နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပထမဦးဆုံး နိုင်ပွဲနဲ့ အတူ ရှုံးထွက်အဆင့်ကို ပထမဦးဆုံးအကြိမ် တက်လှမ်းသွားတဲ့ ဒီအာ ကွန်ဂို | ကမ္ဘာ့ဖလား

ဒီအာ ကွန်ဂို အသင်း ကတော့ တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ ဥဇဘက်ကစ္စတန်ကို ၃-၁ ရလဒ်နဲ့ အနောက် ကနေ လိုက်ကစားပြီး သမိုင်းဝင် ၃၂ သင်း အဆင့် ရှုံးထွက် အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ ဒီအာ ကွန်ဂိုဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် မှာတော့ အုပ်စု (L) က ပထမ ရထားတဲ့ အင်္ဂလန် အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

Atlanta Stadiumမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ ဒီအာကွန်ဂိုဟာ ပထမပိုင်းမှာ ဥဇဘက်ကစ္စတန် အသင်းရဲ့ အဓိက တိုက်စစ်မှူး အယ်လ်ဒေါ ရှိုမူရိုဒေါ့ဗ်ရဲ့ တိုက်စစ်ဆင်မှုကြောင့် ဂိုးပေးထားခဲ့ရလို့ ဖိအားဝင်ခဲ့ရတာပါ။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ဝစ်ဆာရဲ့ သွင်းဂိုးတွေ အပြင် ဖစ်စတန် မာယီလီ ကပါ အဖိုးတန် ဂိုး သွင်းယူပေးခဲ့လို့ အုပ်စု (K) ရဲ့ အကောင်းဆုံး တတိယနေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစ ၂၃ စက္ကန့် မှာတင် ဥဇဘက်ကစ္စတန်တို့ အစောဆုံး ဦးဆောင်ဂိုး ရပြီလို့ ထင်ခဲ့ရပေမယ့် လူကျွံဘော ဖြစ်ခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၁၀ မိနစ် မှာတော့ ရှိုမူရိုဒေါ့ဗ်က အခွင့်အရေးကို အမိအရ အသုံးချပြီး ဒီအာကွန်ဂို နောက်ခံလူ အာရွန် ဝမ်-ဘစ်ဆာခါကို ကျော်ဖြတ်ကာ ဂိုးသမား လီယွန်နယ် အမ်ပါစီရဲ့ ခေါင်းကျော်ပြီး လှလှပပ မတင်ကန်သွင်းယူကာ ဥဇဘက်ကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ကွန်ဂို တိုက်စစ်မှူး နာသန်နီရယ် အမ်ဘူကူက ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးမဖြစ်ခင် အဆင့်မှာ ပြိုင်ဘက် နောက်ခံလူရဲ့ မျက်နှာကို မရည်ရွယ်ဘဲ လက်နဲ့ ရိုက်မိခဲ့တာကြောင့် VARက ပြန်လည် ပယ်ဖျက်ခဲ့လို့ ပထမပိုင်းမှာ ဥဇဘက်ကစ္စတန်က ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့တဲ့ ဝစ်ဆာဟာ ဒုတိယပိုင်း မှာတော့ ပွဲကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဝစ်ဆာ တစ်ကိုယ်တော် ထိုးဖောက်ရာ ကနေ ဥဇဘက် နောက်ခံလူ ကူဆာနော့ဗ် ဖောက်ဖျက် ကျူးလွန်ခဲ့လို့ ပင်နယ်တီ ရရှိခဲ့ပြီး၊ ဒီပင်နယ်တီကို ဝစ်ဆာ ကိုယ်တိုင် အမှားအယွင်းမရှိ ကန်သွင်းကာ ကွန်ဂို အတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။

ဂိုးရပြီးနောက် စိတ်ဓာတ်တက်ကြွလာတဲ့ ကွန်ဂို တို့ဟာ ပွဲပြီးဖို့ ၁၂ မိနစ်အလိုမှာ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ မီရှက် အီလီယာရဲ့ ပြင်းထန်တဲ့ ကန်ချက် လမ်းကြောင်းပြောင်းသွားတာကို မာယီလီက ဂိုးသမားပေါ် ကနေ ဖြတ်ပိတ်ပြီး ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ပွဲပြီးခါနီး နာကျင် အချိန်ပို ၉၁ မိနစ် မှာတော့ ဝစ်ဆာက ဘယ်ခြမ်းကနေ ဖြတ်ဝင်ပြီး အောက်ခြေထောင့်ထဲကို အပြတ် ကန်သွင်းကာ ၃-၁ နဲ့ ဂိုးပြတ် အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

 

ကွန်ဂိုတို့ရဲ့ နှစ်ပေါင်း ၅၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ သမိုင်းဝင်ည

လက်ရှိမှာ ဒီအာ ကွန်ဂိုဟာ ကမ္ဘာ့ဖလား အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ၁၁ သင်းမြောက် အာဖရိက နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ရှုံးထွက်အဆင့်မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရတော့မယ့် ဒီအာ ကွန်ဂို

ဒီအာကွန်ဂို အသင်းဟာ နှစ်ပေါင်း ၅၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလား စင်မြင့်ထက်ကို ပြန်လည် ရောက်ရှိလာချိန်မှာ ပထမ နှစ်ပွဲစလုံး သရေတစ်ပွဲ၊ ရှုံးတစ်ပွဲနဲ့ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့် အခု ဥဇဘက်နဲ့ ပွဲမှာတော့ သမိုင်းတစ်လျှောက် သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ကွန်ဂိုတို့ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှမရှိဘဲ မျှော်မှန်းဂိုး (xG) ၀.၂ သာ ရှိခဲ့ပေမယ့်၊ ဒုတိယပိုင်း မှာတော့ နည်းပြ ဆီဘက်ရှီယန် ဒီဆာဘရီရဲ့ လမ်းညွှန်မှုနဲ့ အတူ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ် အထိ ရှိလာခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၁၄ အထိ အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ကွန်ဂို အသင်းဟာ ပွဲချိန် ၆၈ မိနစ်ကနေ စတင်ပြီး သွင်းယူခဲ့တဲ့ ဂိုးအရေအတွက် (၃ ဂိုး) ဟာ သူတို့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ကစားခဲ့တဲ့ ပထမဆုံး ၅ ပွဲ အတွင်း သွင်းခဲ့တဲ့ ဂိုး (၁ ဂိုး) ထက် ပိုမိုများပြားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းရဲ့ ပထမဆုံး ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝစ်ဆာရဲ့ စံချိန်မျိုးဟာ အာဖရိကတိုက်မှာ ၁၉၃၄ ခုနှစ်က အီဂျစ်ကစားသမား အာဘဒယ်ရာမန် ဖောင်ဇီ ပြီးရင် ဒုတိယမြောက် စံချိန်တင်နိုင်ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ဒီအာ ကွန်ဂိုဟာ ကမ္ဘာ့ဖလား အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ၁၁ သင်းမြောက် အာဖရိက နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကွန်ဂို အနေနဲ့ လာမယ့် ၃၂ သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ အင်္ဂလန် အသင်းနဲ့ ရင်ဆိုင်ရင်း နောက်ထပ် သမိုင်းသစ်တွေ ရေးထိုးသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်