နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးနဲ့ မန်စီးတီး ကစားသမားတွေ အများဆုံး ပါဝင်နေတဲ့ ၂၀၂၀/၂၀၂၁ ချန်ပီယံလိဂ်ရဲ့ နေရာ အလိုက် အကောင်းဆုံးဆု ဆန်ကာတင် စာရင်း

မနေ့က ထုတ်ပြန် ကြေညာလိုက်ပြီး ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီး ကစားသမားတွေ အများဆုံး ပါဝင်နေတာ တွေ့ရပါတယ်။

ဆန်ကာတင် စာရင်းအရ ချန်ပီယံလိဂ် ဖလား ရရှိခဲ့တဲ့ ချဲလ်ဆီးက ၅ ဦး၊ ဗိုလ်လုပွဲ တက်ခဲ့တဲ့ မန်စီးတီးက ၃ ဦးနဲ့ ရှုံးထွက်အဆင့် ရောက်ရှိခဲ့တဲ့ ရီးရဲယ်မက်ဒရစ်၊ ဒေါ့မန်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က တစ်ဦးစီ ပါဝင်နေပါတယ်။ ၂၀၂၀/၂၀၂၁ ချန်ပီယံလိဂ် ဟာ All English Final ဖြစ်ခဲ့တဲ့ အတွက် ဒီနှစ် အတွက် ဆန်ကာတင် စာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားချည်းပဲ စုစုပေါင်း ၈ ဦး အထိ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။
 

၂၀၂၀/၂၀၂၁ ချန်ပီယံလိဂ် နေရာအလိုက် အကောင်းဆုံးဆု နောက်ဆုံး ဆန်ကာတင် ကစားသမားများ

§  ဂိုး : သီဘောက် ကော့တ်တွာစ် (ရီးရဲယ်မက်ဒရစ်)၊ အီဒါဆင် (မန်ချက်စတာစီးတီး)၊ မန်ဒီ (ချဲလ်ဆီး)

§  ခံစစ် : ဆီဇာ အက်ဇ်ပီလီကျူအာတာ (ချဲလ်ဆီး)၊ ရူဘင်ဒီးရာ့စ် (မန်ချက်စတာစီးတီး)၊ အန်တိုနီယို ရူဒီဂါ (ချဲလ်ဆီး)

§  ကွင်းလယ် : ကီဗင်ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)၊ ဂျော်ဂျင်ဟို (ချဲလ်ဆီး)၊ အန်ဂိုလို ကန်တေ (ချဲလ်ဆီး)

§  တိုက်စစ် : အာလင်းဟာလန်း (ဒေါ့မန်)၊ ရောဘတ်လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်)၊ ကီလီယန် အန်ဘာပေး (ပီအက်စ်ဂျီ)

၂၀၂၀/၂၀၂၁ ခုနှစ် အတွက် ဆုပေးပွဲ ကိုတော့ ဩဂုတ်လ ၂၆ ရက်နေ့၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲနဲ့အတူ ကျင်းပသွားမယ်လို့ သိရပါတယ်။
ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား/အမျိုးသမီး ကစားသမားဆု တွေနဲ့ အတူ ချီးမြှင့်မယ့် နေရာအလိုက် အကောင်းဆုံးဆုများ

ဆန်ကာတင် ကစားသမားတွေ ကိုတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် အသင်းပေါင်း ၃၂ သင်းက နည်းပြတွေ အပါအဝင် ဥရောပ အားကစား မီဒီယာ (ESM) က ရွေးချယ်ထားတဲ့ ဂျာနယ်လစ် ၅၅ ဦးနဲ့ ယူအီးအက်ဖ်အေ အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုချင်းစီက မဲပေး ရွေးချယ်ရတာ ဖြစ်ပါတယ်။ နည်းပြတွေ ကတော့ ကိုယ့်အသင်းရဲ့ ကစားသမားတွေကို ပြန်ပြီး‌ မဲပေးခွင့် မရှိဘူးလို့ သိရပါတယ်။ တစ်ဦးလျှင် ကစားသမား ၃ ဦးစီ အစဉ်လိုက် ရွေးချယ် မဲပေးခွင့်ရှိပြီး ပထမ နေရာမှာ ရွေးချယ်ခံရတဲ့ ကစားသမားက ၅ မှတ်၊ ဒုတိယ နေရာက ကစားသမားက ၃ မှတ်နဲ့ တတိယ နေရာက ကစားသမားက ၁ မှတ် ရရှိမှာ ဖြစ်ပါတယ်။ နေရာ အလိုက် အမှတ် အများဆုံး ရရှိသူ ၁၂ ဦး ကတော့ နောက်ဆုံး ဆန်ကာတင် စာရင်းဝင်သွားမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အကောင်းဆုံး ဂိုးသမားဆု၊ ခံစစ် ကစားသမားဆု၊ ကွင်းလယ် ကစားသမားဆုနဲ့ တိုက်စစ် ကစားသမားဆု တွေကို အသီးသီး ပြန်လည် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။
 

ဆန်ကာတင် ၁၀ ဦး စာရင်း ဝင်ခဲ့တဲ့ ကစားသမားများ

ဂိုး

၄။ ကိုင်လာနားဗက်စ် (ပီအက်စ်ဂျီ) – ၅၀ မှတ်

၅။ မန်ဝဲလ်နော်အာ (ဘေယန်မြူးနစ်) – ၃၆ မှတ်

၆။ ယန်အိုဘလက်ခ် (အက်တလက်တီကို မက်ဒရစ်) – ၃၅ မှတ်

၇။ ဂီယန်လူဂျီ ဒွန်နာရူးမား (အေစီမီလန်, ယခု ပီအက်စ်ဂျီ) – ၂၀ မှတ်

၈။ အန်ဒရီ တာစတီဂန် (ဘာစီလိုနာ) – ၁၃ မှတ်

၉။ အော်ဂတ်စတင် မာခီဆင် (ပေါ်တို) – ၄ မှတ်

၉။ အလီဆွန် ဘက်ကာ (လစ်ဗာပူးလ်) – ၄ မှတ်
 
ခံစစ်

၄။ မာကွင်ဟို့စ် (ပီအက်စ်ဂျီ) – ၇၈ မှတ်

၅။ သီယာဂိုဆေးလ်ဗား (ချဲလ်ဆီး) – ၅၉ မှတ်

၆။ ကိုင်လ် ဝေါလ်ကာ (မန်စီးတီး) – ၃၅ မှတ်

၇။ ခီလီနီ (ဂျူဗင်တပ်စ်) – ၁၈ မှတ်

၈။ ဂျွန်စတုန်းစ် (မန်စီးတီး) – ၁၅ မှတ်

၉။ ဒေးဗစ် အလာဘာ (ဘေယန်မြူးနစ်၊ ယခု ရီးရဲယ်မက်ဒရစ်) – ၁၄ မှတ်

၉။ လီယိုနာဒို ဘိုနူချီ (ဂျူဗင်တပ်စ်) – ၁၄ မှတ်
 
ကွင်းလယ်

၄။ ဂွန်ဒိုအန် (မန်စီးတီး) – ၁၅ မှတ်

၄။ မေဆင်မောင့် (ချဲလ်ဆီး) – ၁၅ မှတ်

၆။ ဖရန်ကီ ဒီယွန်း (ဘာစီလိုနာ) – ၉ မှတ်

၆။ လူကာမိုဒရစ် (ရီးရဲယ်မက်ဒရစ်) – ၉ မှတ်

၈။ ပက်ဒရီ (ဘာစီလိုနာ) – ၆ မှတ်

၉။ ဂျော်ဂျီနို ဝိုင်ဂျ်နယ်ဒမ် (လစ်ဗာပူးလ်၊ ယခု ပီအက်စ်ဂျီ) – ၅ မှတ်

၉။ ကိုင်ဟာဗက်ဇ် (ချဲလ်ဆီး) – ၅ မှတ်
 
တိုက်စစ်

၄။ လီယွန်နယ်မက်ဆီ (ဘာစီလိုနာ၊ ယခု ပီအက်စ်ဂျီ) – ၇၆ မှတ်

၅။ ကာရင်မ် ဘင်ဇီမာ (ရီးရဲယ်မက်ဒရစ်) – ၇၀ မှတ်

၆။ နေမာ (ပီအက်စ်ဂျီ) – ၂၃ မှတ်

၇။ ကိုင်ဟာဗက်ဇ် (ချဲလ်ဆီး) – ၁၆ မှတ်

၇။ ရာဟင်မ် စတာလင် (မန်စီးတီး) – ၁၆ မှတ်

၉ မေဆင်မောင့် (ချဲလ်ဆီး) – ၆ မှတ်

၉။ ရိုမယ်လူ လူကာကူ (အင်တာမီလန်) – ၆ မှတ်
 

၂၀၁၉/၂၀၂၀  ချန်ပီယံလိဂ် နေရာအလိုက် အကောင်းဆုံးဆု ရရှိခဲ့သူများ

§  ဂိုး : မန်ဝဲလ် နော်အာ

§  ခံစစ် : ဂျော်ရွှာ ကင်မစ်ခ်

§  ကွင်းလယ် : ကီဗင်ဒီဘရိုင်းနား

§  တိုက်စစ် : ရောဘတ်လီဝမ်ဒေါစကီး

ချန်ပီယံလိဂ် နေရာလိုက် အကောင်းဆုံးဆုတွေ ကိုတော့ ၂၀၁၆/၂၀၁၇ ဘောလုံးရာသီမှာ စတင် ချီးမြှင့်ခဲ့ပြီး နှစ်စဉ် ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား/အမျိုးသမီး ကစားသမားဆုတွေနဲ့ အတူ ပေးအပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၂၀/၂၀၂၁ ခုနှစ် အတွက် ဆုပေးပွဲ ကိုတော့ ဩဂုတ်လ ၂၆ ရက်နေ့၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲနဲ့အတူ ကျင်းပသွားမယ်လို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်