နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ တော့တင်ဟမ်ဟော့စပါး)

ဇူလိုင်လ ၁၆ ရက်နေ့အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုတစ်ခါ မှာတော့ မန်ချက်စတာ မြို့ခံနှစ်သင်းနဲ့ မြောက်လန်ဒန် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းတို့ရဲ့ အပြောင်းအရွှေ့ကာလ ကြိုးပမ်းမှုတွေကို SBOTOP ပရိသတ်တွေ အတွက် တတ်နိုင်သမျှ ပြည်ပြည့်စုံစုံ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီး

ဇူလိုင်လ ၂၆ ရက်နေ့ အထိ နောက်ဆုံး ဖော်ပြထားတဲ့ သတင်းတွေအရ ဆိုရင်တော့ မန်ချက်စတာစီးတီးတို့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်နေခဲ့တဲ့နောက် ဘေယန်မြူးနစ်ရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ဘက်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ စပိန် ထိပ်သီးတွေ အပါအဝင် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အပြင် ယူနိုက်တက်လည်း ပါဝင်နေတယ်လို့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြပါတယ်။ လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ဘေယန်မြူးနစ် နည်းပြသစ် နေဂဲလ်စ်မန်း ကိုယ်တိုင်က မှန်ကန်ကြောင်း ဝန်ခံထားပြီး လီဝမ်ဒေါစကီး ကိုယ်တိုင် ကလည်း အသင်း ကနေ ထွက်ခွာချင်နေတယ်လို့ ခပ်သဲ့သဲ့ ကြားနေရပါတယ်။

ဒေးလီးမေးလ် မှာတော့ မန်ချက်စတာစီးတီးဟာ လီဝမ်ဒေါစကီး အပြင် ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး အန်တွန်နီ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားသလို ဟယ်ရီကိန်း ကိုလည်း လုံးဝ လက်လျှော လိုက်တာတော့ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် စီးတီးရဲ့ ပစ်မှတ်ထဲမှာ အက်စတွန်ဗီလာ ကြယ်ပွင့် ဂျက်ဂရီးလ်လစ်ရှ် လည်း ပါဝင်နေပါသေးတယ်။

ဒါပေမယ့်လည်း အစောပိုင်းက TV3 နဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက မန်ချက်စတာစီးတီး အနေနဲ့ တခြား ကလပ်တွေ နည်းတူ ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေကြောင့် အသင်းရဲ့ လက်ရှိ ကစားသမားတွေနဲ့ပဲ ခရီးဆက်ဖို့ ရှိတယ်လို့ ပြောကြားထားလို့ လက်ရှိ အချိန်ထိတော့ ဘယ်သတင်းကိုမှ အတည်ပြုလို့ မရနိုင်သေးပါဘူး။ ဂါဘရီရယ် ဂျီဆုစ်နဲ့ ဖာရန်းတောရက်စ် အပြင် အကယ်ဒမီထွက် False Nine ကစားသမားတွေကို အသင်းကြီးမှာ မကြာခဏ နေရာပေးခဲ့ပြီး ဖြစ်လို့ အဆင်ပြေနေဆဲ ဖြစ်ကြောင်း ကစားသမား ခေါ်ယူဖို့ အခွင့်အရေး ရှိနေရင်တောင် လာမယ့် ရာသီ အတွက် တိုက်စစ်မှူး ထပ်ခေါ်မှာ မဟုတ်ဘူးလို့ ပပ်က ပြောကြားထားခဲ့ပါတယ်။ ပြသနာက အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီဆုစ်ကို ဂျူဗင်တပ်စ် အသင်းက ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပြီး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အပြင် ဂျီဆုစ် တစ်ဦးတည်းကိုပဲ ပစ်မှတ်ထား ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

နောက်တစ်ဦး ကတော့ လူးကပ်စ် မီချာ ဖြစ်ပြီးတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဝုဖ်ဘတ် အသင်းကို ပေါင် ၁၁ သန်းနဲ့ ရောင်းချဖို့ နီးစပ်နေကြောင်း ဒေးလီးမေးလ် သတင်းစာမှာ ဖော်ပြထားပါတယ်။

 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – မရှိသေး

အထွက် – ဆာဂျီယို အဂွဲရိုး၊ အဲရစ်ဂါစီယာ၊ ဒန်နီရယ် ဂရင်မ်ရှော၊ တေလာဟားဝုဒ် ဘဲလစ်၊ ဂျိမ်းစ် ထရက်ဖို့ဒ် (အငှား)၊ ယာဗင် ဘာဇူနူ(အငှား)၊ လီဝစ် ဖီအိုရီနီ (အငှား)၊ အလက်ဇန္ဒား ရော်ဘတ်ဆန် (အငှား)

တော့တင်ဟမ်ဟော့စပါး ကစားသမားဟောင်း ထရစ်ပီယာ အနေနဲ့ ပရီးမီးယားလိဂ် မှာ ပြန်ကစားဖို့ စိတ်အားထက်သန်နေပြီး မန်ချက်စတာယူနိုက်တက် ဘက်က တရားဝင် ကမ်းလှမ်းချက်ကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုနဲ့ သဘောတူညီမှု ရအပြီး ပရီးမီးယားလိဂ်မှာ ကစားချင်နေတဲ့ ထရစ်ပီယာနဲ့ ဗာရန်းကိုပါ ထပ်ပြီး ခေါ်ဦးမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်

အခုထိ တရားဝင် ဂျာဆီ ကိုင်ထားတဲ့ ဓာတ်ပုံ တက်မလာသေးပေမယ့် ဒေါ့မန် တောင်ပံ ကစားသမားကို အရ ခေါ်ယူထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ခံစစ်ပိုင်း အတွက် အကြီးအကျယ် အင်အား ဖြည့်တင်းဖို့ ရှိနေပါတယ်။ ဂျေဒန် ဆန်ချို အတွက် ပေါင် ၇၃ သန်း သုံးစွဲထားပြီး လက်ရှိ မှာတော့ ရီးရဲယ်မက်ဒရစ်က ရာဖာရယ် ဗာရန်းနဲ့ အက်တလက်တီကို မက်ဒရစ်ရဲ့ ညာနောက်ခံလူ ကီရင် ထရစ်ပီယာ တို့ နှစ်ဦးပေါင်း ပေါင် ၆၈ သန်း နီးပါး ပေးပြီး ထပ်မံ ခေါ်ယူဖို့ နီးစပ်နေကြောင်း နာမည်ကြီး The Sun သတင်းမှာ ဖော်ပြထားပါတယ်။ တော့တင်ဟမ်ဟော့စပါး ကစားသမားဟောင်း ထရစ်ပီယာ အနေနဲ့ ပရီးမီးယားလိဂ် မှာ ပြန်ကစားဖို့ စိတ်အားထက်သန်နေပြီး မန်ချက်စတာယူနိုက်တက် ဘက်က တရားဝင် ကမ်းလှမ်းချက်ကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာဖာရယ် ဗာရန်းနဲ့ ပတ်သတ်လို့ ရီးရဲယ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ထားပြီး ဖြစ်သလို ပုဂ္ဂိုလ်ရေး အရ ညှိနှိုင်းဆွေးနွေးခွင့် ရရှိထားပြီး ဖြစ်လို့ ခေါ်ယူနိုင်ရေး အခြေအနေ ကောင်းနေတယ်လို့ ပြောနိုင်ပါတယ်။ အစောပိုင်းက စိတ်ဝင်စားခဲ့တဲ့ အီတလီ ညာနောက်ခံလူ ဒီလော်ရန်ဇို ကတော့ နာပိုလီနဲ့ စာချုပ်သက်တမ်း တိုးသွားခဲ့လို့ ယူနိုက်တက် ဘက်က လက်လျော့လိုက်တဲ့ သဘောမှာ ရှိပါတယ်။

ဆက်လက်ပြီး Sky Sports ရဲ့ သတင်းတွေအရ ပြင်သစ်လီဂူးဝမ်း ကလပ် ရန်းနက်စ်ရဲ့ ၁၈ နှစ်သား အက်ဒွာဒို ကာမာဗင်ဂါ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်တို့ ပါဝင်လာတယ်လို့ သိရပါတယ်။ ကွင်းလယ် ကစားသမား ကာမာဗင်ဂါဟာ ရန်းနက်စ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ရီးရဲယ်မက်ဒရစ် အပါအဝင် ဥရောပကလပ် အများစုက‌ ဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ မျက်စိကျနေခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေ ကိုတော့ ရန်းနက်စ် အသင်းက လုံးဝ သဘောကျခြင်း မရှိပဲ လာမယ့် ဇန်နဝါရီလ မှာ စာချုပ်သက်တမ်း တိုးပြီးမှ ရောင်းထုတ်မယ့် သဘောရှိပါတယ်။ ယူနိုက်တက်ဟာ မကြာသေးခင်ကမှ ဆန်ချိုကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် ကာမာဗင်ဂါကို ထပ်မံခေါ်ယူဖို့ သတင်းတွေ ထွက်လာတာကြောင့် နည်းပြ ဆိုးလ်ရှား အနေနဲ့ အသင်းရဲ့ အနာဂတ် အတွက် ကြိုတင် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။

ဘရန်ဒန် ဝီလီယမ်စ်နဲ့ အဲလက်စ်တဲလက်စ် တို့ကတော့ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိနေသူတွေ ဖြစ်ပါတယ်။   ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်အရ အသက် ၂၀ အရွယ် ဘရန်ဒန်ဟာ ဆောက်သမ်တန်ဆီ အငှားသွားကစားရဖို့ များနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီကမှ အသင်းကို ရောက်ရှိလာပေမယ့် လုခ်ရှောရဲ့ ခြေစွမ်းပြမှုကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေရသူ အဲလက်စ်တဲလက်စ် ကိုတော့ မော်ရင်ဟိုရဲ့ ရိုးမား အသင်းက ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပြီလို့ Sky Sports က ဖော်ပြပါတယ်။

 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – တွမ်ဟီတန် (အလွတ်)

အထွက် – ဂျိုဝဲလ် ပရဲရား၊ ဆာဂျီယို ရိုမဲရိုး၊ တာဟစ်ချောင် (အငှား)၊ နေသန်ဘစ်ရှော့ (အငှား)၊ ရိစ်ဒီဗိုင်း (အငှား)

 

တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး ကတော့ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူဖို့ထက် အဓိက ကစားသမား ဟာရီကိန်းကို ဆက်ပြီး ထိန်းထားနိုင်ရေး အတွက် ကြိုးပမ်းနေရတာနဲ့တင် အချိန်ကုန်နေတာ တွေ့ရပါတယ်။ နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တိုနဲ့ ရာသီစတင်မယ့် စပါးတို့ သတင်းတွေအရ ကစားသစ် ၃ ဦးကို မျက်စိကျနေတယ်လို့လည်း သိရပါတယ်။ ဟာရီကိန်းကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ယုံကြည်မှု အပြည့် ရှိနေပေမယ့် ကစားသမား ဘက်ကတော့ အသင်း ပြောင်းရွှေ့လိုကြောင်း အစောပိုင်းထဲက ထုတ်ဖော် ပြောကြားထားပြီး ဖြစ်လို့ တိုက်စစ် ကစားသမားတွေ အဓိက ပစ်မှတ်ထားနေခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကနေ တန်းဆင်းသွားရတဲ့ ရှော်ကီရဲ့ အသက် ၂၀ အရွယ် အမေရိကန်သားလေး မက်သယူး ဟော့ပီကို စိတ်ဝင်စားနေတဲ့ အသင်း ၄ သင်းထဲမှာ ပါဝင်လာခဲ့ပြီး ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်ဂ်နဲ့ လိုင်လီက ပေါ်တူဂီ လက်ရွေးစင် ရီနာတို ဆန်းချက်စ် တို့ကလည်း ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီ လို့လည်း သိရပါတယ်။ ဒန်နီအင့်ဂ် ကတော့ စပါးတို့ ခေါ်ယူဖို့ မခက်ခဲနိုင်ပေမယ့် ဘာစီလိုနာရဲ့ ပစ်မှတ် ရီနာတို ဆန်းချက်စ်ကို‌ ခေါ်ယူနိုင်ဖို့ ဆိုတာ ကတော့ လွယ်မယ် မထင်ပါဘူး။

 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – မရှိသေး

အထွက် – ဒန်နီရို့စ် (အလွတ်)၊ ပေါ်လို ဂက်ဇာနီဂါ၊ ကာဇီးယား စတာလင်၊ ဂျူအန်ဖွိုက်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်