နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူစားဝင် ကစားသမား – မီခဲလ် မာရီနို

လစ်ဗာပူးလ် အသင်းရဲ့ နည်းပြသစ် အန်ဒိုနီ အီရာအိုလာ ကတော့ အသင်း အနေနဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အားတက်သရော လှုပ်ရှားသွားဖို့ ဆန္ဒရှိနေပါတယ်။

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီဆိုးကြီး အပြီးမှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ နည်းပြ အာနေး ဆလော့တ်ရဲ့ နေရာမှာ ဘုန်းမောက် နည်းပြဟောင်း အီရာအိုလာကို ပြီးခဲ့တဲ့လကတင် အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဆလော့တ် လက်ထက် ၂၀၂၄-၂၅ ရာသီက လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ဖလား ရရှိခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ နွေရာသီမှာတင် ကလပ်က ကစားသမားတွေကို ငွေပုံအောပြီး ခေါ်ယူ အားဖြည့်ခဲ့ပါသေးတယ်။ ထရန့်တ် အလက်ဇန္ဒား-အာနိုးလ် ထွက်ခွာသွားခဲ့ပေမယ့် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူနိုင်ခဲ့သလို၊ ဖလော်ရီယန် ဗစ်ဇ်၊ ဂျေရမီ ဖရင်မ်ပေါင်၊ ဟူဂို အစ်ကီတီကေးနဲ့ မီလော့စ် ကာကက်ဇ် စတဲ့ နာမည်ကြီး ကစားသမားတွေ ကိုလည်း ငွေအမြောက်အမြား သုံးစွဲပြီး ဖြည့်တင်းထားခဲ့တာပါ။

ဒါပေမယ့်လည်း အသင်းရဲ့ ဝါရင့် ကစားသမားကြီးတွေ ဖြစ်တဲ့ အန်ဒီ ရော်ဘတ်ဆန်၊ မိုဟာမက် ဆာလာတို့ အပြင် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးပါ ထွက်ခွာသွားခဲ့တာကြောင့် လစ်ဗာပူးလ် အသင်းဟာ အီရာအိုလာရဲ့ ပထမဦးဆုံးရာသီသစ် အတွက် အသင်းကို ပြန်လည် တည်ဆောက်ဖို့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တစ်ကျော့ပြန် အလုပ်ရှုပ်ဦးမှာ သေချာပါတယ်။

လက်ရှိ မှာတော့ ပြီးခဲ့တဲ့ ရာသီကတည်းက သဘောတူညီမှု ရရှိထားခဲ့တဲ့ ရန်းစ် အသင်းက နောက်ခံလူ ဂျေရမီ ဂျက်ကတ်ရဲ့ အပြောင်းအရွှေ့ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သလို၊ တောင်ပံ ကစားသမား ဗစ်တာ မူနော့ဇ် ကိုလည်း နယူးကာဆယ် လက်ထဲ ကနေ ကြားဖြတ် လုယူပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါတောင်မှ အီရာအိုလာ ကတော့ အသင်းကို ဒီထက် ပိုပြီး အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လို့ သတင်းထောက်တွေကို အခုလို ပြောသွားခဲ့ပါတယ်။

အီရာအိုလာဟာ အဆင့်နိမ့် အသင်း တစ်သင်း ဖြစ်တဲ့ ဘုန်းမောက်ကို ပရီးမီးယားလိဂ် တန်းဝင် အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ပေးခဲ့သူပါ။
လစ်ဗာပူးလ်ကို ရှိရင်းစွဲ ကစားသမားတွေနဲ့ အဓိကထား ပြင်ဆင်နေရတဲ့ အီရာအိုလာ

“ကျွန်တော်တို့ ကစားသမား နှစ်ယောက် ခေါ်ထားပြီးပြီ ဆိုပေမယ့် နောက်ထပ် ကစားသမားသစ်တွေ ထပ်လိုသေးတယ် ဆိုတာ အားလုံးသိပါတယ်။ ကလပ် ဘက်ကလည်း ဒါကို ကြိုးစား လုပ်ဆောင်နေပါတယ်။ ကျွန်တော်က နည်းပြ တစ်ယောက် အနေနဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ပြောရရင်တော့ ရာသီကြို လေ့ကျင့်ရေး ပထမဆုံးနေ့ကတည်းက ကစားသမားသစ်တွေ အားလုံး အသင့်ရှိနေစေချင်တာပေါ့။ ဒါပေမယ့် ဘောလုံးလောကရဲ့ သဘော သဘာဝက အဲဒီလို မလွယ်ကူဘူး ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ကစားသမားသစ်တွေ ရောက်လာဖို့ အစွမ်းကုန် ကြိုးစားနေသလို ကျွန်တော် ကိုယ်တိုင်လည်း တတ်နိုင်သမျှ ကူညီပေးနေပါတယ်။” လို့ အီရာအိုလာက ဆိုပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပရီးမီးယားလိဂ် ကလပ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာနဲ့ လိုက်ပ်ဇစ်က အန်တိုနီယို နူဆာ တို့ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ အီရာအိုလာဟာ ၂၀၀၄ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် အထိ လစ်ဗာပူးလ်ကို ကိုင်တွယ်ခဲ့တဲ့ ဘင်နီတက်ဇ် ပြီးရင် အသင်းရဲ့ ဒုတိယမြောက် စပိန်လူမျိုး နည်းပြ ဖြစ်လာခဲ့တာပါ။ အီရာအိုလာဟာ အဆင့်နိမ့် အသင်း တစ်သင်း ဖြစ်တဲ့ ဘုန်းမောက်ကို ပရီးမီးယားလိဂ် တန်းဝင် အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ပေးခဲ့သူပါ။ သူဟာ ဘုန်းမောက်ကို ၃ ရာသီကြာ အောင်မြင်စွာ ကိုင်တွယ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်