နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ခက်ခဲစေဦးမယ့် စိန့် | မန်ချက်စတာယူနိုက်တက် – ဆောက်သမ်တန် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ဆောက်သမ်တန်

ခြေတက်နေတဲ့ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေခြင်းဟာ လက်တလော ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်တို့ အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်သွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရက်ဖ်ရန်းနစ်ခ် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ အခြေအနေအရ ဆိုရင် အဘက်ဘက်မှာ ရုန်းကန်နေရတယ်လို့ ပြောလို့ ရပါတယ်။ အဓိက တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကိုယ်တိုင် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ခြင်းနဲ့ အတူ တိုက်စစ်က ဂိုးပေါက် ပျောက်ဆုံးနေပြီး ကစားသမားတွေရဲ့ ပေါ့ပျက်တဲ့ ခြေစွမ်းကြောင့် နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့ရတာ ဆိုရင်လည်း မမှားပါဘူး။ ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဟမ်း တို့ကို အနိုင်ရခဲ့လို့ ယူနိုက်တက်တို့ ပုံမှန်ခြေစွမ်း ပြန်ရပြီလို့ ထင်ခဲ့ကြပေမယ့် မစ်ဒယ်ဘရော့ဒ်လို ချန်ပီယံရှစ် ကလပ် ကို ရှုံးပြီး အက်ဖ်အေဖလား စတုတ္ထအဆင့် ကနေပဲ ထွက်ခဲ့ရတဲ့ အပြင် နောက်ဆုံး ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာလည်း သရေ ၁ မှတ်ပဲ ရထားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်တို့ အဆင့် ၆ နေရာက အာဆင်နယ်ထက် ၂ ပွဲပိုကစားပြီး ၃ မှတ်သာ ဖြတ်ထားနိုင်တာက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ ရပါတယ်။ ကစားသမား ပိုင်းအရ မေဆင် ဂရင်းဝုဒ် ပါဝင်နိုင်ခြင်း မရှိတော့ပေမယ့် ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ ရှိနေလို့ တောင်ပံ အတွက် စိတ်ပူစရာ မရှိပေမယ့် ကစားသမားတွေ အချင်းချင်း အစေးမကပ်မှုက လိုအပ်နေတဲ့ ရလဒ်တွေနဲ့ ဝေးနေစေတာ ဖြစ်ပါတယ်။ ရန်းနစ်ခ် အနေနဲ့ ဒီအခြေအနေတွေကို အလျင်အမြန် ဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီး ဆောက်သမ်တန်လို အသင်းကောင်းတဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာလည်း မှန်ကန်တဲ့ နည်းစနစ် ဗျူဟာကို အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ တဲလက်စ်၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါးလော့တ်နဲ့ ဒါးဗစ် ဒက်ဟဲယား တို့ကိုတော့ အခုပွဲ ယူနိုက်တက်ရဲ့ လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ဆောက်သမ်တန် ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ တော်တော်လေး တိုးတက်လာတဲ့ အသင်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ရောက်ရှိနေတဲ့ ဆောက်သမ်တန်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ဆောက်သမ်တန် ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ တော်တော်လေး တိုးတက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ဝုဗ် တစ်သင်းတည်းကို ရှုံးထားပြီး ၅ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးကို သရေ၊ စပါးကို တစ်ပွဲ သရေ၊ တစ်ပွဲနိုင်၊ ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဟမ်း တို့ကို အနိုင်ကစားထားတဲ့ စိန့်တို့ရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာ ကောင်းနေပါတယ်။ အဓိက ကွင်းလယ်လူ ဝက်ပရောက်စ်ရဲ့ တိကျတဲ့ ပေးပို့မှုတွေ၊ Set Piece တွေနဲ့ တိုက်စစ်က ဘရိုဂျာ၊ အဒမ်၊ အဲလ်ယွန်နူဆီ တို့ရဲ့ အဆုံးသတ် ကောင်းမွန်မှုတွေက ဆောက်သမ်တန် ကို ရလဒ်တွေ ကောင်းနေစေတာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာပြသနာ ကင်းရှင်းနေပြီး ကြံ့ခိုင်မှု ပြည့်ဝနေတာ ကလည်း ဆောက်သမ်တန်ကို တောင့်တင်းတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေစေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

စီးရီးအေ
အတ္တလန်တာ
ဂျူဗင်တပ်စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု အရတော့ နောက်ဆုံး ကစားခဲ့တဲ့ ၂၁ ပွဲမှာ ယူနိုက်တက်တို့ ၁၁ ပွဲ အနိုင်ရထားတဲ့ အထိ အပြတ်အသတ် အသာရထားတာ တွေ့ရပါတယ်။ ဆောက်သမ်တန် ကတော့ ၂ ပွဲသာ ပြန်လည် အနိုင်ရထားခဲ့ပြီး ၂၀၁၆ ခုနှစ်က အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အိုးထရက်ဖို့ဒ် တွေ့ဆုံမှု ၆ ကြိမ်မှာ ယူနိုက်တက်က ၄ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ ယူနိုက်တက်က ၉ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် vs ဆောက်သမ်တမ်ဂိုးပေါ် 2.75@ 1.94
ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၇:၀၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ မန်ချက်စတာယူနိုက်တက် အတွက် ၁.၅၇ ဆ၊ ဆောက်သမ်တန် အတွက် ၅.၈၀ ဆနဲ့ သရေ အတွက် ၃.၈၅ ဆ ကြေးဖွင့်ထားပါတယ်။ အစဉ်အလာအရတော့ စိန့်ဟာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ ရန်းနစ်ခ်တို့ အုပ်စု အတွက် စိန့်ဟာ ခက်ခဲခြင်း အပြည့် ယူဆောင်လာနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယူနိုက်တက် လုံးဝ အမှားခံလို့ မရတဲ့ အခြေအနေ ဖြစ်တာကြောင့် ကျိန်းသေပေါက် အားစိုက်လာနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အတွေးများပြီး ရွေးချယ်ရခက်နေမှာ အသေအချာပါပဲ။ ဒါကြောင့် ပိုပြီး စိတ်ချရတဲ့ ဂိုးပေါင်းကို စဉ်းစားဖို့ အကြံပြုချင်ပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ နှစ်သင်းပေါင်း သွင်းဂိုး အနည်းဆုံး ၂ ဂိုးနဲ့ အထက် ရှိနေခြင်းက ဒီတစ်ကြိမ် မှာလည်း ဂိုးပေါင်း အပေါ်ကိုပဲ ရွေးချယ်ဖို့ စိတ်အား ထက်သန်နေစေပါလိမ့်မယ်။ မဖြစ်မနေ ရွေးချယ်ပါ ဆိုရင်တော့ အသင်းကြီး ဖြစ်သလို အိမ်ရှင်လည်း ဖြစ်နေတဲ့ ယူနိုက်တက်ကိုပဲ ရွေးချယ်မိမှာပါ။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်