နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အကြိတ်အနယ်ရှိပြီး စိတ်ဝင်စားစရာ ကောင်းနေဦးမယ့် လိမ္မော်ရောင်တွေနဲ့ အပြာရောင် ဆာမူရိုင်းတွေရဲ့ တိုက်ပွဲ | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

နယ်သာလန် – ဂျပန် 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စု (F) အဖွင့် ပွဲစဉ် အဖြစ် နယ်သာလန်နဲ့ ဂျပန် တို့ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဒါးလတ်စ်မြို့မှာ စတင်ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဆွီဒင်၊ တူနီးရှား တို့နဲ့ အတူ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ဒီနှစ်သင်းစလုံးဟာ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်ရမယ့် အုပ်စု ပထမနဲ့ ဒုတိယနေရာတွေကို အပြိုင်အဆိုင် မျှော်မှန်းနေကြတာလည်း ဖြစ်ပါတယ်။

 

နယ်သာလန်

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သလို၊ မကြာသေးမီက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ် ပြိုင်ပွဲတွေ မှာလည်း ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိခဲ့တဲ့ နယ်သာလန် အသင်းဟာ အခုတစ်ကြိမ် မှာတော့ ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်နဲ့ အတူ ဆယ်စုနှစ်များစွာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အရယူဖို့ ဦးတည်နေပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် (၁၂) ကြိမ်မြောက် ပါဝင်ခွင့်ရထားတဲ့ နယ်သာလန် အသင်းဟာ ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရလို့ ချန်ပီယံဆု တစ်ကြိမ်မှ မရဖူးသေးဘဲ ဒုတိယ အများဆုံး ရထားတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်နေပါတယ်။

လက်ရှိ မှာတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့က သူတို့ရဲ့ ပထမဆုံး အလုပ် ဖြစ်ပြီး သမိုင်းကြောင်းအရ ကြည့်ရင်လည်း နယ်သာလန် တို့ဟာ အုပ်စု (F) ကနေ အေးအေးဆေးဆေး တက်လှမ်းနိုင်ဖို့ အခွင့်အရေး များနေပါတယ်။ အကြောင်း ကတော့ သူတို့ဟာ ၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် (၁၆) ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားလို့ပါပဲ။

ထူးခြားတာက အဲဒီ ၁၉၉၄ ခုနှစ် အမေရိကန်မြေက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အသင်းကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ခဲ့တဲ့ ရော်နယ် ကိုးမန်းဟာ အခု ၂၀၂၆ ခုနှစ် မြောက်အမေရိက ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ နည်းပြချုပ် အဖြစ် အသင်းကို ပြန်လည် ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်သာလန် တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ခရီးစဉ်ဟာ သိပ်တော့ အားရစရာမရှိဘဲ ပိုလန် အသင်းကို ကပ်ပြီး ကျော်ဖြတ်ခဲ့ရသလို၊ မကြာသေးခင်က ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာလည်း အဲလ်ဂျီးရီးယား အသင်းကို ရှုံးနိမ့်ခဲ့လို့ (၁၀) ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်း ပျက်ပြယ်သွားခဲ့ပါတယ်။

အဲဒီနောက် နယူးယောက်မြို့မှာ ဥဇဘက်ကစ္စတန် အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ရာ မှာလည်း ကိုဒီ ဂက်ခ်ပိုရဲ့ ပင်နယ်တီ (၂) ဂိုးကြောင့်သာ ကပ်နိုင်ခဲ့တာမို့ နည်းပြ ကိုးမန်း အနေနဲ့ တနင်္ဂနွေနေ့ ပွဲစဉ် မှာတော့ ဒါထက်ပိုပြီး အချိတ်အဆက်မိမိနဲ့ ကောင်းမွန်တဲ့ ကစားကွက်ကို မြင်တွေ့ချင်နေမှာ အသေအချာပါပဲ။

 

ဂျပန်

အာရှတိုက်ရဲ့ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျပန် အသင်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၈) ကြိမ် ဆက်တိုက် ပါဝင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ဂျပန်ဟာ ၂၀၀၂ ခုနှစ် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့စဉ်က အပါအဝင် အခုထက်ထိ ၁၆ သင်း အဆင့်ထက် ပိုပြီး မကျော်ဖြတ်နိုင်သေးပါဘူး။ လက်ရှိ ကမ္ဘာ့ အဆင့် (၁၈) ရှိပြီး သူတို့ရဲ့ ပြိုင်ဘက် နယ်သာလန် အသင်းနဲ့ ၁၀ ဆင့်သာ ကွာဟတဲ့ ဟာဂျီမဲ မိုရီယာစုရဲ့ အပြာရောင် ဆာမူရိုင်း တို့ဟာ ခြေစမ်းပွဲ (၆) ပွဲဆက်တိုက် အနိုင်ရထားတဲ့ အကောင်းဆုံး အရှိန်အဟုန်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အဲဒီခြေစမ်းပွဲတွေထဲမှာ ဘရာဇီးလ်နဲ့ အင်္ဂလန်လို အသင်းကြီးတွေ ကိုပါ အနိုင်ယူခဲ့တာ ဖြစ်လို့ သူတို့ရဲ့ ယုံကြည်မှုက အမြင့်ဆုံးကို ရောက်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲတွေ မှာလည်း သွင်းဂိုး (၅၄) ဂိုးအထိ သွင်းယူကာ အများဆုံး သွင်းဂိုးရှင် အဖြစ် စံချိန်တင်ခဲ့သလို၊ အိမ်ရှင် (၃) နိုင်ငံ ပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ပထမဆုံး တက်ရောက်ခွင့်ရတဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်။

ခြေစစ်ပွဲတစ်လျှောက် (၃) ဂိုးသာ ပေးခဲ့ရတဲ့ အချက်က ဂျပန် အသင်းရဲ့ ခံစစ်ပိုင်း စနစ်တကျရှိမှုနဲ့ စုစည်းမှုကို ဖော်ပြနေပြီး ဒီနွေရာသီမှာ ပြိုင်ပွဲတစ်လျှောက် အဝေးကြီးအထိ တက်လှမ်းနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား တုန်းကလည်း ဂျပန် အသင်းဟာ အုပ်စုအဆင့်မှာ ဥရောပအင်အားကြီး ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူပြီး အစွမ်းပြခဲ့ဖူးသလို၊ ခရိုအေးရှားနဲ့ ပွဲမှာ သရေကျပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ကံဆိုးစွာနဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အာရှတိုက်ရဲ့ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျပန် အသင်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၈) ကြိမ် ဆက်တိုက် ပါဝင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ မထင်မှတ်တာတွေ ပြသသွားမလား စောင့်ကြည့်ရမယ့် ဂျပန်

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ဖို့ ရှိပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နယ်သာလန် – ဗာဘရက်ဂျန်၊ ဒမ်းဖရီးစ်၊ ဗန် ဟက်ကီ၊ ဗန်ဒိုက်ခ်၊ ဗန်ဒီဗန်၊ ဒီယောင်၊ ဂရာဗန်ဘက်ချ်၊ ဆမ်းမားဗီးလ်၊ ရိုင်းဒါးစ်၊ ဂက်ခ်ပို၊ ဒီပိုင်း

ဂျပန် – ဆူဇူကီး၊ တန်နီဂူချီ၊ ဝါတာနာဘေး၊ အီတို၊ ဒိုအန်၊ ကာမာဒါ၊ တာနာကာ၊ နာကာမူရာ၊ ဂျေ အီတို၊ ကူဘို၊ ယူအီဒါ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

အခုဆိုရင် သူတို့ဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် နယ်သာလန် အသင်းနဲ့ ဒုတိယအကြိမ်မြောက် ဆုံတွေ့တာ ဖြစ်ပြီး ၂၀၁၀ ခုနှစ် ပထမအကြိမ် ဆုံတွေ့တုန်းကတော့ နယ်သာလန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယ်သာလန် နိုင်ရင် ၂.၀၂ ဆ၊ ဂျပန် နိုင်ရင် ၃.၆၅ ဆ၊ သရေ ဆိုရင်တော့ ၃.၄၁ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း နယ်သာလန် ဘက်က ခပ်ပါးပါး အကြောပေးထားပါတယ်။ ယနေ့အထိ ဂျပန် အသင်းဟာ နယ်သာလန် အသင်းကို တစ်ကြိမ်မှ မနိုင်ဖူးသေးပါဘူး။ နယ်သာလန် အသင်းဟာလည်း ၁၉၃၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အခုပွဲစဉ်ဟာ ဂျပန် အသင်း အတွက်တော့ သမိုင်းဆိုးကို ချေဖျက်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ နယ်သာလန် အသင်းက ပိုပြီး အလေးသာနေနိုင်ပေမဲ့ အပြာရောင် ဆာမူရိုင်းတွေက လျင်မြန် ဖြတ်လတ်ပြီး အချိတ်အဆက်မိမိနဲ့ တိုက်စစ်ဆင်တတ်တဲ့ အသင်းဖြစ်တာကြောင့် အနည်းဆုံး သရေ တစ်မှတ်တော့ အပိုင်ရယူသွားနိုင်ခြေ ရှိနေတယ်လို့ မြင်ပါတယ်။ ဂိုးပေါ်လည်း သဘောကျနေမိပါတယ်။

ခန့်မှန်းရလဒ်

နယ်သာလန် ၂-၂ ဂျပန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်