နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီကွေဒေါ အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အီကွေဒေါ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


အီကွေဒေါ လက်ရွေးစင် အသင်း အကျဉ်းချုပ်

အီကွေဒေါ လက်ရွေးစင် ဘောလုံး အသင်း ကတော့ ရှည်လျားတဲ့ သမိုင်းကြောင်း အစဉ်အလာ ရှိပြီး တောင်အမေရိကရဲ့ အသင်းကြီး တစ်သင်းလို့ ပြောလို့ ရပါတယ်။ ၁၈၉၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ၁၉၂၆ ခုနှစ်မှာ ဖီဖာနဲ့ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အီကွေဒေါ ဟာ နိုင်ငံ အဆင့် အောင်မြင်မှု သိပ်မရှိပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း တောင်အမေရိကရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်လာခဲ့ပြီး ပြိုင်ဘက်တွေ သတိထား ရင်ဆိုင်ရမယ့် အသင်း ဆိုရင်လည်း မမှားပါဘူး။

အမည်ပြောင် – သုံးရောင်ခြယ်များ

အဖွဲ့ချုပ် – အီကွေဒေါ ဘောလုံး အဖွဲ့ချုပ်

စတင် တည်ထောင်သည့် ခုနှစ် – ၁၈၉၉

အရောင် – အဝါရောင်၊ အနက်ရောင်နဲ့ မီးခိုးရောင်

နည်းပြချုပ် – ဂူစတာဗို အဲလ်ဖာရို

အသင်းခေါင်းဆောင် – အန်နာ ဗလင်စီယာ

ပွဲအများဆုံး ကစားထားသူ – အိုင်ဗန် ဟာတာဒို (၁၆၈ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – အန်နာ ဗလင်စီယာ (၃၅ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၄၉ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 1.82
ဂိုးပေါ် -0.75 @ 2.11
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမဦးဆုံး နိုင်ငံတကာပွဲ

ဘိုလစ်ဗီးယား ၁-၁ အီကွေဒေါ (ဩဂုတ် ၈ ရက်၊ ၁၉၃၈ ခုနှစ်)


အကြီးမားဆုံး နိုင်ပွဲ

အီကွေဒေါ ၆-၀ ပီရူး (ဇွန် ၂၂ ရက်၊ ၁၉၇၅ ခုနှစ်)


အကြီးမားဆုံး ရှုံးပွဲ

အာဂျင်တီးနား ၁၂-၀ အီကွေဒေါ (ဇန်နဝါရီလ ၂၂ ရက်၊ ၁၉၄၂ ခုနှစ်)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

၂၀၂၂ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ အီကွေဒေါတို့ အုပ်စု အဆင့် မှာတော့ အိမ်ရှင် ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့ ပါဝင်တဲ့ အုပ်စု A ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား နောက်ဆုံး ၆ ကြိမ်မှာ ၄ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အီကွေဒါ

အီကွေဒေါတို့ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားခွင့်ရခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ကတော့ ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားမှာ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ဆုံး ၆ ကြိမ်မှာ ၄ ကြိမ် အထိ ခြေစစ်ပွဲ အောင်မြင်ထားခဲ့ပြီး ဒေသတွင်း ပြိုင်ဘက် ချီလီ၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ပီရူး တို့ထက် သာလွန်နေတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် အီကွေဒေါဟာ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေးတို့ ပြီးရင် ကမ္ဘာ့ဖလား အကြိမ်ရေ အများဆုံး ကစားခွင့်ရထားတဲ့ တောင်အမေရိကအသင်း လို့လည်း ဆိုနိုင်ပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကိုတော့ တောင်အမေရိကဇုန် ကနေ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေး တို့နဲ့ အတူ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။


အခြား အောင်မြင်မှု

အီကွေဒေါ အတွက် ၂၀၀၆ ကမ္ဘာ့ဖလား တုန်းက ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဟာ အမြင့်ဆုံး အောင်မြင်မှုလို့ ပြောလို့ ရပြီး အခြားသော ပြိုင်ပွဲတွေ မှာတော့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အောင်မြင်မှုမျိုး မရသေးပါဘူး။ ၁၉၉၉ ခုနှစ် ကနေဒါဖလား၊ ပန်အမေရိကန်ပြိုင်ပွဲ ရွှေတံဆိပ်၊ တောင်အမေရိကဂိမ်း ငွေတံဆိပ် ၄ ဆု၊ ကြေးတံဆိပ် ၁ ဆုနဲ့ တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ် ချန်ပီယံ ၁ ကြိမ် ဖြစ်ထားပါတယ်။ နောက်ပြီး ဘိုလစ်ဗာရီးယန်းလို့ ခေါ်တဲ့ ပြိုင်ပွဲမှာ ပထမ ၂ ကြိမ်၊ ဒုတိယ ၃ ကြိမ်နဲ့ တတိယ ၂ ကြိမ် ရထားတာဟာ အီကွေဒေါရဲ့ နိုင်ငံ အဆင့် အမြင့်ဆုံး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ အီကွေဒေါတို့ အုပ်စု အဆင့် မှာတော့ အိမ်ရှင် ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့ ပါဝင်တဲ့ အုပ်စု A ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ကစားမည့် ရက်

ကာတာ – အီကွေဒေါ (နိုဝင်ဘာ ၂၁)
နယ်သာလန် – အီကွေဒေါ (နိုဝင်ဘာ ၂၅)
အီကွေဒေါ – ဆီနီဂေါ (နိုဝင်ဘာ ၂၉)


ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၁၅၀၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်