နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိနစ် ၉၀ အတွင်း အနိုင်အရှုံး အဖြေ မပေါ်နိုင်ဘူး (နေးရှင်းလိဂ်တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက်)

အီတလီ – ဘယ်လ်ဂျီယံ

ဒီနေ့ည မှာတော့ နေးရှင်းလိဂ် တတိယနေရာလုပွဲ အဖြစ် အီတလီနိုင်ငံ၊ တူရင်မြို့က အလိုင်းယန့်ဇ် ကွင်းမှာ အီတလီနဲ့ ဘယ်လ်ဂျီယံတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

နှစ်သင်းလုံးက ဥရောပရဲ့အကောင်းဆုံးအသင်းတွေပါ။ ရိုမယ်လူ လူကာကူ၊ ဟာဇက်၊ ဒီဘရိုင်း၊ ကော့တိုးရစ် အစရှိတဲ့ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဘယ်လ်ဂျီယံဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ယူရိုချန်ပီယံအီတလီကလည်းနည်းပြ မန်ချီနီလက်ထက်မှာအတည်ငြိမ်ဆုံးခြေစွမ်း၊ခံစစ်တိုက်စစ်မျှတမှုနဲ့အကောင်းဆုံးအခြေအနေကိုပိုင်ဆိုင်ထားပါတယ်။နေးရှင်းလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အကောင်းဆုံး ပုံစံတွေ ရှိနေပေမယ့် ကံကြမ္မာရဲ့မျက်နှာသာပေးမှု မရခဲ့ခြင်းနဲ့ အတူ ရှုံး ပွဲ ကိုယ်စီ ကြုံတွေ့ခဲ့ကြလို့ တတိယနေရာအတွက် အားပြိုင်ကြရမှာပါ။ ဒီနှစ်သင်းဟာ နောက်ပိုင်း နှစ်တွေမှာ မကြာခဏဆိုသလို ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် အီတလီ အသာရတာ ပိုများပါတယ်။ အထူးသဖြင့် ဒွန်နာရူးမားရဲ့တည်ငြိမ်တဲ့ လက်စွမ်း၊ ဘိုနူချီနဲ့ ခီလီနီ တို့ရဲ့အတည်ငြိမ်ဆုံး ခံစစ်၊ ပယ်လီဂရီနီ၊ ဂျော်ဂျင်ဟို၊ လိုကာတယ်လီတို့ရဲ့ ကွင်းလယ် အစုအဖွဲ့နဲ့ ခီယေဇာ၊ ဘာရာဒီ တိုက်စစ် ကလည်း ဥရောပချန်ပီယံရဲ့တိုက်စစ်ကို အကောင်းဆုံးပုံဖော်ပေးထားနိုင်တာ တွေ့ရပါတယ်။

 
ဘယ်လ်ဂျီယံဘက်ကိုကြည့်ရင်လည်းကစားသမားစုဖွဲ့မှုကတော်တော်လေးတော့အားရစရာပါပဲ။နေရာစုံမှာကမ္ဘာ့အဆင့်ကစားသမားတွေပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ တစ်ခုရှိတာက ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ထက်စာရင် အီတလီ နည်းပြ မန်ချီနီက နည်းဗျူဟာပိုင်း၊ အတွေ့အကြုံပိုင်းမှာ နှာတစ်ဖျား အသာရနေတာ ဖြစ်ပါတယ်။ ဒီနည်းပြ နှစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် အဖြစ် အကြိ မ်ကြိမ်ရင်ဆိုင်ခဲ့ဖူးသလို ပရီးမီးယားလိဂ်ကစားသမား အများစုနဲ့ စုဖွဲ့ထားတဲ့ ဘယ်လ်ဂျီယံကို ပရီးမီးယားလိဂ် အထာနပ်တဲ့ မန်ချီနီ တစ်ယောက် ဘယ်လိုနည်းဗျူဟာတွေနဲ့ ရင်ဆိုင်လာမလဲ ဆိုတာ ကတော့ စိတ်၀င်စားစရာအကောင်းဆုံး ပါပဲ။ လက်ရှိ ဘယ်လ်ဂျီယံရဲ့တိုက်စစ်နဲ့ ကွင်းလယ်က ပြိုင်ဘက်ကင်း အဆင့်မှာ ရှိနေတယ်ဆိုပေမယ့် အသင်းခေါင်းဆောင် ဟာဇက် ကြံ့ခိုင်မှု မပြည့်ဝတာ၊ မြူနီယာ ဒဏ်ရာပြဿနာရှိနေတာနဲ့ ဗာတွန်ဂန်၊ အယ်လ်ဒါဝီရယ်လ် တို့ရဲ့ နောက်တန်းက မကြာခဏ နားလည်မှု လွဲချော်နေတာက နည်းပြ မာတီနက်ဇ် အတွက် ခေါင်းခဲစရာ ပါပဲ။ အီတလီ နည်းပြ မန်စီနီအတွက်လည်း ထို့နည်းတူပါပဲ။ အသင်းခေါင်းဆောင် ခီလီနီ ကြံ့ခိုင်မှု မပြည့်၀ သလို ဒုတိယ အသင်းခေါင်းဆောင် ဘိုနူချီ ကလည်း စပိန်နဲ့နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အနီကတ်ထိထားခဲ့တဲ့ အတွက် ပါ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေဟာ ဘယ်လ်ဂျီယံ တိုက်စစ်က ကာရက်စ်ကိုနဲ့ လူကာကူကို ထိန်းချုပ်ဖို့ အီတလီ အတွက်စိန်‌ခေါ်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့နှစ်သင်းလုံးခံစစ်လိုအပ်ချက်ကိုယ်စီရှိနေကြလို့နည်းပြနှစ်ဦးရဲ့နည်းဗျူဟာအခင်းအကျင်းကဒီပွဲရဲ့အသက်ဖြစ်လာပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ၁၂ကြိမ် ထိပ်တိုက်တွေ့ဆုံမှု အရ ရလဒ်ပိုင်း သိပ်ပြီး ကွာဟမှု မရှိပါဘူး။ ဘယ်လ်ဂျီယံက၃ကြိမ်နိုင်၊အီတလီက၅ကြိမ်နိုင်ပြီး၄ကြိမ်ကတော့သရေကျထားပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိခဲ့တာ သိသာပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အဓိကပြိုင်ပွဲ နှစ်ခုလုံး မှာတော့ အီတလီတို့ ၂ ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။
 

အီတလီ – ဘယ်လ်ဂျီယံ

??
အီတလီ – ဘယ်လ်ဂျီယံ အချိန်ပြည့် 1X2 သရေ @ ၃.၃၀ ဆ
အောက်တိုဘာလ၁၀ ရက် , ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ အီတလီအတွက် ၂.၁၀ ဆနဲ့ ဘယ်လ်ဂျီယံအတွက် ၃.၃၀ဆ ကြေးဖွင့်ပြီး သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အီတလီရဲ့လက်ရှိ ခြေစွမ်းအရ ဘယ်ပြိုင်ဘက်ရဲ့နောက်တန်းကို မဆို ကျော်ဖြတ်ပြီး ဂိုးသွင်းဖို့ မခက်ပေမယ့် နောက်တန်း ကလည်း ဂိုးပြန်ပေးနေ ရပါတယ်။ ဘယ်လ်ဂျီယံရဲ့တိုက်စစ်ကလည်း မေးခွန်း ထုတ်စရာအခြေအနေမရှိတဲ့ အတွက် နှစ်သင်း‌ေပါင်း သွင်းဂိုး အများဘက်ကို ဦးတည်မယ်လို့ မျှော်လင့်ရပါတယ်။ မိနစ် ၉၀ သရေ ရလဒ်က နှစ်သင်းလုံး အတွက်အမျှတဆုံး ဖြစ်လာနိုင်ပါတယ်။ မဖြစ်မနေ ရွေးချယ်ပါ ဆိုရင်တော့ အီတလီဘက်မှာပဲ ထပ်ပြီး အရဲစွန့် ရပ်တည်မိပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်