အင်္ဂလန် အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ပနားမားနဲ့ ပွဲမှာ သူ့ရဲ့ ကမ္ဘာ့ဖလား ၁၁ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ကိန်းဟာ အင်္ဂလန် အသင်း သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံး သွင်းတဲ့ ကစားသမား အဖြစ် စံချိန်သစ်တင်လိုက်ရုံတင်မကဘဲ အသင်း ကိုလည်း အုပ်စု (L) ရဲ့ ပထမနေရာ ရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အင်္ဂလန် အသင်းက ပနားမားကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဟယ်ရီကိန်းရဲ့ စံချိန်တင် ခေါင်းတိုက်ဂိုး အပြင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ် ကလည်း ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးကာ ခြေစွမ်းပြခဲ့ပါတယ်။ အင်္ဂလန်ဟာ ပွဲမစခင်ကတည်းက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာထားခဲ့ပြီးသား ဖြစ်ပြီး အခု အုပ်စု ပထမရရှိခဲ့တာကြောင့် နောက်တစ်ဆင့်မှာ အကောင်းဆုံး တတိယရ အသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်လာတဲ့ အခြေအနေအရ အင်္ဂလန်က ဒီအာ ကွန်ဂိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစပြီး ၁၀ စက္ကန့်မှာတင် ပနားမား ဘက်က အဝေးကန်ချက်နဲ့ အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို ခြိမ်းခြောက်ခဲ့သလို၊ အင်္ဂလန် ဘက်ကလည်း မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဘူကာယို ဆာကာနဲ့ ဘယ်လင်ဟမ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ပနားမားရဲ့ ခံစစ်ကို ပထမပိုင်းမှာ မဖောက်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ပနားမား တိုက်စစ်မှူး ဟိုဆေး လူဝီ ရိုဒရီဂွက်ဇ်က အင်္ဂလန်ရဲ့ ညာနောက်ခံလူ နေရာမှာ ဝင်ကစားနေတဲ့ ဂျာရယ် ကွမ်ဆာကို ကျော်ဖြတ်ပြီး အောက်ခြေထောင့်ထဲ ကန်သွင်းခဲ့ပေမယ့် ပစ်ဖို့ဒ်ကပဲ အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန်တို့ သက်သာရာရခဲ့တာပါ။

ပထမပိုင်းမှာ ပနားမားခံစစ်ကြောင့် အကြိတ်အနယ် ဖြစ်ခဲ့ရပေမဲ့ ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ ဆာကာ ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘော ကနေ တစ်ဆင့် ဂျုဒ် ဘယ်လင်ဂမ်က သူ့ကို လူကပ်ကစားနေတဲ့ နောက်ခံလူရှေ့ကနေ ဖြတ်ပိတ်ပြီး ဂိုးအောက်ခြေထောင့်ထဲကို ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက် ၅ မိနစ်အကြာ ပွဲချိန် ၆၇ မိနစ်မှာတော့ ဘယ်လင်ဟမ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟယ်ရီကိန်းက အမြင့်ဆုံးခုန်ပြီး အားပါ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ အင်္ဂလန် အတွက် ဒုတိယမြောက် စံချိန်တင် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၁ မှာ ပနားမား အသင်း ကမ္ဘာ့ဖလားမှာ သူတို့ရဲ့ ပထမဆုံးဂိုး ရပြီလို့ ထင်မှတ်ခဲ့ရပေမယ့် တိုက်စစ်မှူး ဟိုဆေး ဖာဂျာဒို လူကျွံနေခဲ့တာကြောင့် VAR ပြန်ကြည့် အပြီးမှာ ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။
ဟယ်ရီကိန်းရဲ့ တစ်ကိုယ်တော် စံချိန်သစ်နဲ့ ဘယ်လင်ဟမ်ရဲ့ မှတ်တမ်း
ပွဲမစခင်ကတည်းက အင်္ဂလန် ဂန္ထဝင် ဂယ်ရီ လိုင်နီကာနဲ့ ကမ္ဘာ့ဖလား သွင်းဂိုး တူညီနေတဲ့ ဟယ်ရီကိန်းဟာ ပထမပိုင်းမှာ တစ်ကြိမ်မှ ဂိုးကန်သွင်းခွင့် မရခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါဟာ ၂၀၂၂ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် (အီရန်ပွဲ) နောက်ပိုင်း ဟယ်ရီကိန်း အတွက် ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခုရဲ့ ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ သူဟာ အခွင့်အရေးကို အမိအရအသုံးချပြီး ကမ္ဘာ့ဖလား ၁၁ ဂိုးနဲ့ အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပနားမား အသင်း တစ်သင်းတည်းကိုတင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာမို့ ဒါဟာလည်း အင်္ဂလန် ကစားသမား တစ်ဦးက ပြိုင်ဘက် တစ်သင်းတည်း အပေါ် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်း အတွက် အဓိက ခြေစွမ်းပြခဲ့တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် (အသက် ၂၂ နှစ်နဲ့ ၃၆၃ ရက်) ဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခုတည်းမှာ ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အင်္ဂလန် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အင်္ဂလန် အသင်းရဲ့ ကစားဟန်က သိသိသာသာ တိုးတက်လာခဲ့ပြီး ပွဲအပြီး မှာတော့ အင်္ဂလန်ဟာ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်ကနေ မျှော်မှန်းဂိုး (xG) ၁.၄၉ ရှိခဲ့ပါတယ်။ ပနားမား အသင်း ကတော့ အင်္ဂလန်ကို မကြောက်မရွံ့ တုံ့ပြန် ကစားခဲ့ပြီး ကန်သွင်းခွင့် ၁၃ ကြိမ် အထိ ရရှိခဲ့ကာ မျှော်မှန်းဂိုး (xG) ၀.၅၈ ရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ တစ်ဂိုးမှ မသွင်းနိုင်ဘဲ လှည့်ပြန်ခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


