ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ လာမင်း ယာမယ်နဲ့ ရာဖင်ညာ တို့ဟာ ဘေယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းကို အသင်းထံ ငွေကြေးအမြောက်အမြား အသုံးပြုပြီး ခေါ်ယူမယ့် အစီအစဉ် အပေါ် သဘောတူ ထောက်ခံချက် ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဟယ်ရီကိန်း အနေနဲ့ လီဝမ်ဒေါစကီးရဲ့ လမ်းစဉ်အတိုင်း လိုက်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် အဖြစ် တရားဝင် လာရောက် ကိုင်တွယ်တော့မယ့် ဟိုဆေး မော်ရင်ညိုဟာ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူပေးဖို့ အသင်းဘုတ် အဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။ မော်ရင်ညို ကိုတော့ မကြာခင်မှာ လာလီဂါ ကလပ်က နည်းပြသစ် အဖြစ် တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ အီတလီ နိုင်ငံဖွား ဂျာမနီ လူငယ် လက်ရွေးစင် တိုက်စစ်မှူး နီကိုလို ထရီဆိုဒီကို ခေါ်ယူဖို့ “ အလွန်အမင်း စိတ်ဝင်စား” နေပါတယ်။ လက်ရှိမှာတော့ ကလပ် ဘရုဂေးက အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ထက်မနည်း တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး ဖာရန်း တောရက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ရာနှုန်းပြည့် ပြောင်းလဲလိုက်ပါတယ်။ အသင်း ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်၊ အခုအခါ မှာတော့ တောရက်စ်ဟာ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ စီမံကိန်းမှာ အဓိက အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ပြန်လည် သတ်မှတ်ခြင်း ခံထားရပါတယ်။
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်း တို့ဟာ ကွင်းလယ်လူ ယာအို ဂိုးမက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၈.၉ သန်း (ယူရို ၄၅ သန်း) ဝန်းကျင်နဲ့ အပြောင်းအရွှေ့ပြုလုပ်ဖို့ အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘရာဇီးလ် ဝါရင့်တိုက်စစ်ကစားသမား နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်ရွေးစင် အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ မထင်မှတ်ဘဲ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် ရက်ပိုင်းအကြာမှာပဲ ဒဏ်ရာပြန်ရသွားပြီ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ အခုတစ်ပတ် အစောပိုင်းက ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့လို့ ဗုဒ္ဓဟူးနေ့က ဆန်လော်ရန်ဇိုနဲ့ ကစားခဲ့တဲ့ ပွဲမတိုင်ခင် လူစာရင်း ကနေ ချန်လှန်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆန်းတို့စ် အသင်းရဲ့ ဆရာဝန် ဖြစ်တဲ့ ရိုဒရီဂို ဇိုဂိုင်ဘီ ကတော့ နေမာ အနေနဲ့ ဒဏ်ရာ ကနေ အမြန်ဆုံး သက်သာလာမှာ ဖြစ်တဲ့ အတွက် နောက်တစ်ပတ် ကျရင် စတင်မဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ဘရာဇီးလ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်နိုင်ဖို့ ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်ကို ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရပြီးတဲ့နောက် အက်စတွန်ဗီလာ အသင်း နည်းပြ အူနိုင်း အမ်မရီနဲ့ တိုက်စစ် ကစားသမား တမ်မီ အေဘရာဟမ် တို့ဟာ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။ အက်စတွန်ဗီလာ အသင်းဟာ ယူရီ တေလီမန့်စ်၊ ဘူအမ်ဒီယာ၊ မော်ဂန် ရော်ဂျာစ် တို့ရဲ့ ဂိုးတွေနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘေယန်မြူးနစ်ကို အနိုင်ယူ ဗိုလ်စွဲပြီးနောက်ပိုင်း ၄၄ နှစ် အကြာမှာ ဒုတိယအကြိမ်မြောက် အဓိက ဆုဖလား တစ်လုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဆိုရင် ဆရာတစ်ဆူ ဖြစ်တဲ့ အူနိုင်း အမ်မရီဟာ နည်းပြဘဝ တစ်လျှောက် မတူညီတဲ့ ကလပ် ၃ သင်း (ဆီဗီလာ – ၃ ကြိမ်၊ ဗီလာရီးယဲလ်၊ အက်စတွန်ဗီလာ)နဲ့ ယူရိုပါလိဂ် ဖလား ရရှိခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အောင်မြင်မှု အများဆုံး နည်းပြအဖြစ် ၅ ကြိမ်နဲ့ ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာ တိုက်စစ် ကစားသမား အေဘရာဟမ် ကတော့ ချဲလ်ဆီး နောက်ခံလူဟောင်း အီမာဆင် ပြီးရင် ချန်ပီယံလိဂ် (ချဲလ်ဆီး)၊ ယူရိုပါလိဂ် (အက်စတွန်ဗီလာ)၊ ကွန့်ဖရင့်လိဂ် (ရိုးမား) တို့ကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ကို စပါး အသင်း ရရှိခဲ့တာကြောင့် ၅၃ နှစ် အတွင်း ပထမဆုံးအကြိမ် အဖြစ် ယူအီးအက်ဖ်အေဖလား/ ယူရိုပါလိဂ်ကို အင်္ဂလိပ် ကလပ် ၂ သင်းက ၂ ရာသီဆက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


