နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပက်ပ် သီယောကို ရာထူး ကနေ ထုတ်ပယ်လိုက်တဲ့ ဆီနီဂေါ | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရှုံးထွက်အဆင့် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဆီနီဂေါ အသင်း ကတော့ အပြောင်းအလဲ အသစ် တစ်ခု လုပ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပြီး နည်းပြ ပက်ပ် သီယောကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

မြောက်အမေရိက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆီနီဂေါ အဖွဲ့ချုပ်ဟာ နည်းပြ သီယောကို တာဝန်ကနေ ရပ်စဲလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပြီး နည်းပြသစ် တစ်ဦးကို အသည်းအသန် ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ခန့်အပ်ခံခဲ့ရတဲ့ သီယောဟာ အသင်းကို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ၃၂ သင်း အဆင့်မှာ ဘယ်လ်ဂျီယံ အသင်းကို အသည်းယားစရာ ပုံစံနဲ့ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာပါ။

ဆီနီဂေါ အသင်းဟာ အုပ်စုတွင်း ပွဲစဉ်တွေမှာ အီရတ် တစ်သင်းတည်း ကိုပဲ အနိုင်ရခဲ့ပြီး အကောင်းဆုံး အုပ်စု တတိယရ အသင်း အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို ကပ်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ၅၁ မိနစ်အထိ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့လို့ အားလုံးက ဆီနီဂေါတို့ ၁၆ သင်း အဆင့်ကို နှစ်ကြိမ်ဆက် တက်လှမ်းနိုင်တော့မယ်လို့ ထင်ခဲ့ကြတာပါ။

ဒါပေမယ့် ပွဲပြီးခါနီး ၈၅ မိနစ် အထိ ၂ ဂိုးပြတ် ရှုံးနေတဲ့ ဘယ်လ်ဂျီယံ အသင်းဟာ မိနစ်ပိုင်း အတွင်းမှာတင် ယူရီ တေးလီမန့်စ်နဲ့ ရိုမဲလူ လူကာကူ တို့ရဲ့ သွင်းဂိုးတွေကြောင့် အချိန်ပိုအထိ ဆွဲဆန့်နိုင်ခဲ့ပါတယ်။ အချိန်ပို ၁၂၅ မိနစ် မှာတော့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် လူကာကူကပဲ ပင်နယ်တီ ကနေ အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ဆီနီဂေါတို့ ရင်နာစရာ ကမ္ဘာ့ဖလား ကနေ ထွက်ခွာခဲ့ရတာပါ။ ကမ္ဘာ့ဖလား သမိုင်းမှာ မိနစ် ၈၅ မိနစ် အထိ ၂ ဂိုးနဲ့အထက် အရေးနိမ့်နေပြီးမှ ပုံမှန်အချိန်အတွင်း အရှုံးမရှိအောင် ကစားနိုင်ခဲ့တာဟာ ဘယ်လ်ဂျီယံ အသင်း အတွက် ပထမဆုံး စံချိန်ဖြစ်ခဲ့ပြီး၊ ဒီရလဒ် ကပဲ နည်းပြ သီယောရဲ့ ရာထူးကို အဆုံးသတ်စေခဲ့ပါတယ်။

သီယောဟာ ဆီနီဂေါ အသင်းကို ၂၅ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၅ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး အစပိုင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့လို့ အလားအလာ ကောင်းခဲ့သူပါ။ ဒါ့အပြင် အာဖရိကဖလား ပြိုင်ပွဲ မှာလည်း ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဗိုလ်လုပွဲမှာ မော်ရိုကို အသင်းကို ပွဲပြီးခါနီး ပင်နယ်တီ ပေးလိုက်လို့ ဆီနီဂေါ ကစားသမားတွေ ကွင်းထဲကနေ အလိုမကျဘဲ လမ်းလျှောက်ထွက်ခဲ့ကြတဲ့ အဖြစ်အပျက်ကြောင့် ဒီပွဲဟာ အငြင်းပွားစရာတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

အဲဒီပွဲမှာ ဆီနီဂေါက ၁-၀ နဲ့ နိုင်ခဲ့ပေမယ့် အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF) က ရလဒ်ကို ပြောင်းလဲလိုက်ပြီး မော်ရိုကို အသင်း ကိုသာ ဒုတိယအကြိမ်မြောက် အာဖရိကဖလား ချန်ပီယံ အဖြစ် တရားဝင် ကြေညာခဲ့ပါတယ်။ ဒီပြဿနာကြောင့် နည်းပြ သီအောဟာ လာမယ့် စက်တင်ဘာလမှာ စတင်မယ့် ၂၀၂၇ အာဖရိကဖလား ခြေစစ်ပွဲစဉ်တွေမှာ ၅ ပွဲ ပွဲပယ် ပြစ်ဒဏ် ခံယူဖို့ ရှိနေခဲ့တာပါ။

ဆီနီဂေါ အဖွဲ့ချုပ် ကတော့ အခုလို ကမ္ဘာ့ဖလားမှာ ရလဒ် ဆိုးရွားခဲ့တာကြောင့် အပြောင်းအလဲ တစ်ခု လုပ်ဖို့ မဖြစ်မနေ လိုအပ်လာတာလို့ ဆိုပါတယ်။ လက်ရှိ သတင်းတွေအရ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့မှာ မွေးဖွားခဲ့တဲ့ အာဆင်နယ် ဂန္ထဝင် ပက်ထရစ် ဗီအဲရာဟာ သီအောရဲ့ နေရာကို အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်