ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြပေးသွားပါမယ်။
မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် နယူးကာဆယ် ကစားသမား လူးဝစ် ဟောလ်ရဲ့ အစားထိုး ကစားသမား အဖြစ် အာဆင်နယ် အသင်းရဲ့ လူငယ် ကြယ်ပွင့် မိုင်းလ်စ် လူးဝစ်-စကယ်လီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံ တို့ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကို လက်လွှတ်ခံဖို့တော့ မရှိပါဘူး။ တူရကီ ကလပ် ဖီနာဘာချီ အသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဒီနွေရာသီမှာ မန်ယူနိုက်တက် ကနေ ထွက်ခွာလာဖို့ စည်းရုံးတဲ့ အနေနဲ့ စံချိန်တင် လုပ်ခလစာ ပေးအပ်ဖို့ ပြင်ဆင်နေပါတယ်။
မိုနာကို အသင်းဟာ ဒဏ်ရာပြဿနာတွေ မကြာခဏ ကြုံတွေ့နေရတဲ့ ချဲလ်ဆီး ကွင်းလယ်လူ ရိုမီယို လာဗီယာကို ပေါင် ၂၅ သန်း နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပါတယ်။ တဖက်မှာ ဗဟိုနောက်ခံလူ အက်ဆဲလ် ဒီဆာဆီ ကလည်း စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ နီးစပ်နေပြီး အသစ် ရောက်ရှိလာတဲ့ မက်ဆန့်စ် လာခရွားစ်ရဲ့ နေရာမှာ အစားထိုးဖို့ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဂျိုးလင်တန်ကို ဆော်ဒီအာရေဗျ ကလပ်တွေထံ ကမ်းလှမ်းခဲ့ရာမှာ အဲလ်ဟီလာနဲ့ အဲလ်နာဆာ တို့က ငြင်းပယ်ခဲ့ပေမယ့် အဲလ်အာလီ၊ အဲလ်အစ်တီဟတ်နဲ့ အဲလ်ကတ်ဒ်စီယာ အသင်းတို့ ကတော့ ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။
အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီဟာ ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ဘာနာလ်ကို သူရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ပေါင် သန်း ၃၀ ပေးချေဖို့ အသင့် ဖြစ်နေပါတယ်။
ဂျူဗင်တပ်စ် ကွင်းလယ်လူ တူအန် ကူ့ပ်မိုင်းနားစ် ကိုတော့ အက်စတွန်ဗီလာရော မန်ချက်စတာယူနိုက်တက် ကပါ စောင့်ကြည့်လျက် ရှိနေကြပါတယ်။
အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ အတွက် တောင်းဆိုထားတဲ့ ယူရို ၁၇၀ သန်း / ပေါင် ၁၄၅.၅ သန်း ကို ပေးချေဖို့ မပြင်ဆင်ထားပါဘူး။ အာဆင်နယ်ဟာ ယူရို ၁၅၀ သန်း / ပေါင် ၁၂၈ သန်း အောက်နဲ့ ရရှိဖို့သာ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူရေး ပြိုင်ပွဲမှာ လက်မလျှော့သေးဘဲ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကမ်းလှမ်းမှု မလုပ်မီ ကစားသမားရဲ့ သဘောတူညီချက်ကို စောင့်ဆိုင်းနေပါတယ်။
ဘာစီလိုနာဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမီယိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို လက်လျှော့လိုက်ပါပြီ။ အဓိက ကတော့ စပါး ဘက်က တောင်းဆိုထားတဲ့ မြင့်မားတဲ့ ငွေကြေးပမာဏကို မပေးချေနိုင်ဘူးလို့ ယူဆထားတာကြောင့် ဖြစ်ပါတယ်။
မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို အက်တလက်တီကိုမက်ဒရစ် အသင်းက စောင့်ကြည့်နေပါတယ်။ အက်တလက်တီကိုဟာ လစ်ဗာပူးလ် တောင်ပံ ကစားသမား ဖက်ဒရီကို ခီယေဇာကို ထွက်ခွာလာဖို့ စည်းရုံးခဲ့ပေမယ့် အီတလီ လက်ရွေးစင် ကစားသမား ကတော့ အန်ဖီးလ်မှာ သူ့ကိုယ်သူ သက်သေပြဖို့ပဲ ဆက်လက် ဆန္ဒရှိနေပါတယ်။
ချဲလ်ဆီး အသင်းဟာ ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ ပေါ်တို အသင်းနဲ့ အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးနဲ့ တိုက်စစ်မှူး ဖာရန် တောရက်စ် စတဲ့ ကစားသမား နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရိုးမား အသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်းဒရစ်ခ်ကို အပြီးသတ် ဝယ်ယူခွင့် အပါအဝင် အငှားနဲ့ ခေါ်ယူဖို့ စုံစမ်းနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကတော့ လူငယ် တိုက်စစ်မှူးကို အပြီးတိုင် အဆုံးရှုံးခံဖို့ ဝန်လေးနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


