နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၁၀ ဦး

၁၉၉၀ ပြည့်လွန် နှစ်တွေ အစောပိုင်းတည်းက ကစားသမား ပြောင်းရွှေ့ကြေး အဆမတန် ကြီးမားမှုနဲ့ ပရီးမီးယားလိဂ် ဆိုတာ ခွဲခြားလို့မရအောင် ပေါ်ပေါက်ခဲ့တာပါ။ ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်း မှာတော့ ပြောင်းရွှေ့ကြေးတွေဟာ တကယ့်ကို အံ့ဩမှင်သက်စရာ ကောင်းလောက်အောင်ကို မြင့်တက်လာခဲ့ပါတယ်။

အခုဆိုရင် ဂဏန်း ၉ လုံး (ပေါင် သန်း ၁၀၀ နဲ့အထက်) တန်ကြေး ရှိတဲ့ ပြောင်းရွှေ့ကြေးတွေကို မြင်တွေ့ရတာ အဆန်း မဟုတ်တော့ဘဲ အပြောင်းအရွှေ့ ရာသီတိုင်းမှာ စံချိန်သစ်တင် ခေါ်ယူမှု အမြောက်အမြား ပေါ်ထွက်လာလေ့ ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း စူပါစတားတွေကို ခေါ်ယူဖို့ အတွက် ဘဏ္ဍာရေး အင်အားအပြည့် ရှိကြတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၆ သင်းတွေ ကတော့ ဒီလို စံချိန်တင် ပြောင်းရွှေ့ကြေးတွေရဲ့ အဓိက ဇာတ်လိုက်ကျော်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုတစ်ခါ မှာတော့ ပရီးမီးယားလိဂ် သမိုင်းမှာ အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ၁၀ ဦးရဲ့ အကြောင်းကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

 

၁၀။ ရိုမယ်လူ လူကာကူ

အင်တာမီလန် မှ ချဲလ်ဆီး (ပေါင် ၉၇.၅ သန်း)

ချဲလ်ဆီးဟာ လူကာကူကို ၂၀၁၁ ခုနှစ်တုန်းက အန်ဒါလက်ချ် အသင်းဆီ ကနေ ပထမဆုံးအကြိမ် ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၁၀၀ နီးပါး ပေးခဲ့ရတဲ့ ဒုတိယအကြိမ် အကြို ပြောင်းရွှေ့ကြေးရဲ့ ၅ ပုံ ၁ ပုံလောက်ပဲ ရှိခဲ့တာပါ။ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာသွားခဲ့တဲ့ ကာလ အတွင်း မှာလည်း အဲဗာတန်၊ မန်ချက်စတာယူနိုက်တက် တို့မှာ မဟာပြောင်းရွှေ့ကြေးတွေ ရရှိခဲ့သူပါ။

ဒါပေမယ့် ချဲလ်ဆီးဟာ ၂၀၂၁ မှာ သူ့ကို ပြန်လည် ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ နီးပါး အသုံးစရိတ် ထုတ်သုံးခဲ့ပြီး အပြောင်းအရွှေ့ ကတော့ လုံးဝ သေမင်း ခံတွင်းထဲ သက်ဆင်းသွားခဲ့ပါတယ်။ အင်တာမီလန်ကို ၂၀၂၀-၂၁ စီးရီးအေ ချန်ပီယံ ဖြစ်အောင် ဂိုးတွေ တရစပ် သွင်းပေးခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူးကြီးဟာ ချဲလ်ဆီး မှာတော့ ပရီးမီးယားလိဂ် ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့ရပြီး အငှားချ၊ နောက်ဆုံး မှာတော့ ပြန်လည် ရောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

 

၉။ ဆန်ဒရို တိုနာလီ

နယူးကာဆယ် မှ တော့တင်ဟမ်ဟော့စပါး (ပေါင် သန်း ၁၀၀)

၂၀၂၆ ဇူလိုင်လမှာ ပရီးမီးယားလိဂ်ရဲ့ ပေါင် သန်း ၁၀၀ အဖွဲ့ဝင် ဖြစ်လာခဲ့သူ ကတော့ ဆန်ဒရို တိုနာလီ ပါပဲ။ နယူးကာဆယ် ကနေ ပေါင် သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီး စပါး အသင်းရဲ့ သမိုင်းမှာ စံချိန်တင် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ဩဂုတ်လမှာ ၁၀ လကြာ ကစားခွင့် ပိတ်ပင်မှု ကနေ ပြန်လာပြီးနောက် အီတလီ ကွင်းလယ်လူဟာ နယူးကာဆယ်ကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ခရာဘောင်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် စပါးလို ထိပ်သီး အသင်း တစ်သင်းက သန်း ၁၀၀ ပေးပြီး ရအောင် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

 

၈။ ဂျက် ဂရီးလစ်ရှ်

အက်စတွန်ဗီလာ မှ မန်ချက်စတာစီးတီး (ပေါင် သန်း ၁၀၀)

၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာ ကနေ ပေါင် သန်း ၁၀၀ နဲ့ မန်စီးတီးဆီ ရောက်ရှိလာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ မျှော်လင့်ထားသလောက် အမြင့်ဆုံး ခြေစွမ်းဆီ မရောက်ခဲ့ဘူး ဆိုရင်တောင် ပပ် ဂွါဒီယိုလာရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၂-၂၃ ရာသီ ဖလား ၃ လုံး စံချိန် (Treble) ရရှိခဲ့စဉ်က သူ့ရဲ့ ဘောလုံး ဆွဲထွက်နိုင်မှုနဲ့ တောင်ပံ ထိုးဖောက်နိုင်မှုတွေဟာ စီးတီး အတွက် အလွန် အသုံးဝင်ခဲ့တာပါ။

 

၇။ ဒီကလန် ရိုက်စ်

ဝက်စ်ဟမ်း မှ အာဆင်နယ် (ပေါင် ၁၀၅ သန်း)

ဝက်စ်ဟမ်း ကနေ ပေါင် ၁၀၅ သန်းနဲ့ ရောက်ရှိလာစဉ်က ရိုက်စ်ရဲ့ တန်ကြေး အပေါ် မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမယ့် နည်းပြ မီခဲလ် အာတေးတားရဲ့ လက်အောက် မှာတော့ သူဟာ ပြိုင်ဘက်ကင်း အောင်မြင်မှုတွေကို ယူဆောင်ပေးခဲ့ပါတယ်။ ခံစစ် ကွင်းလယ်လူ အဖြစ် စတင်ခဲ့ပေမယ့် Box-to-box ကွင်းလယ်လူ အဖြစ် ပြောင်းလဲ ကစားရင်း ၂၀၂၅-၂၆ ရာသီမှာ အာဆင်နယ်ရဲ့ ၂၂ နှစ်ကြာ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ အဓိက သော့ချက် ကစားသမား ဖြစ်ခဲ့ပါတယ်။

 

၆။ အန်ဇို ဖာနန်ဒက်စ်

ဘင်ဖီကာ မှ ချဲလ်ဆီး (ပေါင် ၁၀၆ သန်း)

၂၀၂၃ ဖေဖော်ဝါရီမှာ ဘင်ဖီကာ ကနေ ပေါင် ၁၀၆ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ဟာ နည်းပြ အပြောင်းအလဲ များပြားတဲ့ ချဲလ်ဆီး အသင်းရဲ့ မတည်ငြိမ်မှုတွေ ကြားမှာ ခြေစွမ်း အတက်အကျ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ အကောင်းဆုံး ပုံစံ ရရှိချိန်တွေ မှာတော့ ကွင်းလယ် လွှမ်းမိုးနိုင်မှုနဲ့ ဂိုးတွေ သွင်းယူပေးနိုင်တဲ့ ထိပ်တန်း ကွင်းလယ်လူ တစ်ယောက် ဖြစ်ကြောင်း မကြာခဏ သက်သေပြလေ့ ရှိပါတယ်။

 

၅။ မွိုက်ဆက်စ် ကိုင်စီဒို

ဘရိုက်တန် မှ ချဲလ်ဆီး (ပေါင် ၁၁၅ သန်း)

အန်ဇို ရောက်ပြီး ၆ လအကြာမှာပဲ ချဲလ်ဆီးဟာ ဘရိုက်တန် ခံစစ် ကွင်းလယ်လူ ကိုင်စီဒိုကို အပိုဆုကြေးတွေ အပါအဝင် စံချိန်တင် ပေါင် ၁၁၅ သန်းနဲ့ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ပထမရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယရာသီက စလို့ ဘရိုက်တန်မှာ ပြခဲ့တဲ့ တောက်ပတဲ့ ခံစစ် ကာကွယ်နိုင်စွမ်းနဲ့ ကွင်းလယ် ထိန်းချုပ်မှုတွေကို ပြန်လည် ရရှိလာပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ် ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် ပြန်လည် ရပ်တည်နေပြီ ဖြစ်ပါတယ်။

 

၄။ အဲလီယော့တ် အန်ဒါဆန်

နော့တင်ဟမ်ဖောရက်စ် မှ မန်ချက်စတာစီးတီး (ပေါင် ၁၁၆ သန်း)

၂၀၂၄ မှာ နယူးကာဆယ် ကနေ ဖောရက်စ်ဆီ ပေါင် ၃၅ သန်းနဲ့ ရောင်းချခြင်း ခံခဲ့ရတဲ့ အန်ဒါဆန်ဟာ ၂ နှစ် အကြာ မှာတော့ တန်ကြေး ၃ ဆမက မြင့်တက်သွားခဲ့ပြီး မန်စီးတီးက ကလပ် စံချိန်တင် ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ စိတ်ဝင်စားမှုကို ကျော်ဖြတ်ပြီး မန်စီးတီးက ခေါ်ယူနိုင်ခဲ့တာ ဖြစ်ကာ ခံစစ်ရော တိုက်စစ်ပါ နိုင်နင်းတဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ်လူ တစ်ဦးကို မန်စီးတီးတို့ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

 

၃။ ဖလော်ရီယန် ဗစ်ဇ်

လေဗာကူဆင် မှ လစ်ဗာပူးလ် (ပေါင် ၁၁၆ သန်း)

လေဗာကူဆင်မှာ တောက်ပခဲ့တဲ့ ဂျာမနီ တိုက်စစ် ကွင်းလယ်လူ ဗစ်ဇ်ကို လစ်ဗာပူးလ် အသင်းက မန်စီးတီး၊ ဘေယန်မြူးနစ် တို့ကို ကျော်ဖြတ်ပြီး ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အန်းဖီးလ်မှာ စတင် ရောက်ရှိချိန်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ရုန်းကန်ခဲ့ရပြီး ဂိုးရဖို့ ၄ လ နီးပါး ကြာမြင့်ခဲ့ပေမယ့် ၂၀၂၆ အစပိုင်း မှာတော့ ၁၅ ဂိုး ပါဝင် ပတ်သက်မှုနဲ့ အတူ သူ့ရဲ့ ပါရမီအစွမ်းကို စတင်ပြသလာနိုင်ခဲ့ပါပြီ။

 

၂။ မော်ဂန် ရော်ဂျာစ်

အက်စတွန်ဗီလာ မှ ချဲလ်ဆီး (ပေါင် ၁၁၇ သန်း)

အန်ဒါဆန် စံချိန်တင်ထားတာ ၃ ရက်သာ ကြာမြင့်ချိန်မှာပဲ သူ့ရဲ့ အင်္ဂလန် အသင်းဖော် မော်ဂန် ရော်ဂျာစ်က ပေါင် ၁၁၇ သန်းနဲ့ ချဲလ်ဆီးဆီ ပြောင်းရွှေ့ကာ စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ဗီလာမှာ နည်းပြ အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ၂ နှစ်ခွဲကြာ ခြေစွမ်းပြသခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေခဲ့တဲ့ ရော်ဂျာစ်ဟာ ချဲလ်ဆီးရဲ့ စံချိန်တင် ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

 

၁။ အလက်ဇန္တား အိဆက်ခ်

နယူးကာဆယ် မှ လစ်ဗာပူးလ် (ပေါင် ၁၂၅ သန်း)

အိဆက်ခ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ကြေးအကြီးဆုံး ကစားသမား ဖြစ်တာနဲ့ အမျှ လာမယ့် ရာသီတွေ မှာတော့ ဖိအားတွေကို ကျော်ဖြတ်ပြီး တန်ကြေးနဲ့ ညီတဲ့ စွမ်းဆောင်ရည်ကို သက်သေပြရတော့မှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်မှာ တန်ကြေးနဲ့ ညီမျှတဲ့ ခြေစွမ်းမပြနိုင်သေးတဲ့ အိဆက်ခ်

၂၀၂၅ နွေရာသီမှာ လစ်ဗာပူးလ် အသင်းဟာ ဗစ်ဇ် အတွက် သုံးစွဲခဲ့တဲ့ ပေါင် ၁၁၆ သန်း စံချိန်ကို ရိုက်ချိုးကာ နယူးကာဆယ် တိုက်စစ်မှူး အိဆက်ခ်ကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမြင့်မားဆုံး ဖြစ်တဲ့ ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ပြဿနာတွေကြောင့် လစ်ဗာပူးလ်မှာ စတင် ပွဲထွက်ချိန် ရုန်းကန်ခဲ့ရသလို ခြေထောက်ကျိုး ဒဏ်ရာကြောင့် ၄ လနီးပါး အနားယူခဲ့ရတာကြောင့် ပထမရာသီမှာ ခြေစွမ်းပြဖို့ ခက်ခဲခဲ့ပါတယ်။ အိဆက်ခ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ကြေးအကြီးဆုံး ကစားသမား ဖြစ်တာနဲ့ အမျှ လာမယ့် ရာသီတွေ မှာတော့ ဖိအားတွေကို ကျော်ဖြတ်ပြီး တန်ကြေးနဲ့ ညီတဲ့ စွမ်းဆောင်ရည်ကို သက်သေပြရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်