နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မန်ချက်စတာ ယူနိုက်တက်တို့ ရော်နယ်ဒို ဆီက ဘာတွေ ပြန်ရနိုင်မလဲ။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ အာဆင်နယ် ပြီးရင် ကစားသမား ခေါ်ယူမှု အတွက် ငွေ အများဆုံး သုံးခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် ဖြစ်ပါတယ်။ ကစားသမား ၃ ဦး အတွက် ပေါင် ၁၂၆ သန်း အထိ သုံးစွဲခဲ့ရပေမယ့် ဂျေဒန် ဆန်ချိုနဲ့ ဗာရန်း အပြင် ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမားကိုမှ ရအောင် ပြန်ခေါ်နိုင်ခဲ့လို့ ယူနိုက်တက် အတွက် ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ဟာ တကယ့်ကို ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။

ဆန်ချိုနဲ့ ဗာရန်းဟာ ယူနိုက်တက်ကို ချန်ပီယံ ပြေးလမ်းတွေပေါ်မှာ အတောင့်တင်းဆုံး ရပ်တည်နိုင်ရေး အတွက် မှန်ကန်တဲ့ ခေါ်ယူမှုတွေ ဖြစ်ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လက်တလော အောင်မြင်မှု အတွက် သာမက အနာဂတ် အတွက်ပါ အကျိုးရှိစေနိတဲ့ ကစားသမား ဖြစ်လို့ သရဲနီတို့ အတွက် တကယ့်ကို ပြောင်မြောက်တဲ့ ခေါ်ယူမှု လို့တောင် ပြောနိုင်ပါတယ်။

ဒီလိုပြောလို့ ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် ဆုဖလားတွေ ရယူပေးနိုင်မယ့်သူ ဆိုပြီး တထစ်ချ ယုံကြည်ထားလို့တော့ မရပါဘူး။ အသင်း တစ်သင်း အောင်မြင်တယ်။ မအောင်မြင်ဘူး ဆိုတာကို ဆုဖလားရခြင်း၊ မရခြင်းနဲ့ တိုင်းတာကြပေမယ့် အားလုံးသိတဲ့ အတိုင်း ဘောလုံးဟာ တစ်ဦး တစ်ယောက်တည်း ထူးချွန်ပြီး တော်နေရုံနဲ့ အောင်မြင်မှု မရနိုင်တဲ့ အားကစား ဖြစ်ပါတယ်။ အဲ့တော့ ရော်နယ်ဒို အနေနဲ့ ယူနိုက်တက် အတွက် ချန်ပီယံဆုတွေ ရယူပေးနိုင်တဲ့ ကစားသမား ဟုတ်/မဟုတ် ဆိုတာ တက်အပ် ပြောလို့ မရပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုဟာ အသုံးချရင် ချတတ်သလို သွင်းဂိုးတွေနဲ့ ဆုဖလား အောင်မြင်မှု တွေထက် ပိုပြီး အဖိုးတန်တဲ့ အရာတွေ ပြန်ပေးနိုင်သူ ဆိုတာတော့ သေချာပါတယ်။
 
ပါရမီရှင် မဟုတ်သော ညဏ်ကြီးရှင်

အရင်ဆုံး ရော်နယ်ဒိုရဲ့ အားသာချက်တွေကို ပြောရမယ် ဆိုရင် အားလုံးသိထားတဲ့ အတိုင်း မက်ဆီ လိုပဲ ဘောလုံး သမိုင်းရဲ့ ထာဝရ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရသူ၊ အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်သူ။ ဘောလုံး ပါရမီရှင် မဟုတ်ပေမယ့် ဘောလုံး ညဏ်ကြီးရှင်။ တစ်နည်းအားဖြင့် Living Legends တစ်ဦးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

မက်ဆီ လောက် ဘောလုံးပါရမီ ရင့်သန်သူ တစ်ဦး မဟုတ်ပေမယ့် ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို စနစ်တကျ တည်ဆောက်နိုင်မှု၊ စိတ်အားထက်သန်မှု အပိုင်းတွေမှာ လက်ရှိ အချိန်ထိ မက်ဆီ အပါအဝင် ဘယ်သူမှ ရော်နယ်ဒိုကို မယှဉ်နိုင်သေးဘူး လို့တောင် ပြောလို့ ရပါတယ်။
 
ကြိုးစားအားထုတ်မှု၊ ကိုယ့်ကိုယ်ကို တည်ဆောက်နိုင်မှု၊ ယုံကြည်မှု၊ စိတ်အားထက်သန်မှု

 
ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှု ဘယ်လောက် ရှိတယ်ဆိုတာ ရာသီ အလိုက် သွင်းဂိုး အရေအတွက်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းကစပြီး ရော်နယ်ဒိုဟာ တစ်ရာသီကို ပုံမှန် ဂိုး ၂၀ နဲ့အထက် သွင်းယူထားတာ တွေ့ရပါတယ်။ ဘယ်အသင်းကို ပြောင်းပြောင်း အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံ အသင်း အတွက် ဆိုရင် တာဝန်ကျေတာထက် ပိုနေပြီလို့ ပြောရပါမယ်။ ပေါ်တူဂီ အတွက် ပွဲပေါင်း ၁၈၀ ကစားပြီး ၁၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့သလို လက်ရှိမှာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ စံချိန်သစ်နဲ့ အတူ ဂင်းနစ် မှတ်တမ်းဝင်တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါပြီ။ တစ်ဦးချင်း‌ အောင်မြင်မှု အရ ရော်နယ်ဒို မရဖူးတဲ့ဆု မရှိသလို ဆုဖလား အောင်မြင်မှု ဆိုရင်တော့ ကမ္ဘာ့ဖလားပဲ ကျန်ပါတော့တယ်။

ဒီနေ့အထိ လေ့ကျင့်ရေးကွင်းကို အစောဆုံး ရောက်ပြီး နောက်ဆုံးမှ ပြန်တတ်တဲ့ ရော်နယ်ဒိုဟာ သမားရိုးကျ ကြိုးစားရုံပဲ ကြိုးစားခဲ့နေသူ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို စနစ်တကျ တည်ဆောက်နိုင်ခဲ့သူ ဖြစ်သလို အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး အမြဲတမ်း ပြုပြင်ပြောင်းလဲဖို့ ဝန်မလေးခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ရော်နယ်ဒိုဟာ အသက် ၂၀ ဝန်းကျင် လောက်မှာ ကိုယ်ရည်သွေးတတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ၂၀၀၆ ကမ္ဘာ့ဖလားမှာ ရွန်နီနဲ့ ဖြစ်ခဲ့တဲ့ ပြသနာက ရော်နယ်ဒိုကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီး အခက်အခဲနဲ့ ရင်ဆိုင်ရတိုင်းမှာ အကောင်းဆုံး ကျော်ဖြတ်ဖို့ အတွက် တွန်းအား တစ်ရပ်လို ဖြစ်ခဲ့ပါတယ်။ ရွန်နီရဲ့ သဘောထားကြီးမှုနဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ထိန်းကျောင်းမှုက ရော်နယ်ဒိုကို ကယ်တင်ခဲ့သလို သူကိုယ်တိုင်လည်း ဝေဖန် ထိုးနှက်မှုတွေ အောက်ကနေ အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့တာကြောင့် အောင်မြင်မှု လမ်းကြောင်းမှန်ပေါ် ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
လျှို့ဝှက်ချက် မရှိတဲ့ အောင်မြင်မှု

ရော်နယ်ဒိုရဲ့ အကြောင်းကို အကျယ်တဝင့် ချီးမွမ်းခန်း ဖွင့်ပြီးတဲ့နောက် ရော်နယ်ဒို ဆီကနေ ဘာတွေ ပြန်ရနိုင်မလဲ ဆိုရင်တော့… ‘ယူတတ်ရင် ယူတတ်သလို အကျိုးရှိတာ မှန်သမျှ အကုန် ရနိုင်ပါတယ်’။ ဟုတ်ပါတယ်။ ရော်နယ်ဒိုရဲ့ အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက် မရှိပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ သူ့လို မဟုတ်ရင်တောင် သူ့လောက်နီးနီး စိတ်ရော၊ ကိုယ်ပါ တည်ဆောက်နိုင်ရင် မအောင်မြင်နိုင်စရာ အကြောင်း လုံးဝ မရှိပါဘူး။ ဒါဟာ မန်ချက်စတာယူနိုက်တက် အသင်းမှ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်း ရော်နယ်ဒို ဆီက ရနိုင်တဲ့ အကျိုးရလဒ် တစ်ခု ဖြစ်ပါတယ်။ ဘောလုံး ရှုထောင့်က ကြည့်ရင် ရော်နယ်ဒို ဆီက သွင်းဂိုးတွေ ကျိန်းသေပေါက် ရနိုင်သလို ဆုဖလား အောင်မြင်မှု တွေလည်း ရဖို့ အလားအလာ ရှိပါတယ်။ အတွေးအခေါ် ရှုထောင့် ကနေ ဆိုရင်တော့ တစ်သက်လုံး အတွက် အဖိုးမဖြတ်နိုင်တဲ့ အသိပညာတွေ ရနိုင်ပါလိမ့်မယ်။ လောလောဆယ်တော့ ရော်နယ်ဒိုကြောင့်  ယူနိုက်တက်တို့ လူမှုကွန်ယက်၊ စတော့ခ် ရှယ်ယာ ဈေးကွက်နဲ့ စီးပွားရေး အကျိုးအမြတ်တွေ စတင် ရရှိနေခဲ့ပါပြီ။
 
ရော်နယ်ဒိုက ယူနိုက်တက်ကို ဘယ်လောက်အထိ ပြောင်းလဲ တိုးတက်စေနိုင်လဲ။

နောက်တစ်ချက်က သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ရင်းနှီးပြီးသား ဖြစ်သလို မတူညီတဲ့ လိဂ်တွေ မှာ ကစားခဲ့ပေမယ့် ဂိုးသွင်းဖို့ ဘယ်တုန်းကမှ မခက်ခဲခဲ့ခြင်းက သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပါ။
ယူနိုက်တက် အတွက် ၂၉၂ ပွဲ ကစားပေးခဲ့ပြီး ၁၁၈ ဂိုးသွင်းယူ ပေးထားတဲ့ စီရော်နယ်ဒို

ဒီမေးခွန်း အတွက် အဖြေက ရှင်းပါတယ်။ ရော်နယ်ဒို ကတော့ သူ့ရဲ့ ထုံးစံအတိုင်း ဘယ်နေရာ ရောက်ရောက် သူလုပ်နိုင်သမျှ သူလုပ်မှာပဲ။ သူ့ရဲ့ ကျွမ်းကျင်မှုကို အကောင်းဆုံး အသုံးချဖို့ ကြိုးစားမယ့်သူ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သတ်လို့ ဝင်ပြီး စွက်ဖက်မယ့် ကစားသမား မဟုတ်သလို ဘယ်တုန်း ကမှလဲ ဘယ်နည်းပြ ကိုမှ ဝင်ပြီး အကြံပေးခဲ့တဲ့သူ မဟုတ်ပါဘူး။ သူလက်ခံထားတာက ဘယ်လို နည်းစနစ်၊ ဘယ်လို ကစားကွက်မျိုးနဲ့ မဆို အံဝင်အောင် ကစားပြီး ဂိုးသွင်းနိုင်ဖို့ ကြိုးစားမယ်။ အသက်အရွယ်အရ တစ်ကွင်းလုံး ပတ်ကစားဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာ နေရာလွတ် ရှာမယ်။ အခွင့်အရေး စောင့်မယ်။ အခွင့်အရေး ရလာချိန်မှာ အကောင်းဆုံး အဆုံးသတ်မယ်။ ဒါပါပဲ။ နောက်တစ်ချက်က သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ရင်းနှီးပြီးသား ဖြစ်သလို မတူညီတဲ့ လိဂ်တွေ မှာ ကစားခဲ့ပေမယ့် ဂိုးသွင်းဖို့ ဘယ်တုန်းကမှ မခက်ခဲခဲ့ခြင်းက သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပါ။ အဲ့တော့ ယူနိုက်တက် အတွက် အရေးအကြီးဆုံးက ရော်နယ်ဒို မဟုတ်တော့ပါဘူး။ ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့ ဗျူဟာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ဘယ်လို အသုံးချမလဲ ဆိုတာ ကလည်း ဆိုးလ်ရှား အတွက် အထွေအထူး စဉ်းစားနေဖို့ မလိုဘူးလို့ပဲ ထင်ပါတယ်။ ပေါ့ဘာ၊ ဖာနန်ဒက်စ် တို့လို ဖန်တီးမှု အားကောင်းတဲ့ ကစားသမားတွေ ရှိနေတဲ့ အတွက် ရော်နယ်ဒိုနဲ့ ချိတ်ဆက် ကစားဖို့ ဆိုတာ ဘာမှ မခက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ ဂျူဗင်တပ်စ်လို ဖြစ်မသွားဖို့ပါပဲ။ နည်းပြက ရော်နယ်ဒိုကို အားကိုးရုံ ကလွဲလို့ ဘာမှမလုပ်တတ်ခဲ့သလို အသင်းဖော်တွေ ကလည်း ရော်နယ်ဒို ဆီက ကောင်းတဲ့ အချက်တွေကို အနီးကပ် လေ့လာရမယ့် အချိန်မှာ မနာလိုဖို့ပဲ သိခဲ့တဲ့ အတွက် ဖလား လက်မဲ့ ရာသီနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 
ယူနိုက်တက် အတွက် ရာသီကုန် ဆုဖလား မျှော်လင့်ချက်

မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆိုးလ်ရှား ကြောင့်လို့ပဲ ပြောရပါမယ်။ တူချယ်၊ ဂျာဂျင်ကလော့ပ်၊ ဂွာဒီယိုလာ တို့ဟာ ဆိုးလ်ရှား ထက် နည်းစနစ် ကျွမ်းကျင်မှု၊ အတွေ့အကြုံ အစစအရာရာ သာတဲ့ နည်းပြတွေ ဖြစ်ပါတယ်။ ပြီးတော့ ယူနိုက်တက်ထက် ပိုပြီး အခြေကျတဲ့ ကစားသမား စုဖွဲ့မှုလည်း ရှိထားပြီးသား ဖြစ်လို့ ရော်နယ်ဒို ရှိလာတဲ့ အချိန်မှာလည်း ဆိုးလ်ရှားရဲ့ အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်ဦးမယ့် အလားအလာ မမြင်ရသေးပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် အပါအဝင် ရှုံးထွက် ပြိုင်ပွဲမျိုးမှာ ဆိုရင် ခြေစွမ်း ပိုပြနိုင်တဲ့ ကစားသမား ဖြစ်လို့ ယူနိုက်တက် တို့ရဲ့ ဆုဖလား ရနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ရော်နယ်ဒို ကတော့ ၁၃ နှစ်ကြာ ဝေးကွာခဲ့တဲ့ မန်ချက်စတာမြေကို ပြန်လည် ခြေချပြီး ပထမဦးဆုံး ရာသီမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူလိုကြောင်း အသင်းဖော် တွေကို အသိပေး ပြောကြားထားခဲ့ ပြီးပါပြီ။ လက်တွေ့ အကောင်အထည် ဖော်နိုင်၊ မဖော်နိုင် ဆိုတာတော့…စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်