မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် Top 4 သေချာသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ သူတို့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘရိုင်ယန် အမ်ဘွေမို ကတော့ မန်ချက်စတာယူနိုက်တက် အသင်း ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲဆီ ပြန်လည် ဝင်ရောက်ခွင့် ရရှိပြီးနောက် လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ကစားရမယ့် အပေါ် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွန်တော် တကယ်ကို မစောင့်နိုင်တော့ပါဘူး။” လို့ အမ်ဘီယူမိုက ယူနိုက်တက်ရဲ့ တရားဝင် ပေါ့တ်ကတ်စ်မှာ ပြောကြားခဲ့တာပါ။ “ဒါဟာ အသင်းနဲ့ ပရိသတ်တွေ အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကွင်းအတွင်း ပတ်ဝန်းကျင်က တကယ့်ကို အံ့မခန်းဖြစ်နေမှာပါ။”
“ကျွန်တော့်ကိုယ် ကျွန်တော်လည်း တကယ် ဂုဏ်ယူမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ခရီးလမ်းက ဘယ်တုန်းကမှ မလွယ်ကူခဲ့လို့ပါ။ အမြဲတမ်း ကြိုးစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုတော့ ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ကျွန်တော့်မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိတယ် ဆိုတာ သိလို့ ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိခဲ့ပါတယ်။ အမြဲတမ်း အစွမ်းကုန် ကြိုးစားတယ်။ အခုလို ဖြစ်လာမယ့်အရာတွေ အတွက်လည်း တကယ်ပဲ ပျော်ရွှင်ရပါတယ်။”
“ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောခဲ့ဖူးတော့ အခုလို ပြိုင်ပွဲမျိုးတွေမှာ ကစားရဖို့က ကျွန်တော့် ခေါင်းထဲမှာ အမြဲရှိနေခဲ့တဲ့ ရည်မှန်းချက်ပါ။ အနိမ့်တန်းလိဂ်တွေနဲ့ အသင်းငယ်လေးတွေမှာ စတင်ခဲ့ရတဲ့ အချိန်တုန်းကတောင် ဒီပန်းတိုင်က ကျွန်တော့် စိတ်ထဲမှာ အမြဲရှိနေခဲ့တာပါ။” လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
မေလ ၃ ရက်နေ့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကိုဘီ မိန်းနူးရဲ့ အနိုင်ဂိုးနဲ့ ခါးသီးတဲ့ ပြိုင်ဘက် လစ်ဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပြီးနောက် သရဲနီတွေဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၅ သင်း စာရင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘရန့်ဖို့ဒ် ကနေ ပေါင် ၇၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အမ်ဘွေမိုက ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ အဓိက နေရာ ကနေ ပါဝင်ခဲ့ပါတယ်။ ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားပြီး သူ့ထက် ဂိုးပိုသွင်းထားသူဟာ ၁၂ ဂိုး သွင်းထားတဲ့ ဘင်ဂျာမင် ဆက်စကို တစ်ဦးတည်းသာ ရှိနေပါတယ်။
ရူဘင် အမော်ရင်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ မိုက်ကယ် ကာရစ်ခ်ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းက အသင်း အတွက် တော်တော်လေး အရေးပါခဲ့ပါတယ်။ အခုလည်း ယူနိုက်တက် ကွင်းလယ်လူဟောင်း ကာရစ်ခ်ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ဖို့ အသင်းရဲ့ အဆင့်မြင့် အုပ်ချုပ်သူတွေက ဆာဂျင်မ် ရက်ကလစ်ဖ်ထံ အကြံပြုတိုက်တွန်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်ဟာ သူတို့ရဲ့ တိုးတက်နေတဲ့ အရှိန်အဟုန်ကို နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ဆက်လက် ထိန်းသိမ်းထားဖို့ မျှော်လင့်နေပါတယ်။ ဖောရက်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်ခွင့်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဗစ်တာ ပါရဲရားရဲ့ ဖောရက်စ်က အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့ ၇ မှတ် အကွာမှာ ရှိနေပြီး တန်းဆင်းဇုန် ကနေ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ ၆ ရက် အတွင်း ၃ ပွဲ ကစားခဲ့ရတဲ့ ပင်ပန်းတဲ့ အချိန်ဇယားကို ဖြတ်သန်းခဲ့ရပါတယ်။ ချဲလ်ဆီးကို အနိုင်ရခဲ့ပေမယ့်လည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်စတွန်ဗီလာကို ၄-၀ (နှစ်ကျော့ပေါင်း ၄-၁) နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဖောရက်စ် အနေနဲ့ တန်းတင်ကျန်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် နည်းပြ ပရဲရားက သူ့ရဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပြီး ကျန်ရှိနေတဲ့ လိဂ် ပွဲစဉ် ၂ ပွဲကို ပျော်ပျော်ပါးပါး ကစားကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Opta ၏ စူပါကွန်ပျူတာက ယူနိုက်တက်ကို အသာပေးထားပေမယ့်လည်း ယူနိုက်တက်က ဖောရက်စ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ နိုင်ပွဲမရသေးပါဘူး။ ဒါပေမယ့်လည်း အခု လက်ရှိ ယူနိုက်တက်ဟာ အရင်နဲ့ မတူတဲ့ အသင်းသစ် တစ်သင်း ဖြစ်နေပြီ။ ယူနိုက်တက်ဟာ ရာသီရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ်တွေမှာ ရှုံးနိမ့်လေ့ မရှိဘဲ နောက်ဆုံး ၁၈ ရာသီ အတွင်း ၂၀၁၈-၁၉ က ကာဒစ်ဖ်ကို ရှုံးနိမ့်ခဲ့တဲ့ ၁ ပွဲသာ ရှိခဲ့ပါတယ်။ တခြား တစ်ဖက်မှာ ဖောရက်စ် ကလည်း နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ပိုင်ဆိုင်ထားတာကြောင့် အခုပွဲဟာ အကြိတ်အနယ် ရှိမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


