နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ (Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်များ)

ပြီးခဲ့တဲ့ လာမယ့် ဇွန်လ ၁၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် အသင်းပေါင်း (၄၈) သင်းနဲ့ တိုးမြှင့် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွဲအရည်အတွက် အရ ဆိုရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲ အထိ ရှိလာမှာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲ မစတင်မီ Opta စူပါကွန်ပျူတာကို အကြိမ်ရေ ၁၀,၀၀၀ တိတိ ခန့်မှန်းစေခဲ့ရာ မှာတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေက အောင်ပါ အတိုင်း ထွက်ပေါ်လာခဲ့ပါတယ်။

 

ချန်ပီယံဖြစ်ဖို့ အလားအလာအကောင်းဆုံး ထိပ်တန်းအသင်းကြီးများ

၁။ စပိန် (၁၆.၁%) – ရေပန်းအစားဆုံးအသင်း

လက်ရှိ ဥရောပချန်ပီယံ စပိန် အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အမြင့်ဆုံးနဲ့ ရေပန်းအစားဆုံး အသင်း ဖြစ်ပါတယ်။ လာမင်း ယာမယ်လ်၊ ရိုဒရီ၊ ဖာရန်း တောရက်စ် တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး ကွာတားဖိုင်နယ် တက်ဖို့ ၅၂.၁ ရာခိုင်နှုန်းနဲ့ ဆီမီးဖိုင်နယ် တက်ဖို့ ၃၉.၀ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပါတယ်။ အုပ်စုတွင်း မှာလည်း ဥရုဂွေး၊ ဆော်ဒီ၊ ကိပ်ဗာဒီ တို့နဲ့ ကျရောက်နေလို့ အုပ်စု ပထမ ရဖို့ ကတော့ ၇၅.၃ ရာခိုင်နှုန်း အထိ သေချာနေပါတယ်။

 

၂။ ပြင်သစ် (၁၃.၀%)

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ (၂) ကြိမ်ဆက်တိုက် တက်လှမ်းထားတဲ့ ပြင်သစ်အသင်းဟာ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။ အခု ပြိုင်ပွဲဟာ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် အတွက် ပြင်သစ် နည်းပြ ဘဝ ၁၄ နှစ်တာ သက်တမ်းရဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေးက အသင်းကို ဦးဆောင်မှာပါ။ အုပ်စုတွင်းမှာ နော်ဝေ၊ ဆီနီဂေါ၊ အီရတ် တို့နဲ့ ကျရောက်နေလို့ အုပ်စုကျပ်တယ်လို့ ဆိုနိုင်ပါတယ်။

 

၃။ အင်္ဂလန် (၁၁.၂%)

နည်းပြ သောမတ်စ် တူချယ် ဦးဆောင်လာမယ့် အင်္ဂလန် အသင်းဟာ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ခြင်္သေ့ သုံးကောင် တို့ဟာ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟာရီကိန်း၊ ဘယ်လင်စမ်၊ ဒီကလန် ရိုက်စ် တို့နဲ့ အတူ နှစ်ပေါင်း ၆၀ ကြာ ဖလားငတ်မွတ်မှုကို အဆုံးသတ်ဖို့ ပြင်ဆင်နေပါတယ်။ အခု ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အဓိက အဆင့်ကို ခြေစစ်ပွဲ ၈ ပွဲစလုံးနိုင်၊ ပေးဂိုးမရှိ စံချိန်နဲ့ တက်ရောက်လာတာ ဖြစ်ပါတယ်။

 

၄။ အာဂျင်တီးနား (၁၀.၄%)

လက်ရှိ ချန်ပီယံ အာဂျင်တီးနားဟာ စတုတ္ထမြောက် ရေပန်းအစားဆုံး ဖြစ်ပြီး အုပ်စု ပထမ ရဖို့ ၇၃ ရာခိုင်နှုန်း အထိ သေချာနေပါတယ်။ သမိုင်းကြောင်းအရ အမေရိကတိုက်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား (၈) ကြိမ်မှာ (၇) ကြိမ်အထိ တောင်အမေရိက အသင်းတွေပဲ ဗိုလ်စွဲခဲ့ဖူးတာက သူတို့ အတွက် အားသာချက်ပါ။ အသက် ၃၈ နှစ် အရွယ် မက်ဆီက လော်တာရို မာတီနက်ဇ်၊ ဂျူလီယန် အဲလ်ဗာရက်ဇ် တို့နဲ့ အတူ ဖလားကို ကာကွယ်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

 

စောင့်ကြည့်ရမယ့် တခြား အင်အားကြီးအသင်းများ

ပေါ်တူဂီ (၇.၀%) – ခရစ္စတိယာနို ရော်နယ်ဒိုဟာ လီယွန်နယ် မက်ဆီနဲ့ အတူ ကမ္ဘာ့ဖလား (၆) ကြိမ်ဆက် ဝင်ကစားတဲ့ သမိုင်းဝင် ကစားသမား ဖြစ်လာတော့မှာပါ။ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပံ့ပိုးမှုတွေနဲ့ အတူ နေရှင်းလိဂ် ချန်ပီယံ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ဖို့တော့ ၂၃.၉ ရာခိုင်နှုန်း ရှိနေပါတယ်။

ဘရာဇီးလ် (၆.၆%) – ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီးလ်အသင်းဟာ ကာလို အန်ဆယ်လော့တီ လက်အောက်မှာ အသင်း တည်ဆောက်ချိန် သိပ်မရသေးတာကြောင့် ရေပန်းစားမှု အနည်းငယ် လျော့နည်းနေပါတယ်။ ဒါပေမယ့် နေမာ၊ ဗင်နီးစီးယပ်စ်၊ ရာဖင်ညာ တို့လို တိုက်စစ် အင်အားနဲ့ အတူ အုပ်စု (C) မှာ ပထမနေရာရဖို့ ၆၀.၄ ရာခိုင်နှုန်း ရှိနေပါတယ်။

ဂျာမနီ (၅.၁%) – နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ ဂျာမနီ ကတော့ အတွေ့အကြုံရင့် နော်ယာ၊ ကင်မစ်ချ်တို့ အပြင် လစ်ဗာပူးလ် ကြယ်ပွင့် ဖလော်ရီယန် ဝရက်ဇ်ကို အားကိုးပြီး ဗိုလ်လုပွဲ တက်ဖို့ ၁၀.၁ % အခွင့်အရေး ရှိနေပါတယ်။

 

ဖြတ်မြင်းအသင်းတွေနဲ့ အိမ်ရှင်များ

နယ်သာလန် (၃.၆%) နဲ့ နော်ဝေ (၃.၅%) – ဒီနှစ်သင်းစလုံးဟာ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ရင် အရမ်း အန္တရာယ်များတဲ့ အသင်းတွေ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် နော်ဝေ အသင်းမှာ ခြေစစ်ပွဲ အတွင်း ပင်နယ်တီမပါဘဲ ၁၆ ဂိုးအထိ သွင်းခဲ့တဲ့ ဟာလန်းနဲ့ မာတင် အိုဒီဂတ်တို့ ရှိနေပါတယ်။

ကိုလံဘီယာ (၂.၁%) နဲ့ မော်ရိုကို (၁.၉%) – မော်ရိုကိုဟာ အာဖရိကရဲ့ အဆင့်အမြင့်ဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပြီး ဇွန် ၁၃ ရက်မှာ ကစားမယ့် ဘရာဇီးလ်နဲ့ ပွဲဟာ အထူးစောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။

အိမ်ရှင် ၃ နိုင်ငံ – စူပါကွန်ပျူတာက အိမ်ရှင်တွေ ဖလားရဖို့ ရာခိုင်နှုန်း အလွန်နည်းတယ်လို့ တွက်ချက်ထားပါတယ်။ အမေရိကန် (၁.၂%)၊ မက္ကဆီကို (၁.၀%) နဲ့ ကနေဒါ (၁၆ သင်း အဆင့် တက်နိုင်ခြေ ၄၂.၇%) သာ ရှိကြပါတယ်။

ခရိုအေးရှား (၁.၆%) – ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေမှာ ဒုတိယနဲ့ တတိယ ရခဲ့ပေမယ့် ကစားသမားတွေ အသက်ကြီးလာတာကြောင့် အခုနှစ် မှာတော့ ဖြူနီ အကွက် တို့ကို အောက်သင်း အဖြစ်သာ ရှုမြင်ထားကြပါတယ်။

 

စိတ်ဝင်စားဖွယ် ထူးခြားချက်တွေနဲ့ အသင်းသစ်များ

ပွဲဦးထွက် အသင်းများ – အခုနှစ်မှာ ကမ္ဘာ့ဖလားကို ပထမဆုံး အကြိမ် တက်ရောက်ခွင့်ရတဲ့ အသင်း (၄) သင်း ရှိလာပါတယ်။ အဲဒါ အသင်းတွေ ကတော့ ကိပ်ဗာဒီ၊ ကူရာကာအို၊ ဂျော်ဒန်နဲ့ ဥဇဘက်ကစ္စတန်တို့ ဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ စမ်းသပ်မှု အကြိမ်ရေ ၁၀,၀၀၀ ထဲမှာ ချန်ပီယံ တစ်ကြိမ်မှ ဖြစ်ခွင့် မရခဲ့တဲ့ တစ်သင်းတည်းသော အသင်း ကတော့ ကူရာကာအို ဖြစ်ပါတယ်။ ထူးထူးခြားခြား စူပါကွန်ပျူတာက အသင်းငယ်လေး ဟေတီ ကိုတော့ အကြိမ် ၁၀,၀၀၀ မှာ ၁ ကြိမ် ချန်ပီယံ ဖြစ်ကြောင်း တွက်ချက်ပေးခဲ့ပါတယ်။

စကော့တလန် (၀.၂%) – အုပ်စုတွင်းမှာ ဘရာဇီးလ်၊ မော်ရိုကိုတို့နဲ့ အုပ်စုကျပ်နေပေမဲ့ ဟေတီအသင်း ပါဝင်နေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ၆၆.၁% အထိ အခွင့်အရေး ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်