နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝေးလ်လော့ခ်ရဲ့ နောက်ကျဂိုးကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ရပြန်တဲ့ ကြိုးကြာနီများ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် ၁ – ၁ နယူးကာဆယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လစ်ဗာပူးလ်နဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ အစောပိုင်း ၃ မိနစ်မှာ မိုဟာမက်ဆာလာ သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးလို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဂိုးပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် ကတော့ ဝေဝါးသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်တို့ တစ်ဖက်က ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံနေမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ပြီး အိမ်ကွင်းမှာ ၃ မှတ်အပြည့်ရဖို့ မျှော်လင့်ချက်နဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။ အရင် အသုံးပြုနေကျ ၄-၃-၃ ကစားကွက်ကို အသုံးမပြုခဲ့ပဲ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဂျိုတာ တစ်ဦးတည်းကို အထောင်ထားကာ ဆာလာ၊ ဖေမီနို၊ မာနေးတို့နဲ့ ဝန်းရံ ကစားစေခဲ့တာ ဖြစ်ပါတယ်။ စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်ကတော့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲတုန်းက လူစာရင်း၊ ကစားကွက်တို့ကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၃ မိနစ် မှာ လီဗာပူးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး မာနေးရဲ့ ဖြတ်တင်ဘောကို နယူးကာဆယ် နောက်ခံလူ ခေါင်းတိုက် ရှင်းထုတ်ပုံ မသေသပ်ရာ ကနေ ပြန်ကျလာတဲ့ ဘောလုံးကို မိုဟာမက် ဆာလာက တစ်ချက်လှည့်ပြီး အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး စောစောစီးစီး ရရှိထားတဲ့ လစ်ဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့သလို တိုက်စစ်က ဂျိုတာ အနေနဲ့ အပိုင်အခွင့် အရေးတွေ မကြာခဏ ရရှိခဲ့ပေမယ့် နယူးကာဆယ် ဂိုးသမား ဒူဗရဗ်ကာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ပြီး နယူးကာဆယ်တို့ အထောင်တိုက်စစ်မှူး တစ်ဦးပဲ ချန်ပြီး တစ်သင်းလုံး ပိတ်ဆို့ ကစားခဲ့တာကြောင့် လစ်ဗာပူးလ်တို့ နောက်ထပ်သွင်းဂိုးတွေ ထပ်မရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မိုဟာမက်ဆာလာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်ပြီး လွဲချော်ခဲ့သလို ဒူဗရက်ဗ်ကာရဲ့ ကာကွယ်မှုတွေကြောင့်ပဲ လစ်ဗာပူးလ် တို့ ဂိုးတွေ ထပ်ရဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ချေပဂိုးရဖို့ တိုက်စစ် အစွမ်းကုန်မြှင့်လာတဲ့ နယူးကာဆယ်တို့ ပွဲပြီးလို့ နာကျင်အချိန်ပိုမှာ ကော်လမ်ဝီလ်ဆင် ချေပဂိုး သွင်းပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ပေးခဲ့လို့  နယူးကာဆယ်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး မိနစ်မှာတော့ နယူးကာဆယ်တို့ ချေပဂိုး တကယ်ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ဂျိုးဝေးလ်လော့ခ်က ဂေးလ်ရဲ့ ဖန်တီးမှုကနေ အပိုင် ပိတ်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲ ရလဒ်ကြောင့် ဂျာဂျင်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၄ မှတ် ကွာဟသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဝေဝါးလာခဲ့တဲ့ လစ်ဗာပူးလ်

ဒီနေ့ပွဲမှာလည်း လစ်ဗာပူးလ်တို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ ပြန်ပေးလိုက်ရတဲ့ ဂိုးကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးသွားခဲ့ပြန်ပါပြီ။ လစ်ဗာပူးလ်နဲ့ ပွဲတုန်းကလည်း တစ်ပွဲလုံး ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရသလို အခုပွဲမှာလည်း တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ဒီရလဒ်ကို မလိုချင်လည်း ရသွားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ ရလဒ်ကြောင့် ဂျာဂျင်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၄ မှတ် ကွာဟသွားခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ စပါး၊ ဘန်လေ၊ ဝက်စ်ဟမ်း၊ လစ်ဗာပူးလ် တို့လို အသင်းတွေနဲ့ ကစားခဲ့ရပေမယ့် ၈ မှတ် အထိ ရှာဖွေနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန် ဖိအားအောက်ကနေ လွတ်မြောက် သလောက် ရှိခဲ့ပါပြီ။ ဒီနေ့ပွဲရဲ့ ထူးခြားချက် တချို့ကတော့  မိုဟာမက်ဆာလာ အနေနဲ့ ပရီးမီးယားလိဂ် ၃ ရာသီမှာ တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး လစ်ဗာပူးလ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ချေပဂိုး သွင်းပေးခဲ့တဲ့ ဂျိုးဝဲလော့ခ် ကတော့ ပရီးမီးယားလိဂ်မှာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ၃ ပွဲဆက် လူစားဝင်ကစားသမား အဖြစ်ကနေ ဂိုးသွင်းယူနိုင်ခဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားဖို့ ရှိပြီး နယူးကာဆယ် ကတော့ အာဆင်နယ်နဲ့ တွေ့ဆုံနေလို့ ပွဲကြပ်တွေ ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်