နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေတစ်မှတ်စီ ခွဲယူကြမယ့် စကော့တလန်နဲ့ ချက် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

စကော့တလန် – ချက်

ယူရို ၂၀၂၀ အုပ်စု (D)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ စကော့တလန်နဲ့ ချက်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ဇွန်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၇:၃၀ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အင်္ဂလန်၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ စကော့တလန်နဲ့ ချက်အတွက် အခု အဖွင့်ပွဲစဉ် ရလဒ်က နောက်တစ်ဆင့် မျှော်လင့်ချက် အတွက် တော်တော်လေး အရေးကြီးနေပါတယ်။ အသင်းကြီးတွေ မဟုတ်ပေမယ့် ခြေစွမ်းထက်မြတ်လာတဲ့ အသင်းနဲ့ ခြေစွမ်းမာကျောတဲ့ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နေလို့ မထင်မှတ်ပဲ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

စကော့တလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ သက်တမ်းဟာ ၁၄၈ နှစ် ရှိပြီ ဖြစ်ပေမယ့် အဓိက ပြိုင်ပွဲကြီးတွေ ဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုမှာ လက်ရှိအချိန်ထိ အောင်မြင်မှု မရသေးပါဘူး။ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲထက် ကမ္ဘာ့ဖလားမှာ ပိုပြီး အောင်မြင်ခဲ့တဲ့ စကော့တလန်ဟာ စုစုပေါင်း ၉ ကြိမ်တိုင်တိုင် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ယူရိုမှာတော့ အခုတစ်ကြိမ်နဲ့မှ ၃ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်ခွင့်ရတိုင်း အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပေမယ့် ၁၉၅၄ ကမ္ဘာ့ဖလား ကလွဲလို့ ကျန်ပြိုင်ပွဲတွေ အားလုံးမှာ စကော့တလန်တို့ ရမှတ် အတတ်နိုင်ဆုံး ရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား ပြီးကတည်းက ပြိုင်ပွဲကြီးတွေနဲ့ ကင်းကွာနေတဲ့ စကော့တလန်တို့ လက်ရှိမှာ ရွှေရောက်မျိုးဆက်လို့ တင်စားရလောက်အောင် အသင်းသမိုင်းတစ်လျှောက် အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ဗီလာ၊ နယူးကာဆယ်၊ ဝက်စ်ဘရွန်းတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဘူးတဲ့ စတိဗ်ကလက်ခ် လက်အောက်မှာ ရော်ဘတ်ဆန်၊ တီယာနီ၊ လီယမ်ကူပါး တို့လို ကစားသမားတွေနဲ့ ခံစစ်ကစားပုံ သိသိသာသာ ကောင်းမွန်နေပြီး နောက်ပိုင်း ကစားထားတဲ့ ပွဲတွေမှာ ရှုံးပွဲ မရှိသလောက် တိုးတက်လာခဲ့ပါတယ်။ စတိဗ်ကလာ့ခ် အနေနဲ့ ၃-၅-၂ ကို အခြေခံပြီး ၃-၄-၁-၂၊ ၃-၄-၂-၁၊ ၅-၃-၂ စတဲ့ ကစားကွက်တွေ ပြောင်းလဲ အသုံးပြုနေတာကြောင့် စကော့တလန်ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ကျိန်းသေပေါက် ခံစစ်လုံအောင် ကစားပါလိမ့်မယ်။ ကွင်းလယ်နဲ့ တိုက်စစ်က မြန်နှုန်းမြင့် ကစားသမားတွေ ဖြစ်တဲ့ တော်မီနေး၊ ဂယ်လ်မော၊ မက်ဂင်း၊ အမ်းစထရောင်း၊ ချေး အက်ဒမ်စ် တို့လည်း ရှိနေလို့ တန်ပြန်တိုက်စစ် ကောင်းကောင်း ကစားလို့ရနေတဲ့ အသင်း ဖြစ်ပါတယ်။

 
နက်ဗက်၊ ပိုဘောစကီး၊ မီလန်ဘားရို့စ်တို့ ခေတ်အလွန် ချက် အသင်းဟာ အရှိန်အဝါ လုံးဝကျဆင်းသွားပြီး လက်ရှိမှာ ဗိုလ်စွဲဖို့ ဆိုတာထက် အုပ်စုကနေ နောက်တစ်ဆင့် တက်ဖို့တောင် မျှော်လင့်ဖို့ ခက်နေပါတယ်။ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲ ၆ ကြိမ် အောင်မြင်ခဲ့ရာမှာ ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ် ၁ ကြိမ်စီ တက်ရောက်ခဲ့ပြီး ၃ ကြိမ်က အုပ်စုအဆင့်က လှည့်ပြန်ထားခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ချက်ဟာ ယူရို သမိုင်းမှာ အစဉ်အလာ ရှိခဲ့တဲ့အသင်း အဖြစ် မှတ်ယူနိုင်ပေမယ့် လက်ရှိ ၇ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ယူရို ၂၀၂၀ မှာ အခြေအနေကောင်းမယ့် အလားအလာတော့ မမြင်သေးပါဘူး။ ၂၀၁၈ ခုနှစ် က စတင် ကိုင်တွယ်လာတဲ့ နည်းပြ ရှလ်ဟာဗီ လက်အောက်မှာ ချက်တို့ ကစားပုံ သိသိသာသာ တိုးတက်လာပြီး လက်ရှိမှာ ဗီဒရာ၊ ဒါရီဒါ၊ ဆိုချက်ခ်၊ ကိုဖယ်၊ ပက်ထရစ်ရှစ်ခ် တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါ့အပြင် ချက်တို့ရဲ့ ထုံးစံအတိုင်း ပွဲမပြီးမချင်း မရှုံးဘူးဆိုတဲ့ စိတ်ဓာတ်ကို လက်ရှိအချိန်ထိ ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်လို့ ပြိုင်ဘက်တွေ သတိထားကစားရမယ့် အသင်း ဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ချက်ဟာ ယူရို သမိုင်းမှာ အစဉ်အလာ ရှိခဲ့တဲ့အသင်း အဖြစ် မှတ်ယူနိုင်ပေမယ့် လက်ရှိ ၇ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ယူရို ၂၀၂၀ မှာ အခြေအနေကောင်းမယ့် အလားအလာတော့ မမြင်သေးပါဘူး။
ယူရိုပြိုင်ပွဲမှာ ၇ ကြိမ်အထိ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ချက်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

စကော့တလန်နဲ့ ချက် တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် စကော့တလန်တို့ အပြတ်အသတ် အသာရထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲ အဆင့်မှာ ၄ ကြိမ် တွေ့ဆုံထားခဲ့ပြီး ချက်တို့ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျ ထားပေမယ့် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ဆိုရင်တော့ လက်ရှိ ယူရို ၂၀၂၀ ဟာ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ဘီ အုပ်စု ပွဲစဉ် အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့နဲ့ ခြေစမ်းပွဲ မှာတော့ စကော့တလန်တို့ ၁-၀၊ ၁-၂၊ ၁-၂ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
စကော့တလန် – ချက် အချိန်ပြည့် 1X2 သရေ @ 2.86
ဇွန်လ ၁၂ ရက်, ညနေ ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ စကော့တလန် အတွက် ၂.၈၇ ဆနဲ့ ချက် အတွက် ၂.၈၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၂.၉၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ စကော့တလန်က နောက်ပိုင်းနှစ်တွေမှာ အတောင့်တင်းဆုံး လူစာရင်းနဲ့ ခြေတက်နေတဲ့ အသင်း ဖြစ်ပြီး ချက်ကတော့ အသင်းကြီး တချို့ကို ရှုံးနိမ့်ခဲ့တာကလွဲရင် ခြေစွမ်းမာကျောနေဆဲ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ စကော့တလန် သာခဲ့တယ် ဆိုပေမယ့် ချက်ရဲ့ မာကျောမှုကြောင့် အိမ်ကွင်းမှာ ရုန်းကန်ရနိုင်ပြီး သရေတစ်မှတ် ခွဲပေးရဖို့ များနေပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်