နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်းနဲ့ ၁၆ သင်းအဆင့်ကို အစောဆုံး တက်သွားတဲ့ အီတလီ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

အီတလီ ၃ – ၀ ဆွစ်ဇာလန်

(လိုကတ်တယ်လီ ၂၆’၊ ၅၂’၊ အင်မိုဘီလီ ၈၉’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု(A)ရဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲ မှာတော့ အီတလီတို့ ဘယ်တောင်ပံက လိုကတ်တယ်လီရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ဆွစ်ဇာလန်ကို ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲဟာ အီတလီ အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၂၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ခြင်း ဖြစ်သလို ပေးဂိုးမရှိ ၁၀ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကောင်းတစ်ခု ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အားလုံး ကြိုတင်မျှော်လင့်ထားတဲ့ အတိုင်း အီတလီတို့ ယူရို ၂၀၂၀ ရဲ့ ရှုံးထွက်အဆင့်ကို အစောဆုံး တက်ရောက်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်ချီနီ အနေနဲ့ အဖွင့်ပွဲမှာ ဒဏ်ရာရသွားတဲ့ ဖလော်ရန်ဇီ နေရာမှာ ဒီလော်ရန်ဇိုကို ကစားစေခဲ့တာ ကလွဲရင် အပြောင်းအလဲ လုံးဝမလုပ်ခဲ့ပဲ ဆွစ်ဇာလန်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗလာဒီမာ ပတ်ကိုဗစ် ကလည်း ဝေးလ်စ်နဲ့ ပွဲတုန်းက လူစာရင်းအတိုင်း အီတလီကို ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ ထုံးစံအတိုင်း အီတလီတို့ ပွဲအစပိုင်းမှာ အထနှေးခဲ့ပြီး တိုက်စစ်မှူး အင်ဆစ်ဂ်ညီ ခြေမပေါ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၉ မိနစ်မှာ နောက်ခံလူ ချီလီနီ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါမှာ လက်ထိဘော ဖြစ်နေတာကြောင့် အီတလီတို့ စောစောစီးစီး ဂိုးရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဆွစ်ဇာလန် ကတော့ ကွင်းလယ်က ရှာကာနဲ့ တောင်ပံက ရိုဒရီဂွက်ဇ် တို့လောက်ပဲ ပုံစံကောင်းတစ်ခု ဆက်ထိန်းထားနိုင်ခဲ့ပြီး ဝေးလ်စ်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အန်ဘိုလို လည်း အီတလီ ခံစစ် ကျောက်ဆောင်တွေကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ပွဲချိန်ကြာလေ စုစည်းမှု ပိုကောင်းလေ ဖြစ်တဲ့ အီတလီတို့ ခံစစ်က ချီလီနီ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမယ့်လည်း သူ့နေရာမှာ ဝင်ကစားတဲ့ အကာဘီ အနေနဲ့ မန်ချီနီကို စိတ်မပျက်စေခဲ့တာ တွေ့ရပါတယ်။ ထူးထူးခြားခြား ခြေစွမ်းပြသွားသူကတော့ ကွင်းလယ်က လိုကတ်တယ်လီနဲ့ ဘရယ်လာတို့ ဖြစ်ပြီး လိုကတ်တယ်လီ အနေနဲ့ ၂၆ မိနစ်နဲ့ ၅၂ မိနစ် တို့မှာ အီတလီ အတွက် အရေးပါတဲ့ ဂိုး ၂ ဂိုးသွင်းပေးခဲ့ပြီး ဘာရယ်လာ ကတော့ လိုကတ်တယ်လီရဲ့ ဒုတိယ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့ပါတယ်။ လူစားဝင်တဲ့အထဲ မှာတော့ အကာဘီ၊ တိုလွိုင်တို့ ခံစစ်မှူး နှစ်ဦးစလုံး ခြေစွမ်းပြခဲ့ကြပေမယ့် လူငယ်ကြယ်ပွင့် ခီယေဇာရဲ့ စွမ်းဆောင်ရည် ကတော့ သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး။ မည်သို့ပင်ဆိုပါစေ အီတလီတို့ ယူရို ၂၀၂၀ အုပ်စု (A) မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရဂိုး ၆ ဂိုး၊ ပေးဂိုး မရှိနဲ့ ၁၆ သင်းအဆင့်ကို အစောဆုံး တက်သွားခဲ့ပြီး ဝေးလ်စ်နဲ့ ကစားဖို့ ကျန်နေသေးပေမယ့် သရေကျရင်တောင် အုပ်စု ပထမ နေရာနဲ့ တက်လှမ်းသွားဖို့ ရှိနေပါတယ်။ ဆွစ်ဇာလန် ကတော့ ယူရို ၂၀၂၀ ရှုံးထွက် တက်ရေး မျှော်လင့်ချက် အတွက် နောက်ဆုံးပွဲမှာ တူရကီကို အနိုင်ကစားဖို့ လိုအပ်သွားခဲ့သလို ဖိအား တော်တော်လေး များသွားခဲ့ရပါတယ်။

ဆွစ်ဇာလန် ကတော့ ယူရို ၂၀၂၀ ရှုံးထွက် တက်ရေး မျှော်လင့်ချက် အတွက် နောက်ဆုံးပွဲမှာ တူရကီကို အနိုင်ကစားဖို့ လိုအပ်သွားခဲ့သလို ဖိအား တော်တော်လေး များသွားခဲ့ရပါတယ်။
ယူရို ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ပွဲစဉ် ၁၄ ပွဲကစားခဲ့ရာမှာ နိုင်ပွဲ ၂ ပွဲသာရခဲ့တဲ့ ဆွစ်ဇာလန်

ကြယ်ပွင့် ကစားသမား – မန်ဝဲလ် လိုကတ်တယ်လီ

(စာရေးသူ စိတ်ကြိုက်ကစားသမား – မန်ဝဲလ် လိုကတ်တယ်လီ)

စာရေးသူရဲ့ အကြိုက်နဲ့လည်း ကွက်တိပါပဲ။ ဒီနေ့ပွဲမှာ တိုက်စစ်မှူးတွေ တစ်ဦးကို အနည်းဆုံး ၂ ဂိုးလောက် ဖြုန်းတီးပစ်ခဲ့ပေမယ့် တောင်ပံကစားသမား လိုကတ်တယ်လီ ကတော့ အီတလီတို့ စံချိန်တွေ ဆက်ထိန်းပြီး ရှုံးထွက်အဆင့်ကို အစောဆုံး တက်လှမ်းနိုင်ဖို့ ကူညီခဲ့ပါတယ်။ တူရကီနဲ့ ပွဲမှာ ကတည်းက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ သူတွေထဲ ပါခဲ့တဲ့ ဆာဆူအိုလို ကစားသမားဟာ ဒီနေ့ပွဲမှာတော့ ထင်ထင်ရှားရှား တောက်ပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားတဲ့ လိုကတ်တယ်လီ အနေနဲ့ မန်ချီနီရဲ့ အီတလီ အသင်း မှာတော့ တောင်ပံ ထွက်ပြီး ကစားနေရပေမယ့်လည်း အကောင်းဆုံး ခြေစွမ်းကို ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ

·         အီတလီတို့ ဆွစ်ဇာလန်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲစလုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၁၉၉၃ မေလက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နောက်ဆုံး ၁ ကြိမ် ရှုံးနိမ့်ခဲ့ပြီး ကတည်းက လက်ရှိအချိန်ထိ ၅ ပွဲနိုင်၊ ၄ ပွဲသရေ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

·         အီတလီတို့ နောက်ဆုံး ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စု ပွဲစဉ် ၉ ပွဲမှာ စုစုပေါင်း ပေးဂိုး ၃ ဂိုးပဲ ရှိခဲ့ပါတယ်။

·         အီတလီတို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၀ ပွဲဆက် ပေးဂိုးမရှိ အနိုင်ရထားပြီး စုစုပေါင်း ၃၁ ဂိုး ရရှိထားပါတယ်။

·         အီတလီတို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၂၉ ပွဲဆက် ရှုံးပွဲမရှိသေးသလို ၂၄ ပွဲ နိုင်ပြီး ၅ ပွဲပဲ သရေကျခဲ့ပါတယ်။

·         အီတလီတို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၀ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။

·         ဆွစ်ဇာလန် ကတော့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ် ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိခဲ့ပါတယ်။

·         ဆွစ်ဇာလန်တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၀ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲဟာ ၉ ပွဲသာ ရှိခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

အုပ်စု(A)ရဲ့ နောက်ဆုံး ပွဲစဉ်တွေ အဖြစ် ဇွန်လ ၂၀ ရက်နေ့၊ တနင်္ဂနွေ နေ့မှာ အီတလီက ဝေးလ်စ်ကို အိုလံပီကို ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဆွစ်ဇာလန်က ဘာကူမှာ တူရကီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်