နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပဲလေ့စ်ကို အနိုင်ယူပြီး အာဆင်နယ်ကို ဆက်လက် ဖိအားပေးနေဆဲ မန်စီးတီး | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ လူစာရင်း အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပေမယ့် ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပြီး အာဆင်နယ် အနေတဲ့ ပွဲစဉ် (၃၇) မှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးခွင့် မရှိပဲ ဖြစ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ဆုဖလားလုပွဲတွင် အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ဂန်းနား တို့ရဲ့နောက် နှစ်မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဆာဂျီယို အဂွဲရိုးရဲ့ နာမည်ကျော် နောက်ဆုံး မိနစ် သွင်းဂိုးကြောင့် မန်စီးတီးတို့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နေ့က အတိအကျ ၁၄ နှစ် ပြည့်မြောက်တဲ့နေ့မှာ ဒီရာသီ ဆုဖလားလုပွဲကို ယခု သီတင်းပတ်ကုန်မှာ အာဆင်နယ် အသင်း ဘက်သို့ အဆုံးအဖြတ် မရောက်သွားစေရန် မန်စီးတီးတို့ အနေနဲ့ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေခဲ့တာ ဖြစ်သည်။

လာမယ့် စနေနေ့မှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် ပပ် ဂွါဒီယိုလာက အာလင်း ဟာလန်း၊ ဂျရယ်မီ ဒိုကုနဲ့ ရာယန် ချာကီ တို့ကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ထားခဲ့ပေမယ့်လည်း မန်စီးတီး တို့အနေနဲ့ သက်တောင့်သက်သာနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဂွာဒီယိုလာ အပြောင်းအလဲလုပ်ခဲ့တဲ့ ပွဲထွက် ကစားသမား ၆ ဦးထဲမှာ ဖီးလ် ဖိုဒန် လည်း တစ်ဦး အပါအဝင် ဖြစ်ပြီး သူဟာ ပထမပိုင်း ပွဲချိန်နှောင်းပိုင်းမှာ ၈ မိနစ် အတွင်း ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ ပွဲစပြီး ၃၂ မိနစ် အထိ နှစ်သင်းစလုံး သာမန် အတိုင်းသာ ကစားနေခဲ့ကြပေမယ့်လည်း ဖိုဒန်က မာသီးယပ်စ် နူနက်စ် ဆီကနေ ပေးပို့မှုကို လက်ခံ ရယူကာ နောက်ပြန် ဒေါက်ကန်ချက်ဖြင့် ပါးနပ်စွာ ဖန်တီးပေးခဲ့ရာ အန်တွန် ဆီမီညိုက အောက်ခြေ ဘယ်ဘက်ထောင့်ထဲသို့ သေသပ်စွာ ကန်သွင်းယူခဲ့ပါတယ်။

ဖိုဒန်ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှုမှာ ကံတရား အနည်းငယ် ပါဝင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ ယော့စကို ဂဗာဒီယိုလ် ပေးပို့လိုက်တဲ့ ဘောလုံးကို လေထဲမှာ ထိန်းဖို့ ကြိုးစားခဲ့ရာမှ ဘောလုံးက အိုမာ မာမွတ်ရှ်ဆီ လျှံထွက်သွားခဲ့ပြီး အီဂျစ် တိုက်စစ်မှူး မာမွတ်ရှ်က သူရဲ့ ခန္ဓာကိုယ်ကို ကောင်းစွာ အသုံးချကာ လှည့်ပတ်ပြီး ပိတ်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပွဲအရှိန် အနည်းငယ်ကျသွားခဲ့သော်လည်း မန်စီးတီးတို့ အတွက် စိုးရိမ်စရာ အခိုက်အတန့် တချို့ ရှိခဲ့ပါတယ်။ ဘာနာဒို ဆေးလ်ဗားရဲ့ အမှားက တစ်ဆင့် အစ္စမိုင်လာ ဆား က ဂိုးသမား ဂျီလူဝီဂျီ ဒွန်နာရမ်းမား ဆီကို တည့်တည့် ကန်သွင်းမိခဲ့သလို၊ ဒါအီချီ ကာမာဒါ ကလည်း မန်စီးတီးရဲ့ ဂိုးဧရိယာ အတွင်း ပင်နယ်တီ ရဖို့ ဟန်ဆောင်လှဲချခဲ့တာကြောင့် အဝါကတ် ပြသခြင်း ခံခဲ့ရပါတယ်။

ဖိုဒန်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ် နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲတည်းတွင် ပထမဆုံးအကြိမ် အဖြစ် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အရန်ကစားသမားတွေနဲ့ ရလဒ်ကောင်း ရှာဖွေနိုင်ခဲ့တဲ့ မန်စီးတီး

ဒါပေမယ့်လည်း ပွဲချိန် ၈၄ မိနစ်မှာ လူစားဝင်ကစားသမား ချာကီရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် ဆာဗင်ညိုက ဂိုးသွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ ပွဲကို အပြတ်သတ် အနိုင်ရခဲ့ကာ အာဆင်နယ်ထက် ဂိုးကွာခြားချက် တစ်ဂိုးအသာနဲ့ အသာစီး ရရှိသွားခဲ့ပါတယ်။

မန်စီးတီးဟာ လာမယ့် စနေနေ့မှာ ဒီရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီး၊ အဲဒီနောက် တနင်္လာနေ့မှာ ယှဉ်ပြိုင်မည့် အာဆင်နယ်နဲ့ ဘန်လေ တို့ရဲ့ ပွဲစဉ်ကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်သာ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင် မန်စီးတီး အနေဖြင့် နောက်တစ်ရက်မှာ ခြေစွမ်းပြနေတဲ့ ဘုန်းမောက်ကို အနိုင်ယူပြီး ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အခုပွဲစဉ်မှာ မန်စီးတီး အသင်း ပြုလုပ်ခဲ့တဲ့ ပွဲထွက် လူစာရင်း ၆ ဦး အထိ အပြောင်းအလဲ ရှိခဲ့ပေမယ့်လည်း ယခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲပေါင်းမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲထက် ပိုမို များပြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖိုဒန်က သူ့ရဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး အင်္ဂလန် အသင်း နည်းပြ သောမတ်စ် တူချယ် အပါအဝင် လူတိုင်းကို သူ့ရဲ့ အရည်အသွေးကို သတိပေး သက်သေပြနိုင်ခဲ့ပါတယ်။

ဖိုဒန်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ် နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲတည်းတွင် ပထမဆုံးအကြိမ် အဖြစ် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုလို ပထမပိုင်းမှာတင် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းမှာ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ပထမပိုင်း အတွင်း ဖိုဒန်ထက် ဂိုးသွင်းခွင့် ပိုမို ဖန်တီးပေးနိုင်တဲ့ ကစားသမား မရှိသေးဘဲ၊ သူဟာ ပဲလေ့စ်နဲ့ ပွဲ ပထမပိုင်းမှာ ဂိုးသွင်းခွင့် အခွင့်အရေး ၅ ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာ အနေနဲ့ ဟာလန်းကို လူစားလဲ အဖြစ်တောင် ထည့်သွင်း အသုံးပြုဖို့ မလိုအပ်ခဲ့ဘဲ၊ မန်စီးတီး အသင်းဟာ ၂၀၂၂-၂၃ ရာသီအစမှာ နော်ဝေ တိုက်စစ်မှူး ဟာလန်း အက်တီဟတ်ဆီ ရောက်ရှိလာပြီးကတည်းက ၎င်း မပါဝင်တဲ့ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၁၅ ပွဲ အထိ အနိုင်ရရှိထားခဲ့ကာ (၂ ပွဲ သရေ၊ ၂ ပွဲရှုံး) ရလဒ် ထွက်ပေါ်ထားပါတယ်။

မန်စီးတီးဟာ ကန်ချက် ၁၅ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၅၆ သာ ရှိခဲ့ပေမယ့်လည်း၊ ခံစစ်ပိုင်းမှာ ပဲလေ့စ်ကို ကန်ချက် ၆ ကြိမ် (ဂိုးပေါက်တည့် ၂ ကြိမ်)နဲ့ မျှော်မှန်းဂိုး (xG) ၀.၆၈ သာ ရှိအောင် ကောင်းမွန်စွာ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်