နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“မာရက်စကာရဲ့ ကစားဟန်က ကျွန်တော့် နားထဲမှာ သာယာတဲ့ ဂီတသံစဉ်လိုပါပဲ” – အန်တွန် ဆီမီညို | ပရီးမီးယားလိဂ်

အန်တွန် ဆီမီညို ကတော့ မန်ချက်စတာစီးတီး နည်းပြသစ် အန်ဇို မာရက်စကာရဲ့ နည်းဗျူဟာနဲ့ ကစားဟန်ကို သဘောကျ နှစ်သက်နေပြီး ဒီရာသီမှာ အဆိုပါ စနစ်အောက်မှာ အကောင်းဆုံး တောက်ပလာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ မာရက်စကာဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို စတင်ကိုင်တွယ်တဲ့ ပထမဆုံး ပွဲစဉ် မှာတင် သူ့ရဲ့ တိုက်စစ် ကစားဟန်ကို ပွဲထုတ် ပြသသွားခဲ့ပါတယ်။

ဟောင်ကောင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အင်တာမီလန်နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ မန်စီးတီးဟာ ပွဲချိန် အများစုကို စိုးမိုးထားနိုင်ခဲ့သလို (ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်) ပထမပိုင်း ပွဲချိန် ၁၄ မိနစ်မှာ ဆီမီညိုရဲ့ ဖန်တီးပေးမှု ကနေ ဒီဗင် မူဘာမာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ မန်စီးတီးတို့ ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၁၈ ကြိမ် အထိ ပြုလုပ်ကာ တိုင်ထိတာ ၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၄ ကြိမ် အထိ ရှိခဲ့ပါတယ်။

ဂါနာ လက်ရွေးစင် တောင်ပံ ကစားသမား ဆီမီညိုဟာ အဆိုပါပွဲမှာ ဂိုးကန်သွင်းမှု ၂ ကြိမ် ပြုလုပ်ခဲ့သလို အသင်းမှာ အများဆုံး အဖြစ် အခွင့်အရေး ၃ ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့တာကြောင့် မာရက်စကာရဲ့ ကစားကွက်စနစ်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

“သူ နည်းပြအဖြစ် ခန့်အပ်ခံရတုန်းက ကျွန်တော် ပထမဆုံး စဉ်းစားမိတဲ့ အရာပါပဲ။ ဘာလို့လဲဆိုတော့ သူ မကြာသေးမီက ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့စဉ်တုန်းက သူ့ရဲ့ တောင်ပံ ကစားသမားတွေဟာ မြင့်မြင့်မားမားနဲ့ လွတ်လွတ်လပ်လပ် ကစားကြရတာကို တွေ့ခဲ့ရလို့ပါ။ ဒါကြောင့် သူ ရောက်လာတာက တောင်ပံ ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော့် အတွက် အရင် လှုပ်ရှားစရာ ဖြစ်ခဲ့ရတာပါ။ ပွဲချိန် အများစုမှာ ပြိုင်ဘက် ခံစစ်မှူးတွေနဲ့ တစ်ယောက်ချင်း ရင်ဆိုင် ကျော်ဖြတ်ခွင့် ရတော့မှာဖြစ်လို့ တကယ်ကို ရင်ခုန်စရာပါပဲ။ သူ တောင်ပံ ကစားသမားတွေကို ဘယ်လို ပုံစံမျိုး သုံးချင်လဲ၊ အသင်း တစ်ဖွဲ့လုံး အနေနဲ့ ဘယ်လို ပွဲထွက်ချင်လဲ ဆိုတာတွေကို ကျွန်တော်နဲ့ တစ်ဦးချင်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သူ့ရဲ့ အတွေးအခေါ်တွေက ပပ်ရဲ့ ကစားဟန်နဲ့ တော်တော်လေး ဆင်တူပြီး အရမ်းလည်း ကောင်းပါတယ်။ အင်တာမီလန်နဲ့ ပွဲကို ကြည့်ခဲ့ရင် သူ့ရဲ့ ကစားဟန် တချို့ ပေါ်လွင်နေတာကို တွေ့ရမှာပါ။ အန်ဇိုက တောင်ပံမှာပဲ အဓိက ကစားခိုင်းပြီး ဘောလုံးရတာနဲ့ အခွင့်အရေးတွေ ဖန်တီးဖို့ပဲ လမ်းညွှန်ထားတာကြောင့် ဒါဟာ ကျွန်တော့်နားထဲ မှာတော့ သာယာတဲ့ ဂီတ သံစဉ်လိုပါပဲ” လို့ ဆီမီညိုက ပြောကြားခဲ့ပါတယ်။

သူတို့က ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘဝ တောက်ပလာအောင် ကူညီပေးခဲ့ကြပါတယ်။
ရာသီသစ်မှာ မန်စီးတီး အတွက် အားထားရတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေတဲ့ ဆီမီညို

ဆီမီညိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဘုန်းမောက် အသင်း ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂါနာသားက ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၁ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ချဲလ်ဆီး အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲက အနိုင်ဂိုးလည်း ပါဝင်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဆီမီညိုကို မန်စီးတီးဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပြီး လက်ရှိ ရလဒ်တွေ အပေါ်လည်း ဆီမီညို တစ်ယောက် တော်တော်လေး ကျေနပ်နေပါတယ်။ “အမှန်အတိုင်း ပြောရရင် ကလပ်ဟောင်း ဘုန်းမောက်ကို အရာ အားလုံး အတွက် ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘဝ တောက်ပလာအောင် ကူညီပေးခဲ့ကြပါတယ်။ နောက်ပြီး နောက်ကွယ်က အသင်း တာဝန်ရှိသူတွေ၊ နည်းပြ အဖွဲ့ဝင်တွေ အားလုံး ကလည်း တကယ်ကို အံ့ဩစရာ ကောင်းခဲ့ကြပါတယ်။ အရာရာကို ချောမွေ့အောင် ဖန်တီးပေးခဲ့ကြတာပါ။”

“ကျွန်တော့် ဘက်ကတော့ နောက်ထပ် တက်လှမ်းမယ့် ခြေလှမ်းကို ကြီးကြီးမားမား ဖြစ်စေချင်ခဲ့ပြီး မန်ချက်စတာစီးတီးက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ မပြောင်းခင်တုန်းက ပပ်နဲ့ စကားပြောခဲ့တော့ သူက ‘မင်း ဒီကို လာရင် မင်းကို ပိုကောင်းတဲ့ ကစားသမား ဖြစ်အောင် ငါ လုပ်ပေးမယ်’ လို့ ပြောခဲ့ပါတယ်။

ဘောလုံးသမားတိုင်းက ရာသီတိုင်း ပိုကောင်းလာချင်၊ တိုးတက်ချင်ကြတာပဲ မဟုတ်လား။ ပပ်ဟာ ပထမ ၅ လ အတွင်း ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလို သူ ထွက်ခွာသွားခဲ့တာတော့ ဝမ်းနည်းစရာပါပဲ” လို့ ဆီမီညိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်