ အင်္ဂလန် ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ၅ ပွဲစလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီးက ၂၀၂၀-၂၁ ဘောလုံးရာသီ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ နောက်ဆုံးအကြိမ် ဖြုတ်ချနိုင်ခဲ့တဲ့ အင်္ဂလန် ကလပ် ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်