နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘရာဟင်မ် ဒီးယက်ဇ်၊ လီယာအိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးနေတဲ့ ယူနိုက်တက် | စီးရီးအေ

ဒီနေ့ ညနေ အထိ ရရှိထားသမျှ စီးရီးအေ အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘရာဟင်မ် ဒီးယက်ဇ်ဟာ အီတလီ စီးရီးအေ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမဲ့လည်း ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်း ကနေ ထွက်ခွာဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ ဒီးယက်ဇ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်များစွာ ကလည်း ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေကြပါတယ်။

အာဆင်နယ် အသင်းဟာ လိုင်လီ အသင်းရဲ့ ကွင်းလယ်လူ အယူဘ် ဘိုအာဒီကို ယူရို ၆၀ သန်း (ပေါင် ၅၂ သန်း) နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အသက် ၁၈ နှစ် အရွယ် ဒီကစားသမားကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ ယူနိုက်တက်တို့ အပြင် ဥရောပ အင်အားကြီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်း တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ 

ဖရန့်ဖတ် အသင်းရဲ့ ဘယ်နောက်ခံလူ နေသန်နီရယ် ဘရောင်း ဟာလည်း အာဆင်နယ် အသင်းရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေပါတယ်။ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုဟာ နည်းပြ မီခဲလ် အာတေးတား ကိုယ်တိုင် တိုက်ရိုက် တွန်းအားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက် အသင်းဟာ စီးရီးအေ ကလပ် အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူး ရာဖေးလ် လီယာအိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အေစီမီလန် ဘက်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှသာ သူ့ကို ရောင်းချဖို့ အစီအစဉ်ရှိပြီး ပေါ်တူဂီ အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ရင် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပိုမိုမြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ 

ဘန်လေ အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရပြီးနောက် သူတို့ရဲ့ ဗဟိုနောက်ခံလူ မက်ဆီမီ အက်စ်တိဗ်ကို လက်လွှတ်ရဖို့ မျှော်လင့်ထားပါတယ်။ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းအများအပြားထဲမှာ ချဲလ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ လစ်ဗာပူးလ် အသင်း တို့လည်း ပါဝင်နေပါတယ်။ 

လစ်ဗာပူးလ် အသင်းဟာ ဟာသာဘာလင် အသင်းရဲ့ အသက် ၁၆ နှစ် အရွယ် ကွင်းလယ်လူ ကန်းနက် အိခ်ဟွန်းကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှု အသစ်တွေ ထပ်မံပြုလုပ်ခဲ့ပြီး အမြန်ဆုံး စာချုပ်ချုပ်ဆိုနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

မာဆေးဆိုဒ်ရဲ့ တခြား တစ်ဖက် မှာတော့ အဲဗာတန်ဟာ သူတို့ရဲ့ တောင်ပံကစားသမား အီလီမန် အန်ဒီယေးရဲ့ တန်ဖိုးကို ဘာစီလိုနာ အသင်းက အန်တိုနီ ဂေါ်ဒွန်အတွက် ပေးချေခဲ့တဲ့ ယူရို သန်း ၈၀ သန်း ဝန်းကျင်နဲ့ ညီမျှတဲ့ ပမာဏ အဖြစ် သတ်မှတ်ထားပါတယ်။ 

ချဲလ်ဆီး အသင်းဟာ ဂျူဗင်တပ်စ် အသင်း ကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရ ခေါ်ယူဖို့ အတွက် တခြား အသင်းတွေထက် အသာစီးရနေပါတယ်။ အက်စတွန်ဗီလာ၊ အဲဗာတန်၊ မန်ယူ၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ဆားဘီးယားတိုက်စစ်မှူးကို စောင့်ကြည့်နေကြပေမယ့် ချဲလ်ဆီး ကတော့ ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီး အသင်းဟာ AIK အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံ ကစားသမား ဇာဒေါ့ ယိုဟန်နာ ကိုလည်း လိုက်နေပါတယ်။ နယူးကာဆယ် အသင်းက လက်ရှိအချိန်ထိ အမြင့်ဆုံး ပမာဏနဲ့ ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးနဲ့ ဘရိုက်တန် တို့ရဲ့ ကြားဖြတ် စိတ်ဝင်စားမှုတွေကြောင့် အပြောင်းအရွှေ့က ရှုပ်ထွေးသွားခဲ့ပါတယ်။

စပါး အသင်းဟာ ဘရိုက်တန် အသင်းရဲ့ ဗဟိုနောက်ခံလူ ဂျန် ပေါလ် ဗန် ဟက်ကီကို ခေါ်ယူဖို့ အတွက် ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် ဆက်လက် ခေါ်ယူနိုင်ဆဲ ဖြစ်ကြောင်း ယုံကြည်နေပါတယ်။ စပါး အသင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကြောင့် ဘရိုက်တန် ဘက်ကလည်း ညှိနှိုင်းဖို့ ပြင်လည် စိတ်ဝင်စားလာခဲ့သလို၊ ဒတ်ခ်ျ နောက်ခံလူ ကိုယ်တိုင် ကလည်း စပါးနည်းပြ ရော်ဘတ်တို ဒီ ဇာဘီနဲ့ ပြန်လည် လက်တွဲချင်နေပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ လစ်ဗာပူးလ် ဂိုးသမား အလီဆွန်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် အက်စတွန်ဗီလာရဲ့ အီမီလီယာနို မာတီးနက်ဇ် ဘက်ကို အာရုံပြောင်းလိုက်ပါတယ်။ ဒါ့အပြင် စပါး ဂိုးသမား ဂူဂလီရယ်လ်မို ဗီကာရီယို ဟာလည်း စီးရီးအေ ကလပ်ရဲ့ စောင့်ကြည့်မှု စာရင်းထဲမှာ ရှိနေပါတယ်။ 

စီးရီးအေ တန်းတက် ကလပ် မွန်ဇာ အသင်းဟာ ဂျီရိုနာအသင်းမှာ အငှားထွက် ကစားရင်း ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ မန်စီးတီးအသင်းထံ ပြန်လည် ရောက်ရှိလာမယ့် တောင်ပံလူ ကလော်ဒီယို အီချီဗာရီ ကို အငှားနဲ့ခေါ်ယူဖို့ စုံးစမ်းနေပါတယ်။ 

ဒါ့အပြင် စပါး ဂိုးသမား ဂူဂလီရယ်လ်မို ဗီကာရီယို ဟာလည်း စီးရီးအေ ကလပ်ရဲ့ စောင့်ကြည့်မှု စာရင်းထဲမှာ ရှိနေပါတယ်။
လီယာအိုရဲ့ ကိုယ်စားလှယ်တွေနဲ တိုက်ရိုက် ညှိနှိုင်းနေတဲ့ မန်ချက်စတာယူနိုက်တက်

ရီးရဲလ်ဘက်တစ်ရဲ့ အသက် ၂၅ နှစ် အရွယ် ကြယ်ပွင့် နောက်ခံလူ နာတန် ကို လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်း ကလည်း သူတို့ရဲ့ အလားအလာရှိတဲ့ ပစ်မှတ် တစ်ခု အဖြစ် သတ်မှတ်ထားပါတယ်။ 

ပီအက်စ်ဂျီဟာ သူတို့ရဲ့ ကွင်းလယ်လူ ဗစ်တင်ညာ အနေနဲ့ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ဖလော်ရန်တီနို ပီရက်ဇ်သာ ပြန်လည် အနိုင်ရပါက ဟိုဆေး မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းထံ ရောက်ရှိလာမယ့် မော်ရင်ညိုဟာ ဒီနွေရာသီမှာ အသင်း ကနေ ထုတ်ပယ်ချင်တဲ့ ကစားသမားစာရင်းကို ပြုစုထားပါတယ်။ အက်ဒူအာဒို ကာမာဗင်ဂါ၊ ရိုဒရီဂို၊ ဖရန်ကို မက်စတန်တူအိုနို၊ ဖရန် ဂါစီယာ၊ ရာအူးလ် အဆန်စီယိုနဲ့ ဒန်နီ ဆယ်ဘာယော့စ်တို့ အားလုံးကို အရောင်းစာရင်း တင်သွားမှာ ဖြစ်ပါတယ်။ 

တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းထံ ခေါ်ယူမယ့် ကစားသမား အဖြစ် အာဆင်နယ် နောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ကို မော်ရင်ညိုက အသင်း အတွက် အင်အားဖြည့်တင်းဖို့ အလားအလာရှိသူ အဖြစ် ရွေးချယ်ထားပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုဟာ ယူရို ၂၃ သန်း အထိ တန်ဖိုးရှိမယ့် သဘောတူညီချက်မျိုးနဲ့ မိုနာကို အသင်းထံ ပြောင်းရွှေ့ဖို့ အခြေအနေ အလွန်နီးစပ်နေပြီး အပြောင်းအရွှေ့က “၉၅ ရာခိုင်နှုန်း ပြီးပြည့်စုံနေပြီ” ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ် အသင်းရဲ့ နောက်ခံလူ အန်ဒရီယာ ကမ်ဘီယာဆို ကို ဘာစီလိုနာ အသင်းက မျက်စိကျနေပြီး အီတလီ လက်ရွေးစင် နောက်ခံလူ အတွက် အစပျိုး ချဉ်းကပ်မှု တချို့ ကိုတောင် စတင် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်