နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆိုးလ်ရှား အတွက် ရော်နယ်ဒို ရှာဖွေပေးခဲ့တဲ့ နောက်ထပ် နိုင်ပွဲ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၃ – ၂ အတ္တလန္တာ 

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၃)ရဲ့ ဒုတိယနေ့ ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်တို့ စီးရီးအေ ကလပ် အတ္တလန္တာကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစား သွားခဲ့ပါတယ်။ ထုံးစံအတိုင်း ဆိုးလ်ရှားရဲ့ အသင်းက ပြိုင်ဘက် အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ တောက်လျောက် ပြန်လည် သွင်းနိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာလည်း အနိုင်ဂိုးရှင် ရော်နယ်ဒိုဟာ ဆိုးလ်ရှား အတွက် ကယ်တင်ရှင် ဖြစ်ခဲ့ပြန်သလို ယူနိုက်တက် အတွက် ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဆိုးလ်ရှားရဲ့ အသင်းက ကွင်းလယ်လူ ပေါ့ဘာကို ပထမလူစာရင်း ကနေ ချန်လှပ်ထားခဲ့ပြီး ခံစစ်မှာ ဗာရန်း မသက်သာသေးလို့ လင်ဒီအော့ဖ်နဲ့ မက်ဂွိုင်းယားကိုပဲ တွဲဖက် ကစားစေခဲ့ပါတယ်။ တောင်ပံမှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ပါဝင်လာခဲ့သလို ယန်းဘွိုင်းစ်နဲ့ ပွဲမှာ အနီကတ် ပြစ်ဒဏ်ထိခဲ့တဲ့ ဝမ် ဘစ်ဆာခါလည်း အယူခံ အောင်မြင်လို့ ဒီနေ့ပွဲမှာ ပြန်လည် ပွဲထွက် ကစားနိုင်ခဲ့ပါတယ်။ အတ္တလန္တာ မှာတော့ အဓိက ကစားသမား ၅ ဦးလောက် ဒဏ်ရာရနေလို့ အီလီချစ်ခ်၊ မြူရီရယ်၊ ပါဆာလစ်၊ မေးလ် တို့ကို ကု့ပ်မိုင်နာ၊ ပါလိုမီနို တို့နဲ့ တွဲဖက် အသုံးပြုခဲ့ရပြီး ၃-၄-၁-၂ ကစားကွက်နဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပါတယ်။

အတ္တလန္တာ ကတော့ လူမစုံပေမယ့် အကောင်းဆုံး ကြိုးစား အားထုတ်သွားခဲ့ပြီး ယူနိုက်တက်ကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ဒီရာသီ ချန်ပီယံလိဂ် ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (F)ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အတ္တလန္တာ

ရမှတ် လိုအပ်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေလို့ ပွဲအစတည်းက နှစ်သင်းလုံး အင်တိုက် အားတိုက် ကစားလာခဲ့ကြပြီး အခွင့်အရေး ကောင်းတွေလည်း ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ပွဲချိန် ၁၅ မိနစ် မှာတော့ တောင်ပံက ဇာပါကော်စတာ ချိုးပေးတဲ့ ဘောလုံးကို မာရီယို ပါဆာလစ် က ယူနိုက်တက် နောက်ခံလူတွေ ကြားကနေ အပိုင် ပိတ်သွင်းသွားခဲ့လို့ အတ္တလန္တာတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ အပိုင် အခွင့်အရေး တွေ တောက်လျောက် ရနေခဲ့ပေမယ့်လည်း ပွဲချိန် ၂၉ မိနစ်မှာ ဒါမီရယ်ရဲ့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ ရပြီး ပထမပိုင်း အပြီးမှာ ၀-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း အတ္တလန္တာ ဘက်က ဒါမီရယ် ထွက်ခွာသွားချိန် မှာတော့ ခံစစ်ပိုင်း သိသိသာသာ အားနည်းသွားပြီး ယူနိုက်တက်ရဲ့ ပထမပိုင်းနဲ့ လုံးဝမတူတော့တဲ့ ခြေစွမ်းကြောင့်လည်း ပွဲရလဒ် ပြောင်းလဲဖို့ အကြောင်းဖန် လာခဲ့ပါတော့တယ်။ ပွဲချိန် ၅၃ မိနစ် မှာတော့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဖာနန်ဒက်စ် ထိုးပေးတဲ့ ဘောလုံးကို တောက်လျောက် ဆွဲပြေးပြီး ချေပဂိုး စတင်ရယူပေးခဲ့ ပါတယ်။ အဲ့နောက် ၇၅ မိနစ် မှာ မက်ဂွိုင်းယားက ဖာနန်ဒက်စ်ရဲ့ ကန်တင် ပေးပို့မှု ကနေပဲ ဒုတိယ ချေပဂိုး သွင်းယူ ပေးခဲ့ပြီး ၈၁ မိနစ် မှာတော့ လုခ်ရှော တင်ပေးတဲ့ ဘောလုံးကို ရော်နယ်ဒိုက ခေါင်းတိုက် ပိတ်သွင်းပေးခဲ့လို့ ယူနိုက်တက်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဆိုးလ်ရှား အနေနဲ့ အနိုင်ဂိုးကို ထိန်းကစားသွားခဲ့လို့ ၃-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ယူနိုက်တက်တို့ ချန်ပီယံလိဂ် ၂ ပွဲဆက် အမှတ်ပြည့် ရှာဖွေ သွားနိုင်ခဲ့ပါတော့တယ်။
 

ပွဲပြီးသုံးသပ်ချက်

 

 
ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးကန်ချက် ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အတ္တလန္တာတို့ ကတော့ ၁၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် တစ်ဦးတည်း အခွင့်အရေး ဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်မှာ အခွင့်အရေး ဖန်တီးမှု အများဆုံး ပြုလုပ်နိုင်တဲ့ ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်တို့ အနေနဲ့ ကလည်း ချန်ပီယံလိဂ်မှာ ၃ ကြိမ်မြောက် ၂ ဂိုးပြတ် ရှုံးနိမ့်နေပြီးမှ ၃ ဂိုး ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို ကတော့ အိုလီဂန်နာ ဆိုးလ်ရှား အတွက် အသက်ရှူချောင်ဆေး လို့တောင် ပြောရမလို ဖြစ်နေပါပြီ။ ယူနိုက်တက် လိုအပ်နေချိန်တိုင်းမှာ တတ်နိုင်သမျှ ရော်နယ်ဒို တစ်ယောက် အမြဲရှိပေးခဲ့ပြန်ပြီး အဓိက ကတော့ ဆာအဲလက်စ်ဖာဂူဆန် ကိုပဲ ကျေးဇူးတင်ရမှာပါ။ ဆာအဲလက်စ်သာ ရော်နယ်ဒိုကို ခေါ်ယူဖို့ မညွှန်ကြားခဲ့ရင် ဆိုးလ်ရှားနဲ့ ယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်းက ရေရှည် အတွက် နောက်ထား ရေတို အတွက်တောင် မတွေးဝံ့စရာပါပဲ။ အတ္တလန္တာ ကတော့ လူမစုံပေမယ့် အကောင်းဆုံး ကြိုးစား အားထုတ်သွားခဲ့ပြီး ယူနိုက်တက်ကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် ဒီရာသီ ချန်ပီယံလိဂ် ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာ ယူနိုက်တက်တို့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ  ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လစ်ဗာပူးလ်တို့ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အတ္တလန္တာ ကတော့ စီးရီးအေ ပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အူးဒီးနီးစ်ကို အိမ်ကွင်း မှာ ဧည်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်