နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသင်းအတွင်း စိတ်ဓာတ်ပိုင်း တိုးတက်လာမှုက ဆွီဒင်ရဲ့ ကမ္ဘာ့ဖလား အိမ်မက်ကို အကောင်အထည်ဖော်ပေးနိုင်လိမ့်မယ် ဆိုတဲ့ ယောကရက်စ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပလေးအော့ဖ်) ဆီမီးဖိုင်နယ်မှာ ဆွီဒင်က ယူကရိန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် ကတော့ သူတို့ အနေနဲ့ ဖီဖာရဲ့ အမြင့်ဆုံး ပြိုင်ပွဲဆီ အကောင်းဆုံး တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ်တာ ရောက်ရှိလာပြီး နောက်ပိုင်း ဆွီဒင် လက်ရွေးစင် အသင်း အတွင်း ပိုမိုကောင်းမွန်လာတဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတွေကည် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိရေး အတွက် များစွာ အထောက်အကူပြုလိမ့်မယ်လို့ ယောကရက်စ်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒဏ်ရာကြောင့် လက်ရွေးစင် အသင်း ပွဲစဉ်တွေနဲ့ လွဲချော်ခဲ့ရပေမယ့်လည်း အခုအခါ ပေါ်တာရဲ့ လက်အောက်မှာ ပထမဆုံးအကြိမ် အဖြစ် အသင်း အတွက် ပြန်လည် ကစားပေးခွင့်ရတော့မှာ ဖြစ်ပါတယ်။ 

ဆွီဒင် လက်ရွေးစင် အသင်းဟာ ယူကရိန်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ကို စပိန် နိုင်ငံက Estadio Ciudad de Valencia ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ကမ္ဘာ့ဖလား လက်မှတ် တစ်စောင် အတွက် ပိုလန် သို့မဟုတ် အဲလ်ဘေးနီးယားနဲ့ ဗိုလ်လုပွဲ ထပ်မံ ကစားရမှာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ဒဏ်ရာကြောင့် လွဲချော်နေချိန်မှာ အသက် ၂၇ နှစ် အရွယ် အာဆင်နယ် တိုက်စစ်မှူး ယောကရက်စ်က အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာဖို့ ရှိနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (B) မှာ ခြေစွမ်းပြနိုင်ဖို့ တော်တော်လေးကို ရုန်းကန်ခဲ့ရတာ တွေ့ရပြီး ၄ ပွဲ ကစားရာမှာ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၄ နေးရှင်းလိဂ် မှာတော့ ၆ ပွဲကစားရာမှာ ၉ ဂိုး အထိ သွင်းယူပြီး ဆွီဒင် လက်ရွေးစင် အသင်းကို ပလေးအော့ဖ် အဆင့်ထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

အောက်တိုဘာလက ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဂျွန်ဒါးလ် တိုမတ်စ်ဆင်ထက် ဂရေဟမ် ပေါ်တာရဲ့ လက်ထက်မှာ အသင်းသားတွေ အကြား ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာကြောင်း ယောကရက်စ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အခြေအနေတွေက ပိုပြီး အပြုသဘောဆောင်လာပါတယ်။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို နောက်မှာ ထားခဲ့ပြီး အခု ရင်ဆိုင်ရမယ့် ပွဲနဲ့ စတော့ဟုမ်းမှာ ကစားရမယ့် နောက်တစ်ပွဲ ကိုပဲ အာရုံစိုက်နေကြပါတယ်။ ဂရေဟမ်နဲ့ နည်းပြအဖွဲ့သစ်တွေ ရောက်လာတာဟာ အရင်က ရှုံးနိမ့်မှုတွေကို မေ့ပစ်ဖို့ ပိုလွယ်ကူစေသလို၊ ကမ္ဘာ့ဖလား တက်ဖို့လည်း အခွင့်အရေးကောင်း ရှိနေပါတယ်။” လို့ ယောကရက်စ်က ဆိုပါတယ်။

မကြာသေးခင်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ၂၀၂၆ ခုနှစ် အတွင်း ယောကရက်စ်ရဲ့ ဂိုးသွင်း မှတ်တမ်းက အားရစရာ ဖြစ်နေပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ သူ့ထက် ဂိုးပိုသွင်းထားနိုင်သူတွေ ဆိုလို့ အီဂေါ သီယာဂို၊ ယာအို ပက်ဒရို (၈ ဂိုးစီ) နှင့် ဘင်ဂျာမင် ရှက်စကို (၇ ဂိုး) တို့သာ ရှိပြီး ယောကရက်စ် ကတော့ ၆ ဂိုး သွင်းယူထားပါတယ်။

ဆွီဒင် လက်ရွေးစင် အသင်း ကတော့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြန်လည် ဝင်ရောက်ခွင့် ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ “ဖိအားတွေကို သိပ်မစဉ်းစားပါဘူး၊ အကောင်းဆုံး ကစားဖို့ပဲ အာရုံစိုက်ပါတယ်။ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဂိုးသွင်းချင်တာ သဘာဝပါ။ ဒီပွဲက အရမ်း အရေးကြီးပြီး ခက်ခဲတဲ့ပွဲ ဖြစ်လို့ အခွင့်အရေး နည်းနိုင်ပေမယ့် ရတဲ့ အခွင့်အရေးကို အသုံးချပြီး အနိုင်ရအောင် ကြိုးစားမှာပါ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်