နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်)

ယူရို ၂၀၂၀ ပြီးတော့ ဥရောပရဲ့ ထိပ်တန်းလိဂ် ပြိုင်ပွဲတွေ လာမယ့် ဩဂုတ်လ ထဲမှာ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ဘောလုံးရာသီသစ် မစတင်ခင်မှာ ထုံးစံအတိုင်း သက်ဆိုင်ရာ ကလပ်အသင်းတွေဟာ ရာသီကြိုပြင်ဆင်မှု အဖြစ် ခြေစမ်းပွဲတွေ မကစားမီ ကစားသမား အပြောင်းအရွှေ့တွေနဲ့ အလုပ်ရှုပ်လေ့ ရှိပါတယ်။ အပြောင်းအရွှေ့ ကာလ ပိတ်ဖို့ ကလည်း တစ်လပဲ လိုတော့တဲ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ကလပ် အသင်းကြီး တော်တော်များများဟာ ခပ်သွပ်သွက် လှုပ်ရှားနေကြရပါပြီ။ ဒါကြောင့် SBOTOP ရဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တွေ အတွက် စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားတော့မှာ ဖြစ်ပါတယ်။
 

အာဆင်နယ်

Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ချဲလ်ဆီး တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ တမ်မီ အေဗရာဟမ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့  တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာ အပါအဝင် ကလပ် အသင်း တော်တော်များများက မျက်စိကျနေပြီး စီးရီးအေ ချန်ပီယံ အင်တာမီလန်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ ဒေါ့မန်က အာလင်းဟာလန်းကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် တမ်မီအေဗရာဟမ်ကို ထည့်သွင်း ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ တမ်မီအေဗရာဟမ် အတွက် ကိုတော့ သောမက်စ်တူဟယ်ရဲ့ အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက် အထိ လိုချင်နေတယ်လို့ သိရပါတယ်။
တစ်ဖက် မှာလည်း ဘရိုက်တန်က အသက် ၂၃ နှစ်အရွယ် အင်္ဂလန် ဗဟိုခံစစ်ကစားသမား ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ဆိုရင် ကစားသမား ကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့လိုကြောင်း သိရပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေးကို နောက်ဆုံးအကြိမ် ညှိနှိုင်းနေတဲ့ အဆင့်ထိ ရောက်နေပြီလို့ နာမည်ကြီး အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနို က အတည်ပြုပေးထားပါတယ်။

အသင်းအတွက် အားထားရတဲ့ လူငယ်ကစားသမား စမစ်ရိုးဝ် ကတော့ အက်စတွန်ဗီလာက ပေါင်သန်း ၃၀ အထိ တိုးမြှင့် ကမ်းလှမ်းထားပေမယ့် အာဆင်နယ် ဘက်က နှစ်ကြိမ်စလုံး ပယ်ချထားသလို နည်းပြ အာတေးတား ကိုယ်တိုင် ကလည်း ရာနှုန်းပြည့် အသင်းမှာ ဆက်ရှိမယ်လို့ ပြောကြားထားခဲ့ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ရရှိနေတဲ့ ညာနောက်ခံလူ ဟတ်တာ ဘယ်လာရင် ကတော့ အာဆင်နယ်မှာပဲ ဆက်နေလိုတာကြောင့် လုပ်ခလစာ တစ်ဝက် လျှော့ယူဖို့ သဘောတူညီ ထားခဲ့တယ်လို့ သိရပါတယ်။ ဘယ်လာရင် ကိုတော့ အီတလီကလပ် အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေ အရ နောက်ထပ်ခံစစ်မှူး ဖြစ်တဲ့ ဝီလီယမ် ဆယ်လီဘာကို ပြင်သစ် ကလပ် မာဆေးလ်ထံ တစ်ရာသီ ထပ်မံ အငှားချလိုက်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၅ နှစ် စာချုပ်ချုပ်ခဲ့တဲ့ ဆယ်လီဘာကို အစောပိုင်းက စိန့်အက်တီယန်နီ အသင်းထံ အငှားချခဲ့ပြီး ဖြစ်ပေမယ့် ကစားသမားရဲ့ အတွေ့အကြုံပိုင်း ပိုပြီး တိုးတက်လာစေဖို့ အခုလို ဆုံးဖြတ်ခဲ့ရကြောင်း အားကစားဒါရိုက်တာ အီဒူးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ကွင်းလယ် ကစားသမား မတ်တေးရိုး ဂွမ်ဒူဇီကို ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့်လည်း ပါတဲ့ တစ်ရာသီ အငှားနဲ့  မာဆေးလ် အသင်းထံ ပြောင်းရွှေ့ခွင့် ပေးထားခဲ့ပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – နူနိုတာဗာရက်စ် – ဘင်ဖီကာ၊ ပြောင်းရွှေ့ကြေး (ဖော်ပြထားခြင်း မရှိ)

အထွက်  ဒန်နီ ဆယ်ဘာလော့စ်၊ မတ်ရွိုင်ယန်၊ မာတင်အိုဒီဂွာ၊ ဒါးဗစ်လူးဝစ်ဇ်၊ မက်ခ် မက်ဂင်းနက်စ်၊ ဘန်ရှက်ဖ်၊ ထရေး ကွိုင်လီ၊ ဇက်ချ်မက်ခ်လီ၊ ဒီနို အန်ဗရိုပါးနို့စ် (အငှား)၊ ဒန်နီရယ်ဘဲလ်လော့ဒ် (အငှား)၊ မတ်စမစ် (အငှား)
 

ချဲလ်ဆီး

ပရီးမီးယားလိဂ်ထိပ်သီး ချဲလ်ဆီး အနေနဲ့ အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး အပြင် တမ်မီအေဗရာဟမ်၊ ဟက်ဒ်ဆန်အိုဒွိုင်းလ် တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မန် အသင်းက ပယ်ချ လိုက်တယ်လို့ သိရပါတယ်။ တူဟယ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အားရစရာ မရှိတဲ့ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဖြည့်တင်းဖို့ အတွက် ဟာလန်းလို အရည်အသွေးမြင့် ကစားသမားကို ခေါ်ယူဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေပေမယ့် လက်ရှိအထိတော့ ခက်ခဲနေဆဲပါပဲ။ ဒါ့အပြင် အင်တာမီလန်က ရိုမယ်လူ လူကာကူကို စတန်းဖို့ဒ် ဘရစ်ချ်ဆီ ပြန်လည် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေသလို ဘာစီလိုနာက ဂရစ်ဇ်မန်း ကိုလည်း အငှားနဲ့‌ ခေါ်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စပါးက ခေါ်ယူဖို့ စီစဉ်နေတဲ့ ဆီဗီလာရဲ့ ဗဟိုခံစစ်မှူး ဂျူးလ်စ် ကွန်ဒေးကို ချဲလ်ဆီးတို့ ကြားဖြတ် ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဝက်စ်ဟမ်း ကွင်းလယ်က ဒက်ကလန် ရိုက်စ် ကိုလည်း တတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဂါးဒီးယန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နောက်ဆုံး သတင်းတွေအရ အသင်းရဲ့ အသက် ၃၄ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကတော့ အေစီမီလန်နဲ့ ဆေးစစ်ဖို့ မီလန်မြို့ဆီ ရောက်ရှိနေပြီး မကြာခင်မှာ အီတလီ ကလပ်ဘက်က အပြောင်းအရွှေ့ကို တရားဝင် ကြေညာလာမယ့် သဘောရှိပါတယ်။ အသက် ၂၁ နှစ် အရွယ် အကယ်ဒမီထွက် နောက်ခံလူ ဂူဟီကိုတော့ ပက်ထရစ် ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းဆီ ရောင်းချဖို့ သဘောတူထားပြီလို့ သိရပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – မရှိသေး

အထွက် – ဖီကာယို တွန်မိုရီ (အေစီမီလန်၊ ပေါင် ၂၅ သန်း)၊ ဝီလီ ကာဘယ်လီယို၊ အစ်ဇီ ဘရောင်း၊ ဂျမဲလ် ဘလက်ခ်မန်း၊ ပီရီအက်ခ်ဝါအီလင်ဘီ၊ ဒန်နီလို ပန်တစ်၊ ဗစ်တာမော့ဆက်စ်၊ နေသန်ဘက်စ်တာ (အငှား)၊ ဘီလီ ဂီလ်မော (အငှား)၊ ဂျူအန် ကတ်စတီလို (အငှား)။
 

လစ်ဗာပူးလ်

ကလော့ပ် လစ်ဗာပူးလ် ကတော့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အသင်းရဲ့ ကွင်းလယ်က နီကိုလို ဘာရယ်လာကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ အသက် ၂၄ နှစ် အရွယ် နီကိုလို ဘာရယ်လာ အတွက် ပေါင်သန်း ၆၀နဲ့ အင်တာမီလန် အသင်းကို ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ စပိန် နာမည်ကြီး သတင်းစာ ဒီပေါ့တီဗိုမှာ ဖော်ပြချက်အရ ဆိုရင် အက်တလက်တီကို မက်ဒရစ်နဲ့ စပိန် ကွင်းလယ်လူ ဆာအူးလ် နီဂွက်ဇ်ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ်တို့ ပြောင်းရွှေ့ကြေးနဲ့ အတူ ရှကီရီ၊ အိုရီဂီ တို့ကိုပါ အလိုက်ပေးပြီး နောက်ထပ် တစ်ကြိမ် ထပ်မံ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းက ထွက်ခွာသွားတဲ့ ဝိုင်ဂျ်နယ်ဒမ်ရဲ့ နေရာမှာ အစားထိုးဖို့ လက်စတာစီးတီးက ယိုရီ တေးလီးမန့်စ်နဲ့ လိုင်လီ ကွင်းလယ်က ပေါ်တူဂီသား ရီနာတို ဆန်းချက်စ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒိန်းမတ်နဲ့အတူ တောက်ပနိုင်ခဲ့တဲ့ မီခယ်ဒမ်းစ်ဂတ် ကိုလည်း စောင့်ကြည့်နေပြီး ဆမ်ဒိုးရီးယား ဘက်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း သတ်မှတ်လိုက်ပါတယ်။

အင်္ဂလန် ဗဟိုခံစစ်မှူး ဘန်ဒေးဗီးစ် ကတော့ အသင်းကနေ ထွက်ခွာနိုင်ချေရှိတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိမှာ ဆဲလ်တစ် အပါအဝင် အသင်းတော်တော်များများက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒေးဗီးစ် ကတော့ လစ်ဗာပူးလ် မှာပဲ ပွဲထွက်ကစားခွင့်ရဖို့ ဆက်ပြီး တိုက်ပွဲ ဝင်သွားချင်တဲ့ သဘောမှာ ရှိနေပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – အီဗရာဟီမာ ကိုနိတ် – အာဘီလိုက်ပ်ဇစ်၊ ပေါင် ၃၄ သန်း

အထွက် – ဂျော်ဂျီနို ဝိုင်ဂျ်နယ်ဒမ်၊ ဆက်ပ်ဗန်ဒန်ဘဂျ် (အငှား)၊ ပေါလ်ဂလတ်ဇဲလ် (အငှား)၊ လီယမ်ကွိုင်းလ် (အငှား)၊ ဂျိုးဟာဒီ (အငှား)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်