နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်တာမီလန်ရဲ့ ပြည်တွင်း ဖလား နှစ်လုံး အောင်ပွဲကို ပေါ့ပေါ့တန်တန် မတွေးသင့်လို့ ချီဗူး ပြောကြား | ကိုပါအီတလီယာ

မာကပ်းစ် သူရမ်နဲ့ လော်တာရို မာတီနက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာ လာဇီယိုကို အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် အင်တာမီလန်က ၂၀၁၀ နောက်ပိုင်း ပထမဆုံး ဖလား နှစ်လုံး အောင်ပွဲကို ဆင်နွှဲနိုင်ခဲ့ပါတယ်။

အင်တာမီလန် အနေနဲ့ စီးရီးအေနဲ့ ကိုပါအီတာလီယာ ဖလား နှစ်လုံး အောင်ပွဲကို ရယူနိုင်ခဲ့ခြင်းမှာ ပေါ့ပေါ့တန်တန် သဘောမထားသင့်တဲ့ အောင်မြင်မှု ဖြစ်ကြောင်း ခရစ္စတီယန် ချီဗူးက ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ကတော့ သူတို့ နည်းပြရဲ့ စွမ်းဆောင်ရည်ဟာ “ ၁၀ မှတ်မှာ ၁၀ မှတ်ပေးရမယ့်” အလုပ်မျိုးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

စတာဒီယို အိုလံပီကိုမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ အင်တာမီလန်က မားကပ်စ် သူရမ်နဲ့ မာတီနက်ဇ် တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ လာဇီယိုကို ၂-၀ နဲ့ အနိုင်ယူကာ လိဂ် ချန်ပီယံဆု အပြင် ကိုပါအီတလီယာ ဖလား ကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီ ပြည်တွင်း ရှုံးထွက်ဖလားကို ဂျူဗင်တပ်စ် (၁၅ ကြိမ်) ကသာ အင်တာမီလန်ထက် ပိုမို ရရှိထားပြီး၊ အင်တာမီလန် မှာတော့ အခုအကြိမ် အပါအဝင် ၁၀ ကြိမ်မြောက် ဖလားကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အနေနဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် စလုံးမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အခု အောင်မြင်မှုဟာ ၂၀၁၀ ခုနှစ်က ဟိုဆေး မော်ရင်ဟို လက်ထက် ချန်ပီယံလိဂ် အပါအဝင် ဖလား ၃ လုံး (Treble) ရယူခဲ့ပြီး နောက်ပိုင်း အင်တာမီလန် အတွက် ပထမဆုံး ပြည်တွင်းဖလား နှစ်လုံး အောင်ပွဲ ဖြစ်ပါတယ်။ (အဲဒီအချိန်က ချီဗူးဟာ အင်တာမီလန်ရဲ့ ကစားသမား ဖြစ်ပါတယ်) ။ အခုရာသီ ဥရောပ စင်မြင့်ထက်မှာ ဘိုဒို/ဂလင့်မ်ကို ရှုံးနိမ့်ကာ လမ်းတဝက် ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ပြည်တွင်းမှာ ဖလားတွေ ရယူနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်ကြောင်း ချီဗူးက ဆိုပါတယ်။

“အင်တာမီလန်ဟာ ဒီရာသီမှာ ဖလား ၂ လုံး ရခဲ့ပါတယ်။ ကောင်းမွန်တဲ့ ကြိုးစားမှုတွေ အပြီးမှာ ကျွန်တော်တို့ ဒါနဲ့ ထိုက်တန်ပါတယ်။ ဒီနှစ်တွေ အတွင်း ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေ အတွက် အားလုံး ဝမ်းသာနေကြတယ်။ အမြဲတမ်း အားပေးတဲ့ ပရိသတ်တွေနဲ့ ကလပ် အသင်း အတွက်လည်း ဝမ်းသာပါတယ်။ စကူဒက်တို (စီးရီးအေ ဖလား) နဲ့ ကိုပါအီတလီယာ ဖလားကို ရဖို့ ဆိုတာ ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောထားလို့မရတဲ့ အောင်မြင်မှုမျိုးပါ။” လို့ ချီဗူးက Sportmediaset ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ အနေနဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် စလုံးမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ချီဗူး လက်ထက်မှာ ဖလား ၂ လုံး ချန်ပီယံ ပြန်ဖြစ်ခဲ့တဲ့ အင်တာမီလန်

တိုက်စစ်မှူး မာတီးနက်ဇ် ကလည်း “ကျွန်တော်တို့ နည်းပြ (ချီဗူး) ကို ၁၀ မှတ်မှာ ၁၀ မှတ် ပေးရပါမယ်၊ သူ ကျွန်တော် တို့ကို အများကြီး ကူညီပေးခဲ့လို့ပါ။ ပြီးခဲ့တဲ့ ရာသီက အခြေအနေတွေ အပြီးမှာ အခုလို လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ မလွယ်ကူခဲ့ပေမယ့် တကယ်ကို အမှတ်ရစရာ ရာသီ တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။ 

တစ်ဖက် မှာတော့ လာဇီယို အတွက် ဒီရလဒ်ဟာ စိတ်ပျက်စရာ ရာသီ တစ်ခုကို ပိုမို ဆိုးရွားစေခဲ့ပြီး နည်းပြ မော်ရီဇီယို ဆာရီရဲ့ အနာဂတ် ကလည်း ဝေဖန် ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။ ဆာရီဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အာမခံချက် တစ်စုံတစ်ရာ ပေးမသွားခဲ့ပါဘူး။ “ဒီညမှာ ကျွန်တော့် အနာဂတ်ကို ဂရုမစိုက်ပါဘူး။ ဒါက နှစ်ဖက်စလုံး ဆွေးနွေးရမယ့် ကိစ္စပါ။ ကျွန်တော့် ကစားသမားတွေ စိတ်ဓာတ်ကျနေတာကို မြင်ရလို့ စိတ်မကောင်းဖြစ်ရသလို၊ ပရိသတ်တွေ အတွက်လည်း စိတ်မကောင်းပါဘူး။” လို့ ဆာရီက ဆိုပါတယ်။

ဒါ့အပြင် ဆာရီက လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ရိုးမားနဲ့ ဒါဘီ ပွဲစဉ် အတွက်လည်း အလွန်အမင်း မကျေမနပ် ဖြစ်နေပါတယ်။ ဒီပွဲကို အီတလီ စံတော်ချိန် နေ့လယ် ၁၂:၃၀ နာရီမှာ ကစားဖို့ သတ်မှတ်ထားခြင်း အပေါ် လာဇီယိုက ပြောင်းလဲပေးဖို့ တောင်းဆိုထားပေမယ့်လည်း အဆင်မပြေသေးပါဘူး။

“တနင်္ဂနွေနေ့ နေ့လယ် ၁၂:၃၀ ပွဲကို ကျွန်တော် လာမှာမဟုတ်ဘူးလို့ ခံစားနေရတယ်။ ဒါဟာ လိဂ်တာဝန်ရှိသူတွေရဲ့ အမှားတွေပဲ။ ကျွန်တော်သာ ဥက္ကဋ္ဌ ဆိုရင် အသင်းကို ကွင်းထဲတောင် ထည့်မှာ မဟုတ်ဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် (ယူရို သန်း ၈၀ တန်ကြေးရှိသော) အတွက် အသင်း ၅ သင်းက အပြိုင် ဖြစ်နေချိန်မှာ ရိုးမားနဲ့ ပွဲကို ၁၂:၃၀ မှာ ကစားခိုင်းတာဟာ ဘောလုံး မဟုတ်တော့ဘူး။” လို့ ဆာရီက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်