နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ အနိုင်ရဖို့ မခက်တဲ့ပွဲ -ယူရို ၂၀၂၀ ပွဲကြို သုံးသပ်ချက်

ဟန်ဂေရီ – ပြင်သစ်

မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၇:၃၀ နာရီမှာယူရို ၂၀၂၀ အုပ်စု(F)က ဟန်ဂေရီနဲ့ ပြင်သစ်တို့ ဘူဒါပတ်စ်မြို့၊ ပွတ်ရှ်ကတ်စ် အရီးနားမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပွဲဦးထွက်မှာ ဂျာမနီကို ၁-၀နဲ့ ကပ်နိုင်ထားတဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်တို့ ပေါ်တူဂီကို ပွဲပြီးခါနီးမှ ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ ဟန်ဂေရီနဲ့ တွေ့ဆုံနေလို့ အလွယ်တကူ အနိုင်ရဖို့ ရှိပြီး တစ်ဖက်က ဂျာမနီ-ပေါ်တူဂီ တွေ့ဆုံမှုကို အခွင့်ကောင်းယူရင်း ရှုံးထွက်အဆင့်ကို ခပ်စောစော တက်ရောက်သွားမယ့် သဘော ရှိနေပါတယ်။

 
ဟန်ဂေရီက ယူရို ၂၀၂၀ အဖွင့်ပွဲမှာ လက်ရှိ ချန်ပီယံပေါ်တူဂီကို မာမာထန်ထန် တုန့်ပြန်ကစားနိုင်ခဲ့ပေမယ့် မိနစ် ၈၀ ကျော်မှာ ဂိုးတွေ ဆက်တိုက်ပေးလိုက်ရလို့ အသဲကွဲခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ တခြား အိမ်ရှင် နိုင်ငံတွေထက် ကွင်းထဲမှာ ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့် ပိုရထားတဲ့ ဟန်ဂေရီတို့ အခုပွဲမှာလည်း ပြင်သစ်ကို ပရိသတ်အားနဲ့ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းလာဦးမှာ သေချာပါတယ်။ဟန်ဂေရီမှာ ပရိသတ်အား တစ်ခုတည်း ရှိတာတော့ မဟုတ်ပါဘူး။ ဇာလာအီ၊ အော်ဘန်၊ ဂူလက်ရှီတို့ရဲ့ ဦးဆောင်မှုနဲ့ အတူ မာကျောတဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ပေမယ့် အရန်အင်အား မတောင့်တင်းခြင်းက အသင်းကြီးတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ဟန်ဂေရီ တို့ကို အားအနည်းဆုံး ဖြစ်နေစေခဲ့တာပါ။ ဒါပေမယ့် ဘောလုံးသမိုင်းမှာ အစဉ်အလာရှိခဲ့တဲ့ ဟန်ဂေရီတို့ရဲ့ အားသာချက်က ဘယ်လို ပြိုင်ဘက်မျိုးကိုမှ ကြောက်ရွံ့တတ်ခြင်း မရှိတာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ပေါ်တူဂီ ကိုတောင် ခက်ခဲစေခဲ့တဲ့ ဟန်ဂေရီတို့ အခုပွဲမှာလည်း ကမ္ဘာ့ချန်ပီယံဆိုပြီး ပြင်သစ်ကို ရှိန်နေမှာ မဟုတ်တာ သေချာပါတယ်။ အီတလီလူမျိုး နည်းပြ ကိုင်တွယ်နေတဲ့ အသင်းပီပီ ခံစစ်ကို အခိုင်အမာ တည်ဆောက်ပြီး ပြင်သစ်ကို တန်ပြန် တိုက်စစ်နဲ့ပဲ ရင်ဆိုင်လာဖို့ များပါတယ်။ လူစာရင်းကိုလည်း သိပ်ပြီး ပြောင်းလဲလာမှာ မဟုတ်ပါဘူး။တစ်ခုတော့ ရှိပါတယ်။ ဟန်ဂေရီ အတွက် ၈၄ မိနစ် တောင့်ခံနိုင်ရုံနဲ့တော့ မလုံလောက်ပါဘူး။ မိနစ် ၉၀ အပြည့် တောင့်ခံနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဟန်ဂေရီကယူရို၂၀၂၀အဖွင့်ပွဲမှာလက်ရှိချန်ပီယံပေါ်တူဂီကိုမာမာထန်ထန်တုန့်ပြန်ကစားနိုင်ခဲ့ပေမယ့်မိနစ်၈၀ကျော်မှာဂိုးတွေဆက်တိုက်ပေးလိုက်ရလို့အသဲကွဲခဲ့ရတဲ့အသင်းဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဟန်ဂေရီ

ပြင်သစ်တို့ အဖွင့်ပွဲမှာ အနိုင်ရထားပေမယ့် ခြေစွမ်းပိုင်း ကိုတော့ သိပ်ပြီး အားမရသေးပါဘူး။ ဂျာမနီနဲ့ တွေ့ဆုံခဲ့ရလို့ ဆိုပေမယ့် လက်ရှိပြိုင်ပွဲဝင် အသင်းတွေ အားလုံးထဲမှာ အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ ပြင်သစ်တို့ အခုထက် ပိုပြီး ပုံစံကောင်းတစ်ခုမှာ ရှိနေသင့်ပါတယ်။ ဗာရန်း၊ ကင်ပမ်ဘီ၊ ဟာနန်ဒက်ဇ်၊ ပါဗက်တို့ရဲ့ ခံစစ်က တော်တော်လေး တည်ငြိမ်နေသလို ကန်တေ၊ ပေါ့ဘာ၊ ရာဘီယော့တ်တို့ ကွင်းလယ် ကလည်း စွမ်းဆောင်ရည် မညံ့ပါဘူး။ ပြောစရာ ရှိနေတာက ဂရစ်ဇ်မန်း၊ ဘင်ဇီမာ၊ အန်ဘာပေးတို့ရဲ့ တိုက်စစ်ပိုင်းပါ။ ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားနေပါတယ်။ ကမ္ဘာ့အကောင်းဆုံး လူငယ်တိုက်စစ်မှူးပါ ဆိုပြီး ဝိုင်းဝန်း ချီးကျူးနေတဲ့ ကီလီယန် အန်ဘာပေး မတောက်ပနိုင်သေးတာ ဖြစ်ပါတယ်။ ကန်တေ၊ ပေါ့ဘာတို့လို ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေ ရှိနေပြီးသား ပြင်သစ်မှာ အန်ဘာပေး အနေနဲ့ အပိုင်အခွင့်အရေးတွေ အသုံးချတတ်ဖို့ပဲ လိုပါတယ်။ ပြင်သစ် နည်းပြ ဒက်စ်ရွှမ့်စ် ကတော့ ဟန်ဂေရီဟာ ပေါ်တူဂီနဲ့ ပွဲတုန်းကလိုပဲ ခက်ခဲစေနိုင်ဦးမှာ ဖြစ်ပေမယ့် သူတို့ အသင်းဟာ ၂ ပွဲကစား၊ ၂ ပွဲစလုံး အနိုင်ရလဒ်နဲ့ ယူရို ၂၀၂၀ ရှုံးထွက်တက်ဖို့ ယုံကြည်နေကြောင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ပြင်သစ်တို့ ပြီးခဲ့တဲ့ ဂျာမနီနဲ့ ပွဲက လူစာရင်းကိုပဲ အသုံးပြုလာဖို့ ရှိပြီး ဒဏ်ရာ ပြသနာရှိနေတဲ့ ပါဗက် နေရာမှာတော့ ဒူဘိုရစ် ဝင်ကစားဖို့ ရှိနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဟန်ဂေရီနဲ့ ပြင်သစ်တို့ သမိုင်းတစ်လျှောက် ခြေစမ်းပွဲ အပါအဝင် ၂၂ ကြိမ်တွေ့ဆုံ ခဲ့ထားခဲ့ပြီး ဟန်ဂေရီတို့၁၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၈ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ပြင်သစ် အတွက် ဟန်ဂေရီဟာ ထိပ်တိုက်တွေ့ဆုံမှု အရ အသာမရခဲ့သလို ၁၃-၁ ရလဒ်နဲ့တောင် ရှုံးနိမ့်ခဲ့တဲ့ သမိုင်းရှိပါတယ်။ ဒါပေမယ့် ၁၉၇၈ နောက်ပိုင်း ကစလို့ အရာရာက လုံးဝပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ပြင်သစ်နဲ့ ဟန်ဂေရီတို့ ၅ ကြိမ် ကစားထားရာမှာ ၅ ကြိမ်စလုံး ပြင်သစ် အနိုင်ရခဲ့ပြီး ပွဲတော်တော်များများမှာ ဂိုးပြတ်နိုင်ထားတာ တွေ့ရပါတယ်။ ဟန်ဂေရီရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ် ဆိုရင်တော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပြီး ပြင်သစ် ကတော့ ပြီးခဲ့တဲ့ ၅ ပွဲစလုံး အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဟန်ဂေရီ – ပြင်သစ် 1X2 ပြင်သစ် @ ၁.၂၈
ဇွန် လ ၁၉ ရက်,ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ ဟန်ဂေရီ အတွက် ၁၃.၀၀  ဆ၊ ပြင်သစ် အတွက် ၁.၂၈ ဆနဲ့သရေအတွက် ၅.၂၅ ဆ ကြေးဖွင့်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ ဟန်ဂေရီတို့ အသာရခဲ့တယ် ဆိုပေမယ့် ပြင်သစ်ကို အနိုင်မရတာ ၄၅ နှစ် ကြာခဲ့ပါပြီ။ ဟန်ဂေရီတို့ ကစားပုံ မာကျောပေမယ့် တကယ်တမ်း စုဖွဲ့မှုကောင်းတဲ့ အသင်းတွေနဲ့ ဆိုရင် ပွဲချိန်ပြည့် တောင့်ခံနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ပြင်သစ် အနိုင်ရဖို့ သေချာသလို အနည်းဆုံး ၀-၂၊ ၀-၃ လောက်နဲ့ ပွဲပြီးပါလိမ့်မယ်။ ဒါ့အပြင် ဂိုးပေါင်း ၂ ဂိုးနဲ့ အထက်ကိုလည်း ထည့်ပြီး စဉ်းစားသင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်