နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်ကို စိတ်ဝင်စားနေကြောင်း ဂျူဗင်တပ်စ် အတည်ပြု | စီးရီးအေ

စီးရီးအေ ထိပ်သီး ဂျုဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာ ဂျိုဗန်နီ ကာနီဗာလီက အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့နဲ့ သတင်းထွက်နေတဲ့ တခြား ကစားသမား ၃ ဦးရဲ့ အပြောင်းအရွှေ့ ကတော့ ဖြစ်လာဖို့ ခဲယဉ်းတယ်လို့လည်း စီးရီးအေ ကလပ်ရဲ့ အားကစားဒါရိုက်တာက ဆိုခဲ့ပါသေးတယ်။

 

ဗီလာရဲ့ ကယ်တင်ရှင် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေဆဲ

အာဂျင်တီးနား အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အသက် ၃၃ နှစ် အရွယ် ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ မစခင်ကတည်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ဗီလာ ကနေ ထွက်ခွာဖို့ ရှိခဲ့တာပါ။ ဒါပေမယ့် သူဟာ အသင်းမှာပဲ ဆက်ရှိနေခဲ့ပြီး ဗီလာ အသင်း ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင်နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ ရရှိအောင် လက်စွမ်းပြ ကူညီပေးခဲ့ပါတယ်။

သူဟာ ၂၀၂၀ ပြည့်နှစ်က အာဆင်နယ် ကနေ ဗီလာကို ပြောင်းရွှေ့လာပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ ၆၀ အထိ ရရှိထားပြီး အီဒါဆင်၊ အလစ်ဆန်၊ ဒါးဗစ် ရာယာနဲ့ ပစ်ခ်ဖို့ဒ်တို့ ပြီးရင် ပဉ္စမမြောက် အများဆုံး ဂိုးသမား ဖြစ်နေပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၀-၂၁ ရာသီက စလို့ ပရီးမီးယားလိဂ်မှာ ကာကွယ်မှု ၆၂၅ ကြိမ် အထိ ပြုလုပ်ထားပြီး ပစ်ဖို့ဒ် ပြီးရင် ဒုတိယ အများဆုံး စံချိန်ကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ဂိုးသမား တစ်ယောက်ပါ။

 

တခြား ပစ်မှတ်တွေနဲ့ ဂျုဗင်တပ်စ်ရဲ့ ဘဏ္ဍာရေး အခြေအနေ

တစ်ချိန်တည်းမှာပဲ သူတို့နဲ့ သတင်းထွက်နေတဲ့ တခြား ကစားသမား ၃ ဦးရဲ့ အပြောင်းအရွှေ့ ကတော့ ဖြစ်လာဖို့ ခဲယဉ်းတယ်လို့လည်း စီးရီးအေ ကလပ်ရဲ့ အားကစားဒါရိုက်တာက ဆိုခဲ့ပါသေးတယ်။
တခြားသော ကစားသမား ၃ ဦးကို ခေါ်ယူဖို့ ခက်ခဲနေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ်ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆေး၊ အေစီမီလန် နောက်ခံလူဟောင်း သီအို ဟာနန်ဒက်ဇ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဘရာဟင်မ် ဒီးယက်ဇ် တို့နဲ့လည်း သတင်းထွက်နေတာပါ။ ဒါပေမယ့် အားကစား ဒါရိုက်တာ ကာနီဗာလီက မာတီးနက်ဇ်ကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ လုပ်နေစဉ် အတွင်း အဆိုပါ ကစားသမား ၃ ယောက်လုံးကို ခေါ်ယူဖို့ ဘဏ္ဍာရေး အင်အား မရှိကြောင်း အခုလို ရှင်းလင်းသွားခဲ့ပါတယ်။

“ဒီသတင်းတွေက အမှန်တရား မဟုတ်ပါဘူး။ သူတို့က တကယ့် အရေးပါတဲ့ ကစားသမားတွေ ဖြစ်ပေမယ့် သူတို့ရဲ့ ကုန်ကျစရိတ်နဲ့ တန်ဖိုးတွေကို တွက်ချက်ကြည့်မယ် ဆိုရင် လက်ရှိ အသင်းကို ပြန်လည် တည်ဆောက်နေတဲ့ ကျွန်တော် တို့ရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘက်က ညှိနှိုင်းမှုတွေ အများကြီး လုပ်နေပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်က နေ့တိုင်း ပြောင်းလဲနေတာမို့ လောလောဆယ် စိတ်အေးအေးထားပြီး စဉ်းစားဖို့ အချိန်ယူရပါမယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “လက်ရှိ ကမ္ဘာ့ဖလားမှာ ကစားနေတဲ့ ဒီဘူ မာတီနက်ဇ် ကိုပဲ ကြည့်ပါ။ ပြိုင်ပွဲ ပြီးဆုံးတဲ့ အထိ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ အခြေအနေတွေက အများကြီး ရှိနေတာမို့ ဂျုဗင်တပ်စ်လို ကလပ်မျိုး ကတော့ လမ်းကြောင်းစုံ ကနေ အမြဲတမ်း မျက်စိဖွင့် နားစွင့်ထားပြီး ဘာဖြစ်လာမလဲ ဆိုတာကို သတိထား စောင့်ကြည့်သွားရမှာပါ။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

မာတီနက်ဇ်ရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း ကတော့ လက်ရှိ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပြီး ဒီကနေ့ ညမှာတော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ အုပ်စု အဆင့်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ရှုံးထွက်အဆင့်တွေ မှာတော့ ကိပ်ဗာဒီ၊ အီဂျစ် တို့နဲ့ တွေ့ဆုံချိန်မှာတောင် ရုန်းကန်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့ အီဂျစ်နဲ့ ပွဲစဉ်မှာလည်း အာဂျင်တီးနားက အငြင်းပွားဖွယ် ရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်