နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် အဲလက်စ် စကော့တ် အတွက် ဘယ်အသင်းတွေက ရွေးချယ်ဖို့ အသင့်လျော်ဆုံး ဖြစ်မလဲ | ပရီးမီးယားလိဂ်

ဘုန်းမောက်မှာ ခြေစွမ်းပြသနေတဲ့ အင်္ဂလန် ကွင်းလယ်လူ အဲလက်စ် စကော့တ်ကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့လို ပရီးမီးယားလိဂ် ထိပ်သီးတွေက စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အထူး ခြေစွမ်းပြခဲ့တဲ့ စကော့တ်ကို ဘုန်းမောက် ဘက်က စာချုပ်သစ်ချုပ်ဆိုပြီး လျော်ကြေးစာချုပ် ပေါင် သန်းပေါင်း များစွာ ထည့်သွင်းချုပ်ဆိုကာ အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်နေတာပါ။ အသင်းရဲ့ အဓိက ကြယ်ပွင့်တွေ ဖြစ်တဲ့ ရာယန်နဲ့ အီလီ ဂျူနီယာ ခရူပီ တို့လိုပဲ စကော့တ် ကိုလည်း မဖြစ်မနေ ထိန်းထားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Sky Sports News ရဲ့ ဖော်ပြချက်အရ အသက် ၂၂ နှစ်အရွယ် စကော့တ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး အသင်း ၃ သင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာကြောင့် ဘုန်းမောက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်ထားပြီး လက်ရှိမှာ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒ မရှိသေးပါဘူး။

စကော့တ် အတွက် ချဲလ်ဆီး အသင်းရဲ့ ပေါင် ၆၄ သန်းနဲ့ ကမ်းလှမ်းမှုကို ဘုန်းမောက် ဘက်က ငြင်းပယ်ခဲ့သလို အာဆင်နယ်နဲ့ ယူနိုက်တက် တို့ရဲ့ စုံစမ်းမေးမြန်းမှုတွေ ကိုလည်း ပယ်ချခဲ့ပါတယ်။ ဘုန်းမောက် ကတော့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ စကော့တ်ကို စာချုပ်သစ် မချုပ်ဖြစ်ရင်တောင် လာမယ့်ရာသီ ဗိုက်တယ်လတီ စတေဒီယမ်မှာပဲ ဆက်ထိန်းထားဖို့ မျှော်လင့်နေပေမဲ့ ပိုမို ကြီးမားလာတဲ့ စိတ်ဝင်စားမှုတွေကို တားဆီးဖို့တော့ ခက်ခဲပါလိမ့်မယ်။

 

ပရီးမီးယားလိဂ် ထိပ်သီးတွေ ဘာကြောင့် အဲလက်စ် စကော့တ်ကို လိုချင်နေကြတာလဲ

စကော့တ် အတွက် ဘုန်းမောက် ကစားသမားဘဝ ၂၀၂၅-၂၆ ရာသီဟာ ဒဏ်ရာ ကြီးကြီးမားမား မရဘဲ ရာသီ တစ်ခုလုံးကို ပထမဆုံးအကြိမ် အပြည့်အဝ ဖြတ်သန်းနိုင်ခဲ့တဲ့ ရာသီ ဖြစ်ခဲ့ပါတယ်။ အရင်ရာသီတွေက ဒဏ်ရာပြဿနာတွေကြောင့် တိုးတက်မှု နှေးကွေးခဲ့ရပေမဲ့ နည်းပြ အန်ဒိုနီ အီရာအိုလာရဲ့ လက်အောက်မှာ အနှောင့်အယှက် မရှိ ကစားခွင့်ရခဲ့တာဟာ အင်္ဂလန် လက်ရွေးစင် ကစားသမားလေး အတွက် တဟုန်ထိုး တိုးတက်လာစေတဲ့ အဓိက သော့ချက်ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ်ပေါင်း ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ အီရာအိုလာရဲ့ Pressing အားကောင်းပြီး ကစားဟန် ပြင်းထန်တဲ့ စနစ်ထဲမှာ စကော့တ်ဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ် စွယ်စုံရ ကစားသမား တစ်ယောက် အဖြစ် သက်သေပြခဲ့တာပါ။

စကော့တ်က ခံစစ်ပိုင်း စွမ်းဆောင်ရည် မှာလည်း ထိပ်တန်း စာရင်းဝင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်ဇုန်တွေမှာ ဘောလုံး ပြန်လည် လုယူနိုင်မှု စာရင်းတွေမှာ ပရီးမီးယားလိဂ် ကွင်းလယ်လူတွေထဲ ထိပ်တန်း ၅ ယောက် အထိ ဝင်ခဲ့ပါတယ်။ အင်္ဂလန်သားက ခံစစ်တင်မကဘဲ တိုက်စစ်ပိုင်း မှာလည်း ၄ ဂိုးသွင်း၊ ၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။

လက်ရှိ ခြေစွမ်းအပြင် သူ့ရဲ့ အနာဂတ် အလားအလာ ကလည်း အရေးပါနေပါတယ်။ အသက် ၂၂ နှစ်ပဲ ရှိသေးတာမို့ ခံစစ် ကာကွယ်သူ အဖြစ်ရော တိုက်စစ် ဖန်တီးသူ အဖြစ်ပါ ပိုမိုတိုးတက်လာဖို့ အချိန်အများကြီး ကျန်ရှိနေသေးသလို ပိုမိုတောင့်တင်းတဲ့ အသင်းဖော်တွေနဲ့ တွဲကစားရချိန်မှာ သူ့ရဲ့ အဆင့်အတန်းက ပိုမိုမြင့်မားလာမှာ သေချာပါတယ်။

စကော့တ် အနေနဲ့ ဘယ်အသင်းကို ရွေးချယ်သင့်သလဲ

ဒီနွေရာသီမှာ စကော့တ် အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ရတော့မှာပါ။ ဘုန်းမောက် ကနေ ထွက်ခွာမယ် ဆိုရင် နောက်ထပ် ရောက်ရှိမယ့် ပန်းတိုင်ကို သေချာ ဂရုစိုက် ရွေးချယ်ရပါလိမ့်မယ်။ အဓိက ကတော့ ပရီးမီးယားလိဂ်ရဲ့ တောက်ပတဲ့ လူငယ်ကြယ်ပွင့်လေးတွေ အသင်းမှား ရွေးချယ်မိလို့ ကစားသမားဘဝ လမ်းကြောင်း ပျက်စီးသွားခဲ့တာတွေကို ခဏခဏ မြင်တွေ့ခဲ့ရဖူးလို့ပါပဲ။

ဒါကြောင့် စကော့တ် အနေနဲ့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ စတန်းဖို့ဒ်ဘရစ်ချ်ဟာ နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ အကူးအပြောင်းကာလကို ဖြတ်သန်းနေရဆဲ ဖြစ်သလို တဖက် မှာလည်း တောင့်တင်းတဲ့ ကွင်းလယ် အင်အားကို ပိုင်ဆိုင်ထားပြီးသားပါ။ အန်ဇို ဖာနန်ဒက်စ် ထွက်ခွာသွားခဲ့ရင်တောင် အလွန်ဆိုရဲ့ ကွင်းလယ် ၂ ဦး စနစ်မှာ မွိုက်ဆက်စ် ကိုင်စီဒို၊ ဒေရီယို အက်ဆူဂို၊ ရိုမီယို လာဗီယာနဲ့ ရိစ် ဂျိမ်းစ်တို့ ရှိနေသလို ရှေ့ပိုင်းမှာလည်း မော်ဂန် ရော်ဂျာစ်နဲ့ ကိုးလ် ပါးလ်မားတို့ ရှိနေပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲစဉ် လုံးဝ မကစားရသလို လူငယ်ကစားသမားတွေ အပေါ် ရက်ရက်စက်စက် ပြုမူလေ့ရှိတာ ကိုလည်း မကြာခဏ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ ရောက်လာတဲ့ အလက်ဟန်ဒရို ဂါနာချို၊ လီယမ် ဒီလက်ပ်နဲ့ ဂျေမီ ဂစ်တန်စ်တို့ ဆိုရင် ရောင်းထုတ်ရမယ့် ကစားသမားတွေ အဖြစ် သတ်မှတ်ခြင်း ခံနေရပြီ ဖြစ်လို့ လက်ရှိ အခြေအနေမှာ ဘယ်သူမှ ချဲလ်ဆီးကို တခြား ထိပ်သီး ကလပ်တွေထက် ဦးစားပေး မရွေးချယ်သင့်ပါဘူး။

မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ကတော့ စကော့တ် အတွက် ဆွဲဆောင်မှု ရှိနေမှာ သေချာပါတယ်။ အထူးသဖြင့် ယူနိုက်တက်ဟာ မိုက်ကယ် ကာရစ်ခ် လက်အောက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည် ဝင်ရောက်နိုင်ခဲ့ပြီး တိုးတက်လာနေတာကြောင့်ပါ။ ဒါပေမယ့်လည်း အဲဒီစီမံကိန်းဟာ အစပျိုးကာလမှာပဲ ရှိသေးသလို ကာရစ်ခ်ရဲ့ လက်အောက် အနာဂတ်မှာ ဘယ်လို ဆက်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ကွင်းလယ် နှစ်ယောက်ထိုင် စနစ် အတွက် ကွင်းလယ်လူ ၂ ယောက် ဖြစ်တဲ့ အန်ဒရီ ဆန်းတို့စ်နဲ့ ယူရီ တေးလီမန့်စ် တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးဟာ ကိုဘီ မိန်နူးနဲ့ အတူ လာမယ့် ရာသီမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေကြသူတွေပါ။ စကော့တ် အနေနဲ့ ဥရောပ ပြိုင်ပွဲတွေ ပါဝင်တဲ့ ရာသီမှာ အလှည့်ကျစနစ်ကြောင့် ပွဲထွက်ခွင့် ပုံမှန် ရရှိနိုင်ပေမယ့် ပွဲထွက် ၁၁ ယောက် နေရာ အတွက်တော့ အာမခံချက် နည်းပါးပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဆီ ပြောင်းရွှေ့တာဟာ စကော့တ် အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ အသင်းကြီး တစ်သင်းဆီ ရောက်ရှိသွားမှာ ဖြစ်သလို ပါရမီပါတဲ့ စပိန် နည်းပြရဲ့ လက်အောက်မှာ သင်ယူခွင့် ရရုံတင်မကဘဲ ပထမ အသင်းကြီးဆီ တန်းဝင်နိုင်မယ့် လမ်းကြောင်းလည်း ပွင့်နေလို့ပါ။ အင်္ဂလန် အသင်းဖော် ဒီကလန် ရိုက်စ်က ပွဲထွက်နေရာ အခိုင်အမာ ရထားပေမဲ့ ၄-၂-၃-၁ သို့မဟုတ် မာတင် အိုဒီဂတ်၊ အီဘရီချီ အက်ဇေးတို့ ပါဝင်တဲ့ ၄-၃-၃ စနစ်မှာ ရိုက်စ်ရဲ့ ရေရှည်တွဲဖက် ကွင်းလယ်လူနေရာဟာ အတည်မကျသေးပါဘူး။

မာတင် ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ရာသီက ကစားပုံ ကျဆင်းမှုကြောင့် ပွဲထွက်နေရာ ပျောက်ဆုံးခဲ့ရသလို မီခဲလ် မာရီနိုနဲ့ မိုင်းလ်စ် လူးဝစ်-စကယ်လီ တို့ဟာလည်း နေရာ အခိုင်အမာ မရကြသေးပါဘူး။ ခရစ်ရှန် နော့ဂတ် ကတော့ အရေးပေါ် အရန်စနစ်မျှသာ ဖြစ်ပြီး စကော့တ်ရဲ့ ကစားဟန်ဟာ အိုဒီဂတ်၊ အက်ဇေး၊ ကိုင် ဟာဗက်စ် တို့လို တိုက်စစ် အားသန် ကွင်းလယ်လူတွေနဲ့ လုံးဝ ကွဲပြားပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလား အားလုံးကို စိန်ခေါ်ဦးမှာ ဖြစ်လို့ စကော့တ် အတွက် ခြေစွမ်းပြခွင့်တွေ အများကြီး ရရှိလာမှာပါ။ လက်ရှိ အချိန်မှာ ဂန်းနားတို့ဆီ ပြောင်းရွှေ့တာဟာ အင်္ဂလန်မှာ အကောင်းဆုံးနဲ့ အသေချာဆုံး ရွေးချယ်မှု ဖြစ်ပြီး လာမယ့် ရာသီတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့လည်း သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်