နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘန်တိုရဲ့ အမှားကြောင့် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ စောင့်ဆိုင်းရဦးမယ့် အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

အဲလ်နာဆာ ကတော့ ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အဲလ်နာဆာနဲ့ အဲလ်ဟီလာတို့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အင်္ဂါနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အဲလ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်ဒို ခေတ်ဦးရဲ့ ပထမဆုံး ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ စက္ကန့်ပိုင်းအလိုအထိ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးသမား ဘန်တိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် အနိုင်ရလဒ်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း နာကျင်အချိန်ပို ၈ မိနစ်မှာ ဂိုးသမား ဘန်တိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ အမှားကြီးကြောင့် အဲလ်ဟီလာက Al-Awwal Park ကွင်းကနေ ၁-၁ သရေရလဒ်နဲ့ အိမ်ပြန်နိုင်ခဲ့ပြီး အဲလ်နာဆာ အနေနဲ့ ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆက်လက် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

အဲလ်နာဆာဟာ သူတို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ရင် ဒုတိယနေရာက အသင်းကို ၈ မှတ် အထိ အပြတ်အသတ် ဖြတ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာပြီး နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဟီလယ် ဘက်က အနိုင်ရရှိခဲ့ပါက လက်ကျန် တစ်ပွဲကစားဖို့ ကျန်ရှိနေသေးသည့်တိုင်အောင် ထိပ်ဆုံးက အဲလ်နာဆာနဲ့ ၂ မှတ် အကွာအထိ ကပ်လိုက်နိုင်မှာ ဖြစ်တာကြောင့် နှစ်သင်းလုံး အတွက် အရေးပါလွန်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်မှာ ဂိုးသမား ဘန်တိုရဲ့ ဆိုးရွားလှတဲ့ အမှားကြောင့် ဧည့်သည် အဲလ်ဟီလယ် အတွက် ချန်ပီယံဖြစ်ခွင့် မျှော်လင့်ချက် အနည်းငယ် ဆက်လက် ရှင်သန်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ပွဲစလို့ ၄ မိနစ်မှာတင် အဲလ်ဟီလယ်တို့ အဖွင့်ဂိုးရဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပေမယ့်လည်း ကာရင်မ် ဘန်ဇီမာရဲ့ ကန်ချက်က ဂိုးသမား ဘန်တိုနဲ့ တည့်တည့် ဖြစ်နေခဲ့တာကြောင့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီလို လွဲချော်မှုကြောင့် ဧည့်သည် အသင်း နည်းပြ ဆီမြွန်နီ အင်ဇာဂီဟာ ကွင်းဘေးစည်း အနီးမှာ ဒူးထောက်ကျသွားတဲ့ အထိ စိတ်ပျက်ခဲ့ရပါတယ်။

အဲဒီနောက် ၁၅ မိနစ် အကြာမှာ ဆာ့ဂျ် မီလင်ကိုဗစ်-ဆာဗစ်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် ဘန်ဇီမာက ခေါင်းတိုက်ကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မီလင်ကိုဗစ်-ဆာဗစ် လူကျွံနေတာကြောင့် သွင်းဂိုး အဖြစ် ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့်လည်း ပွဲချိန် ၃၇ မိနစ် (ပထမပိုင်းမပြီးခင် ၈ မိနစ်အလို) မှာ အိမ်ရှင် အဲလ်နာဆာ အသင်း အဖွင့်ဂိုး စတင် ရရှိခဲ့ပါတယ်။ မာဆယ်လို ဘရိုဇိုဗစ်ရဲ့ ထောင့်ကန်ဘောက တစ်ဆင့် ဂိုးရှေ့ ရှုပ်ရှတ်ခတ်နေစဉ် မိုဟာမက် ဆီမာကန်က အပိုင်ကန်သွင်းကာ ဂိုးအောက်ထဲကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာ ကင်စလေ ကိုးမန်း အနေနဲ့ ဂိုးသမား ယာဆင် ဘိုနိုနဲ့ တစ်ယောက်ချင်း အတွေ့မှာ ဒုတိယဂိုး သွင်းယူနိုင်ခွင့်ရှိခဲ့ပေမယ့်လည်း ကန်ချက်မှာ ဂိုးတိုင်ထိမှန်ခဲ့ပြီး၊ ရော်နယ်ဒို ကလည်း ဒုတိယပိုင်း စတင်ပြီး မကြာမီခင် ရရှိခဲ့တဲ့ သူ့ရဲ့ အပိုင်နိုင်ဆုံး အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာ အဲလ်ဟီလာ အနေနဲ့ အနည်းဆုံး သရေ တစ်မှတ် ရမှသာ ချန်ပီယံဆုကို နောက်ဆုံး ပွဲစဉ် အထိ အဆုံးအဖြတ်ခံယူနိုင်မှာကို သိရှိထားတာကြောင့် တိုက်စစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာတော့ အဲလ်ဟီလာတို့ လိုအပ်နေတဲ့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ လက်ပစ်ဘော အပြင်းပစ်သွင်းလိုက်ရာ ကနေ အနီးနားမှာ အဲလ်ဟီလာ ကစားသမား တစ်ဦးမျှ မရှိဘဲ ဂိုးသမား ဘန်တိုက ထွက်ဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသင်းဖော် အင်နီဂို မာတီနက်ဇ်နဲ့ မတော်တဆ တိုက်မိရာက တစ်ဆင့် ဘောလုံးက ဂိုးထဲသို့ လိမ့်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲလ်ဟီလာက လာမယ့် စနေနေ့မှာ နီယွန်နဲ့ လက်ကျန် ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး၊ အဲဒီပွဲမှာ အနိုင်ရရှိခဲ့ရင်တော့ နောက်ဆုံး ပွဲစဉ်မှာ အဲလ်နာဆာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ် တစ်ခု ဖော်ဆောင်နိုင်ရုံနဲ့ ချန်ပီယံဆုကို လုယူသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲလ်ဟီလာ အနေနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ မယုံနိုင်စရာကောင်းလောက်အောင် ရှုံးပွဲ မရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဂိုးသမား ဘန်တိုရဲ့ နောက်ကျ အမှားကြောင့် ရရှိခဲ့တဲ့ သရေရလဒ်အရ သူတို့ရဲ့ ရီယာ့ဒ်အခြေစိုက် မြို့ခံပြိုင်ဘက် အသင်းတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ဆော်ဒီပရိုလိဂ် ၁၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၁၂ ပွဲ နိုင်၊ ၆ ပွဲ သရေ) ကျန်ရှိထားပါတယ်။

အဲလ်နာဆာ အနေနဲ့တော့ သူတို့ရဲ့ ၁၁ ကြိမ်မြောက် ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို အခုပွဲမှာ အောင်ပွဲမခံနိုင်ခဲ့ခြင်းက အလွန်ကံဆိုးခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၉ ကြိမ် ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၄ အထိ ရှိခဲ့ပေမယ့်လည်း၊ အဲလ်ဟီလာ ကတော့ ကန်သွင်းခွင့် ၇ ကြိမ်သာ ရရှိကာ မျှော်မှန်းဂိုး ၀.၈ သာ ရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်