နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ်ရဲ့ အဲလ်ဗာရက်ဇ် အတွက် ယူရို သန်း ၁၅၀ ကမ်းလှမ်းမှုကို အက်တလက်တီကိုမက်ဒရစ် ပယ်ချ | လာလီဂါ

အာဂျင်တီးနား ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းဟာ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပေမယ့်၊ လက်ရှိ မှာတော့ ရီးရဲလ်မက်ဒရစ်က ကနဦး ကမ်းလှမ်းမှုကို စတင်ပြုလုပ်ခဲ့ပြီး ပယ်ချခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့မှုကို အက်တလက်တီကိုမက်ဒရစ် ဘက်က ပယ်ချခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တပတ်က ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က သူတို့ အသင်း အနေနဲ့ ‘ဂလက်တီကို’အဆင့် ရှိတဲ့ ကြယ်ပွင့် ကစားသမား တစ်ဦး အတွက် ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး၊ ထိုစဉ်က လူအများစုက ဘေယန်မြူးနစ်ရဲ့ မိုက်ကယ် အိုလီဆေးကို ဆိုလိုတာလို့ ထင်ကြေးပေးခဲ့ကြတာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ဟာ ဒီနွေရာသီမှာ မက်ဒရစ်ရဲ့ အဲလ်ကလက်ဆီကို ပြိုင်ဘက် ဘာစီလိုနာ အသင်းနဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေသလို၊ အာဆင်နယ် အသင်း ကလည်း စိတ်ဝင်စားနေကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲလ်ဗာရက်ဇ်ဟာ ၂၀၂၅-၂၆ ရာသီ၊ အက်တလက်တီကိုမက်ဒရစ် အတွက် ကစားပေးခဲ့တဲ့ ၄၉ ပွဲမှာ ၂၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် (စုစုပေါင်း သွင်းဂိုး ပါဝင်ပတ်သက်မှု ၂၉ ဂိုး) အထိ ပြုလုပ်ပေးနိုင်ခဲ့ခဲ့ပါတယ် (ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မပါဝင်ဘဲ)။ ဒါဟာ လာလီဂါ ကစားသမားတွေထဲမှာ ပဉ္စမမြောက် သွင်းဂိုး ပါဝင်ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ “ယနေ့ကျင်းပခဲ့တဲ့ ဒါရိုက်တာ အဖွဲ့အစည်းအဝေးအပြီးမှာ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ လုပ်ပိုင်ခွင့်တွေ အတွက် ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းထံ ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ကြေညာအပ်ပါတယ်။

လက်ရှိ အခြေအနေ အရ ဆိုရင်တော့ အဲလ်ဗာရက်ဇ်ဟာ စပိန် လာလီဂါမှာပဲ ဆက်ရှိနေဖို့သာ များနေပြီ ဖြစ်ပါတယ်။
ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်

“ဒီကမ်းလှမ်းမှုကို သေချာသုံးသပ် ဆန်းစစ်ပြီးနောက် မှာတော့ အက်တလက်တီကိုမက်ဒရစ် အသင်း ဘက်က ကလပ် နှစ်ခုကြားက ကောင်းမွန်တဲ့ ဆက်ဆံရေး မူဘောင် အတွင်း ကနေ အခုလို ကမ်းလှမ်းလာမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး အတိုင်းသာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အသိပေးကာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

သတင်းတွေအရ အဲလ်ဗာရက်ဇ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို သန်း ၅၀၀ အထိ ရှိနေပေမယ့်၊ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ကလပ်အသင်းတွေ အတွက် ဆိုရင်တော့ ဒီထက် ဈေးနှုန်း လျော့နည်းနိုင်တယ်လို့ ဆိုကြပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှူးဟောင်း အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အက်တလက်တီကို အသင်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်အောင် ၁၀ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကီလီယန် အမ်ဘာပေး၊ ဟယ်ရီကိန်းနဲ့ ခါဗစ်ချာ ခွာဗရတ်စခီလီယာ (၃ ဦးလုံး ၁၆ ဂိုးစီ ပါဝင် ပတ်သက်ခဲ့) တို့သာ အဲလ်ဗာရက်ဇ်ထက် သွင်းဂိုး ပါဝင်ပတ်သက်မှု ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ ဒီနွေရာသီမှာ မက်ထရို ပိုလီတာနို ကွင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့် လာလီဂါ ကလပ် ကတော့ ဒီတိုက်စစ်မှူးကို လက်မလွှတ်ဘဲ အသင်းမှာ ဆက်ထိန်းထားဖို့ အခိုင်အမာ ရပ်တည်နေပါတယ်။ 

တဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အင်္ဂလန်ကို ပြန်မလာချင်တော့ကြောင့် သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အဲလ်ဗာရက်ဇ်ဟာ လန်ဒန်ရဲ့ လူနေမှု ပုံစံကို သဘောမကျတာကြောင့် အာဆင်နယ်ကို မစဉ်းစားတာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေ အရ ဆိုရင်တော့ အဲလ်ဗာရက်ဇ်ဟာ စပိန် လာလီဂါမှာပဲ ဆက်ရှိနေဖို့သာ များနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်