နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၈/၀၇/၂၀၂၁)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ကာလ ပြီးဆုံးဖို့ ကလည်း ရက်ပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်မှာ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းရဲ့ ကစားသမား ခေါ်ယူဖို့ ကြိုးပမ်းမှုတွေဟာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။
 

မန်ချက်စတာစီးတီး

The Sun သတင်းမှာ ဖော်ပြချက်အရ ဆိုရင် မန်ချက်စတာစီးတီး အသင်း အနေနဲ့ FFP စည်းမျဉ်းတွေကို ဖော်ဖျက်ခဲ့တယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ဟာရီကိန်းနဲ့ ဂျက်ဂရီးလစ်ရှ်တို့ နှစ်ဦးကို ခေါ်ယူဖို့ ပေါင် ၂၂၅ သန်းထက် မနည်း သုံးစွဲသွား စီစဉ်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ အနေနဲ့ အင်္ဂလန် တိုက်စစ်မှူးကို ဟာရီကိန်း ခေါ်ယူဖို့ အစောပိုင်းထဲက အသံထွက်နေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ တော့တင်ဟမ်ဟော့စပါး အသင်း ဘက်ကို တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ စပါး တောင်းဆိုထားတဲ့ ပေါင်သန်း ၁၆၀ ကိုသာ အမှန်တကယ် ပေးချေခဲ့မယ် ဆိုရင် ဒန်နီရယ် လီဗီး ဘက်က မီးစိမ်းပြဖို့ သေချာသလောက် ရှိနေကြောင်း Daily Telegraph မှာ ဖော်ပြထားပါတယ်။ မန်စီးတီး အနေနဲ့ ဟာရီကိန်းကို ခေါ်ယူ နိုင်ခဲ့ရင်တော့ လုပ်ခလစာ အနေနဲ့ တစ်ပတ်ကို ပေါင် ၄၀၀၀၀၀ အထိ ပေးချေရဖို့ ရှိနေပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျက်ဂရီးလစ်ရှ် ကို ခေါ်ယူဖို့ ပေါင် ၇၅ သန်း ဝန်းကျင် ကနေ ပေါင် သန်း ၁၀၀ အထိ ပေးပြီး အက်စတွန်ဗီလာ အသင်းထံ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးသာ ပေါင် သန်း ၁၀၀ ပေးမယ် ဆိုရင် ငြင်းဆန်ဖို့ ခက်တယ်လို့ ဗီလာ ဘက်က ထုတ်ဖော် ပြောကြားထားလို့ ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့် ရက်ပိုင်း အတွင်း ထူးခြားလာဖို့တော့ ရှိနေပါတယ်။
 

လစ်ဗာပူးလ်

ရိုမာနိုရဲ့ ဖော်ပြချက် မှာတော့ ပရီးမီးယားလိဂ် ကလပ်ဘက်က တရားဝင် ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း အခုနှစ် နွေရာသီမှာ ခီယေဇာကို ခေါ်ယူဖို့ အခွင့်အရေး လုံးဝ မရှိကြောင်း ရေးသားထားခဲ့ပါတယ်။
ခီယေဇာကို ပေါင်သန်း ၁၀၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်တို့ အစောပိုင်းက ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ကောလာဟလ သက်သက်သာ ဖြစ်ကြောင်း နာမည်ကြီး အားကစား သတင်းထောက် ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက် မှာတော့ ပရီးမီးယားလိဂ် ကလပ်ဘက်က တရားဝင် ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း အခုနှစ် နွေရာသီမှာ ခီယေဇာကို ခေါ်ယူဖို့ အခွင့်အရေး လုံးဝ မရှိကြောင်း ရေးသားထားခဲ့ပါတယ်။ လက်တလော မှာတော့ ကလော့ပ်ရဲ့ အသင်းက ဝုဗ် တောင်ပံ တိုက်စစ် ကစားသမား အဒမ်မာ ထရာအိုရေး ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ မီလန် ကွင်းလယ်လူ ကတ်ဆီနဲ့လည်း သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမား ဘက်ကတော့ အတိအလင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။
 

တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး အနေနဲ့ ဂျူဗင်တပ်စ် အသင်းရဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးကို စတင် ချိတ်ဆက်နေတယ် ဆိုပြီး Daily Mirror က ဖော်ပြထားသလို ဝုဗ်အသင်းနဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ် ကစားသမားဟောင်း အာရွန်ရမ်ဆေး အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလ မှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်လို့ စပါး အနေနဲ့ အမှန်တကယ်သာ ကြိုးပမ်းရင် အလားအလာ ကောင်းနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မြောက်လန်ဒန် ကလပ်ဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့တော့ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ စပါး အနေနဲ့ ရိုမဲရိုး ကိုတော့ ပေါင် ၃၄ သန်း အပြင် အပိုဆုကြေး ၈ သန်း အထိ ပေးပြီး ခေါ်ယူဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

 

အာဆင်နယ်

လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေ များစွာ ခေါ်ယူဖို့ သတင်းတွေ ကြီးနေပေမယ့် လိုကွန်ညာနဲ့ တာဗာရက်စ် နှစ်ဦးသာ ခေါ်ယူထားနိုင်တဲ့ အာဆင်နယ် အသင်း ကတော့ အင်တာမီလန် တိုက်စစ်မှူး လော်တာရိုး မာတီနက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ Daily Telegraph က ဖော်ပြပါတယ်။ လက်တလောမှာ အာဆင်နယ်တို့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးကို အသည်းအသန် ရှာဖွေနေခဲ့ပြီး ဂျိမ်းစ် မက်ဒီဆင်ကို လက်မလျှော့သေးသလို ရီနာတို ဆန်းချက်စ် ကလည်း ပစ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါဝင်နေဆဲလို့ သိရပါတယ်။ ဒီကြားမှာ ရီးရဲယ်မက်ဒရစ်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ မာတင် အိုဒီဂွါ ကလည်း ပရီးမီးယားလိဂ် ကလပ်ထံ ပြန်လာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်နေခဲ့ပြန်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်