ပြင်သစ် – ဆီနီဂေါ
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်း ဖြစ်တဲ့ ပြင်သစ် ကတော့ အုပ်စု (I) အဖွင့်ပွဲစဉ် အဖြစ် ဆီနီဂေါနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အာဖရိက ချန်ပီယံဟောင်း ဆီနီဂေါ အသင်းဟာ လက်ရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြင်သစ်ကို ၁-၀ ရလဒ်နဲ့ မမျှော်လင့်ဘဲ အနိုင်ယူပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ အမြန်ဆုံး ထွက်ခွာသွားအောင် လုပ်ဆောင်ခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းကောင်း တစ်ခု ရှိခဲ့ပါတယ်။
ပြင်သစ်
ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်ခြေ ခန့်မှန်းချက်တွေ အရ စပိန်အသင်းပြီးရင် ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပြင်သစ် အသင်းဟာ ၂၀၂၂ ခုနှစ်တုန်းက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြီး၊ အသင်းကို အောင်မြင်မှုတွေ များစွာ ယူဆောင်ပေးခဲ့တဲ့ နည်းပြ ဖြစ်သူ ဒီဒီယာ ဒက်စ်ရွှမ့်စ်ကို ဒီနွေရာသီမှာ အမြင့်မားဆုံး ဂုဏ်ပြုမှုတွေနဲ့ အတူ နှုတ်ဆက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းမှာ ကစားသမားဘဝရော နည်းပြဘဝပါ ချန်ပီယံဆုကို ပိုင်ဆိုင်ဖူးတဲ့ တစ်ဦးတည်းသော သက်ရှိထင်ရှား ဂန္ထဝင် ဖြစ်သူ ဒက်စ်ရွှမ့်စ်ဟာ အခု ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာတော့ သူ့ရဲ့ နည်းပြ ရာထူးကို ဇနက်ဒင် ဇီဒန်းဆီ လွှဲပြောင်းပေးအပ်တော့မှာပါ။ ဒါ့အပြင် သူဟာ ယခုပြိုင်ပွဲ အတွင်း ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နိုင်ပွဲ အများဆုံး နည်းပြ အဖြစ် စံချိန်သစ်တင်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ဒက်စ်ရွှမ့်စ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အသင်းကို ၁၄ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ အခု အုပ်စု အဆင့်မှာ ၃ ပွဲစလုံး အနိုင်ရခဲ့မယ်ဆိုရင်တော့ လက်ရှိ ၁၆ ပွဲနိုင် စံချိန်တင်ထားတဲ့ နည်းပြ ဟဲလ်မုတ် ရှမန်ရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြောသလောက်တော့ လွယ်ကူလှတာ မဟုတ်ပါဘူး။ သေချာတာ ကတော့ အာလင်း ဟာလန်း ဦးဆောင်တဲ့ နော်ဝေအသင်းဟာလည်း ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ခရီးစဉ် အတွက် ပြင်းထန်တဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာဦးမှာပါ။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အသင်းဟာ ခြေစစ်ပွဲစဉ် တစ်လျှောက်လုံးမှာ ၂ မှတ်သာ ဆုံးရှုံးခဲ့ရပြီး ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ဆီ ၈ ကြိမ် ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၇ ကြိမ်ထဲက ၄ ကြိမ်မှာ ပြင်သစ်တို့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အိုင်ဗရီကို့စ် အသင်းကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ် တို့ရဲ့ ကမ္ဘာ့ဖလား ရေပန်းစားမှုအပေါ် သံသယအချို့ ရှိခဲ့ပေမဲ့၊ ၄ ရက်အကြာ မှာတော့ မိုက်ကယ် အိုလီဆေးရဲ့ စွမ်းဆောင်ရည်နဲ့အတူ မြောက်အိုင်ယာလန်ကို ၃-၁ ရလဒ်နဲ့ ပြန်လည် အနိုင်ယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါဟာ ပြင်သစ် အသင်း အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၉ ပွဲအထိ အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
ဆီနီဂေါ
တစ်ဖက် မှာလည်း ဆီနီဂေါဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် တစ်လျှောက်လုံး ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါ အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဆင့်က ထွက်ခဲ့ရပြီး၊ ၂၀၂၂ မှာတော့ ၁၆ သင်း အဆင့်အထိ ရောက်ရှိခဲ့ကာ အခုဆိုရင် ၃ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ဆီနီဂေါ အသင်းဟာ အဆိုပါ ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ခုကြား ဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာ အာဖရိကဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မော်ရိုကို အသင်း ဘက်က အသာစီးရရှိခဲ့တဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ရဲ့ ဆုံးဖြတ်ချက်ကို အားကစားခုံရုံး (CAS) ကနေ ပြန်လည် ပြင်ဆင်ပေးမယ် ဆိုရင်တော့ ဆီနီဂေါ အသင်းဟာ ၂၀၂၅ အာဖရိကဖလား ပြိုင်ပွဲမှာလည်း သူတို့ကိုယ်သူတို့ အာဖရိကတိုက်ရဲ့ ဘုရင်အဖြစ် ဆက်လက် သတ်မှတ်နိုင်ဦးမှာ ဖြစ်ပါတယ်။
အာဖရိကဖလား ဗိုလ်လုပွဲမှာ မော်ရိုကိုကို အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း နည်းပြ ပတ်ပေး သီယာရန်ရဲ့ အသင်းဟာ ခြေစမ်းပွဲတွေမှာ ပီရူးနဲ့ ဂမ်ဘီယာ အသင်းတွေကို အနိုင်ရရှိခဲ့ပေမယ့်၊ နောက်ဆုံး ပြင်ဆင်မှု ပွဲစဉ်တွေ မှာတော့ ရလဒ်ပိုင်း အနည်းငယ် အားနည်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင် အမေရိကန် အသင်းကို ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို၊ ဆော်ဒီအာရေဗျ အသင်းနဲ့လည်း ၀-၀ ရလဒ်နဲ့ သရေကျထားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီနဲ့ပွဲ ရလဒ်ဟာ ဆီနီဂေါအသင်းရဲ့ ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ရပ်တန့်စေခဲ့ပေမယ့်၊ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၅ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခံစစ် မှတ်တမ်း ကိုတော့ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နည်းပြ ဖြစ်သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ် အသင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး အမှတ်တရတွေ ရှိခဲ့ဖူးသူပါ။ တကယ်တမ်း ပြောရရင် နည်းပြ သီယာရန်ဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က ဆိုးလ်မြို့မှာ ပြင်သစ် အသင်းကို အနိုင်ယူခဲ့တဲ့ ဆီနီဂေါ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ပြင်သစ် – မိုက်ဂ်နွန်၊ ကွန်ဒေး၊ ဆလီဘာ၊ အူပါမီကာနို၊ သီယို၊ ချူအာမန်နီ၊ ရာဘီယော့တ်၊ အိုလီဆေး၊ ဒူယေး၊ ကီလီယန် အမ်ဘာပေး၊ ဒမ်ဘီလီ
ဆီနီဂေါ – မန်ဒီ၊ ဒီယက်တာ၊ ကူလီဘလီ၊ နီယာခိတ်၊ ဒီယော့ဖ်၊ ကာမာရာ၊ ဂူရီ၊ ဆား၊ ဒီယာရာ၊ မာနေး၊ ဂျက်ဆန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ပြင်သစ် နိုင်ရင် ၁.၄၆ ဆ၊ ဆီနီဂေါ နိုင်ရင် ၇.၀၀ ဆ၊ သရေ ဆိုရင်တော့ ၄.၂၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ပြင်သစ် ဘက်ကပဲ ကြေးဖွင့်ထားပါတယ်။ အတိတ်က မှတ်တမ်းကို မေ့လိုက်လို့ ရတဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်မျိုး ပြင်သစ်မှာ ရှိနေတယ် ဆိုတာ ငြင်းဆန်လို့ မရပါဘူး။ ဆီနီဂေါက အဆိပ်ရှိတဲ့ အသင်း ဖြစ်ပေမယ့် တေ့တေ့ဆိုင်ဆိုင် ဆိုရင်တော့ talented ကစားသမား များစွာ ပါဝင်နေတဲ့ ပြင်သစ်တွေကို အသာရဖို့ မဖြစ်နိုင်ပါဘူး။ ပြင်သစ် ဂိုးပြတ်နိုင်ပွဲနဲ့ စဖွင့်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ပြင်သစ် ၃-၁ ဆီနီဂေါ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


