နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာရက်စကာရဲ့ လက်အောက်မှာ အောင်မြင်မှုတွေ ဆက်လက် ရယူချင်တယ်လို့ ဂဗာဒီယို ပြောကြား | ပရီးမီးယားလိဂ်

ယော့စကို ဂဗာဒီယိုလ် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးမှာ နည်းပြ ပပ် ဂွါဒီယိုလာနဲ့ အတူ ၃ ရာသီ ဆက်တိုက် ခြေစွမ်းပြကာ ဖြတ်သန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ခရိုအေးရှား နောက်ခံလူက နည်းပြသစ် အန်ဇို မာရက်စကာ လက်အောက် မှာလည်း ဒီလို အနိမ့်အမြင့် မရှိတဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။

ဂဗာဒီယိုလ်ဟာ နည်းပြသစ် အန်ဇို မာရက်စကာရဲ့ လက်အောက်မှာ မန်စီးတီးနဲ့ အတူ ဆုဖလားတွေ ဆက်လက် ဆွတ်ခူးသွားဖို့ သန္နိဋ္ဌာန် ချထားကြောင်း ထုတ်ဖော် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ခရိုအေးရှား နောက်ခံလူ ဂဗာဒီယိုလ်ဟာ ၂၀၂၃ ခုနှစ်တုန်းက လိုက်ပ်ဇစ် အသင်း ကနေ ပေါင် ၇၇.၅ သန်း (ယူရို သန်း ၉၀) နဲ့ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာမှာ ရှိနေစဉ် အတွင်း ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိ ပြိုင်ပွဲစုံ ၁၂၂ ပွဲ ပါဝင် ကစားထားတဲ့ ဂဗာဒီယိုလ်ဟာ မန်စီးတီး အသင်း ဂိုးမပေးရတဲ့ပွဲ ၃၂ ပွဲ ရရှိအောင် ကူညီပေးခဲ့သူ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ အသင်းက သူ့ကို စာချုပ်သစ်နဲ့ ဆုချီးမြှင့်ခဲ့ပါတယ်။ ဂဗာဒီယိုလ်ဟာ ယခင် စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့်လည်း အက်တီဟတ် ကွင်းမှာပဲ ၅ နှစ် စာချုပ်သစ် ထပ်မံ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာ လက်ထက် မန်စီးတီးမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂဗာဒီယိုလ်ဟာ အခုအခါ မာရက်စကာ လက်အောက် မှာလည်း ဒီလို အောင်မြင်မှုမျိုးကို ဆက်လက် ရယူချင်နေပါတယ်။ “ဒီမှာ ရှိနေရတာ၊ ထိပ်တန်း ကစားသမားတွေ၊ ထူးချွန်တဲ့ အကျင့်စရိုက်ရှိသူတွေနဲ့ နေ့တိုင်း တွေ့ဆုံပြီး လေ့ကျင့်ခန်းဆင်းရင်း ပိုမိုကြိုးစားခွင့်ရတာတွေ ကနေ ကျွန်တော်တို့ အတူတူ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒ ကတော့ ဒီအတိုင်း ဆက်သွားနိုင်ဖို့ပါပဲ။ ဒီမှာ ဆက်ရှိနေပြီး နောက်ထပ် နှစ်ပေါင်းများစွာ အထိ ပါဝင်ကစားသွားဖို့ တကယ်ကို မျှော်လင့်ထားပါတယ်” လို့ ဂဗာဒီယိုလ်က အသင်းရဲ့ ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “စီးတီးမှာ ဖြတ်သန်းခဲ့တဲ့ ၃ နှစ်တာ အတွင်း အောင်မြင်မှုတွေ အများကြီး ရခဲ့သလို အခုတော့ နည်းပြသစ်လည်း ရောက်ရှိလာပါပြီ။ ဒီကလပ်ဟာ ကျွန်တော့် အတွက်ရော ကျွန်တော့် မိသားစု အတွက်ပါ အသင့်တော်ဆုံးပါပဲ။ လိုအပ်တာ မှန်သမျှ ဒီမှာ အကုန်ရှိပြီး မန်ချက်စတာမြို့မှာ နေရတာ ကိုလည်း အရမ်း သဘောကျပါတယ်။ ပြုပြင်ရမယ့် ကိစ္စတွေ၊ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်လို့ ထင်ပေမယ့် ကျွန်တော်က အသက် ၂၄ နှစ်ပဲ ရှိသေးတာမို့ အချိန် အများကြီး ကျန်ပါသေးတယ်” လို့လည်း ဆိုပါတယ်။

မန်စီးတီးဟာ ရာသီသစ်မှာ အာဆင်နယ်ရဲ့ လက်ကနေ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် လုယူဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့်လည်း ဂန္တဝင် နည်းပြကြီး ပပ် ဂွါဒီယိုလာ စွန့်ခွာသွားပြီးနောက် မာရက်စ်ကာနဲ့ အတူ အထိုင်ကျဖို့ အနည်းငယ် အချိန်ယူရဦးမယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး ဒါကလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အန်ဇို မာရက်စ်ကာဟာ ချဲလ်ဆီးမှာ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ပြည်တွင်း ပြိုင်ပွဲတွေ မှာတော့ အားနည်းတဲ့ နည်းပြ ဖြစ်နေတာ ငြင်းလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အင်တာမီလန်၊ အက်တလက်တီကိုမက်ဒရစ်၊ K-League Stars အသင်း တို့နဲ့ ရာသီကြို ခြေစမ်းပွဲတွေ ကစားပြီးနောက် ရာသီ အဖွင့် ပွဲစဉ် အဖြစ် ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်ပတ် အကြာ မှာတော့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲ အဖြစ် ဘုန်းမောက် အသင်းနဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်