နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်က ဘယ်သူဖြစ်မလဲ

၂၀၂၆ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး နီးကပ်လာတာနဲ့ အမျှ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆု “ရွှေဖိနပ်ဆု” ကို ဘယ်သူ ဆွတ်ခူးမလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာပါပဲ။ ဒီတော့ ရွှေဖိနပ်ဆု ရရှိဖို့ အလားအလာ အကောင်းဆုံး ထိပ်တန်း ရေပန်းစားသူ ၆ ဦးကို ကြည့်ရအောင်ပါ။

 

ဟယ်ရီ ကိန်း (အင်္ဂလန်)

ကလပ် ကမ္ဘာ့ဖလား မပါဝင်ပဲ ပြိုင်ပွဲစုံ ၆၁ ဂိုး သွင်းယူခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အများဆုံး ဖြစ်ပါတယ်။ မျှော်လင့်နိုင်ခြေဂိုး ၄၄.၄ (xG) ထက် ၁၆.၆ ဂိုး ပိုမိုသွင်းယူနိုင်ခဲ့ကာ မိနစ် ၆၆ တိုင်းမှာ ၁ ဂိုးနှုန်း သွင်းယူခဲ့ပါတယ်။ ကလပ် အသင်းမှာ ဟက်ထရစ် ၅ ကြိမ် အထိ ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန် ပိုကယ်ဖလား တို့မှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ၈ ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဂိုးမြူးခဲ့တဲ့ ဟယ်ရီကိန်း

အင်္ဂလန် အသင်း အတွက် ၁၁၃ ပွဲမှာ ၇၉ ဂိုးနဲ့ စံချိန်တင် ဂိုးသွင်း အများဆုံး ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၆ ဂိုးနဲ့ ရွှေဖိနပ်ဆု ရရှိခဲ့ဖူးပြီး၊ ကမ္ဘာ့ဖလား ၁၁ ပွဲမှာ ၈ ဂိုး သွင်းထားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ၈ ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။

 

ကီလီယန် အမ်ဘာပေး (ပြင်သစ်)

ပြီးခဲ့တဲ့ နွေရာသီက စပြီး ၂၀၂၅ ကလပ် ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၄၃ ဂိုးသွင်း၊ ၆ ကြိမ် ဖန်တီးကာ စုစုပေါင်း ၄၉ ဂိုးတွင် ပါဝင် ပတ်သက်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဟက်ထရစ် သွင်းဖူးတဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ကစားသမား ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲမှာ ၈ ဂိုးနဲ့ ရွှေဖိနပ်ဆု ဆွတ်ခူးခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ကြိမ် အတွင်း ၁၂ ဂိုး သွင်း၊ ၁၄ ဂိုး ပါဝင်ပတ်သက်ထားပြီး ပြင်သစ် အသင်း အတွက် အိုလီဗီယာ ဂျရူးရဲ့ စံချိန် (၅၇ ဂိုး) ကို ကျော်ဖြတ်ဖို့ ၂ ဂိုးသာ လိုပါတော့တယ်။ ဒါ့အပြင် ကလိုဆေးရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး စံချိန် (၁၆ ဂိုး) ကို မှီဖို့ ၄ ဂိုးသာ လိုအပ်ပါတော့တယ်။

 

အားလင်း ဟာလန်း (နော်ဝေ)

၄ ရာသီအတွင်း သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးထားပါတယ်။ နော်ဝေ အသင်းအား ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ခြေစစ်ပွဲ ၈ ပွဲမှာ ၁၆ ဂိုး (တစ်ပွဲလျှင် ပျမ်းမျှ ၂ ဂိုးနှုန်း) သွင်းယူကာ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။ မော်လ်ဒိုဗာကို ၁၁-၁ နဲ့ နိုင်တဲ့ ပွဲမှာ ၅ ဂိုး သွင်းခဲ့ပါတယ်။ အထင်ကရ အချက်က ခြေစစ်ပွဲ သွင်းဂိုး ၁၆ ဂိုးစလုံးမှာ ပင်နယ်တီ တစ်လုံးမှ မပါဝင်ခြင်း ဖြစ်ပါတယ်။ သူ့ကို ဗဟိုကွင်းလယ်လူ မာတင် အိုဒီဂတ် (ခြေစစ်ပွဲ ဂိုးဖန်တီးမှု ၇ ကြိမ်အနက် ၄ ကြိမ်အား ဟာလန်းထံ ဖန်တီးပေးခဲ့သူ) က ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

ဒီရာသီ မေဂျာလိဂ်မှာ ၁၂ ဂိုးသွင်း၊ ၇ ကြိမ် ဖန်တီးကာ ဂိုးပါဝင်ပတ်သက်မှု (၁၉ ကြိမ်) နဲ့ လိဂ်မှာ အများဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပွဲအများဆုံး (၂၆ ပွဲ) ကစားထားပြီး ၁၃ ဂိုးသွင်း၊ ၈ ကြိမ် ဖန်တီးထားပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့် ကနေ ဖိုင်နယ် အထိ အဆင့်တိုင်းမှာ ဂိုးသွင်းတဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲမှာလည်း ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။ သူဟာ အသက် ၃၈ နှစ် ရှိပြီဖြစ်ပေမယ့်လည်း ပုံမှန် ပွဲထွက်ခွင့် ရပါက ကလိုဆေးရဲ့ စံချိန် (၁၆ ဂိုး) ကို ချိုးဖျက်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။

 

ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

အဲလ်နာဆာ အသင်းနဲ့ အတူ ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး လိဂ်ပွဲ ၃၀ မှာ ၂၈ ဂိုး သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၂၂၇ ပွဲတွင် ၁၄၃ ဂိုး သွင်းထားပြီး ခြေစစ်ပွဲမှာ ပေါ်တူဂီ အတွက် ၅ ဂိုးနဲ့ သွင်းဂိုး အများဆုံး ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ်စလုံးမှာ ဂိုးသွင်းဖူးတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပြီး ကမ္ဘာ့ဖလား သွင်းဂိုး ၈ ဂိုး ရှိပါတယ်။ ဒါပေမယ့်လည်း ရွှေဖိနပ်ဆု ရရှိဖို့ အတွက် သူ့အနေနဲ့ ကစားသမားဘဝမှာ တစ်ကြိမ်မှ မလုပ်ဆောင်နိုင်သေးတဲ့ “ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဂိုးသွင်းယူခြင်း”ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

 

မီခဲလ် အိုယာဇာဘယ် (စပိန်)

၂၀၂၅-၂၆ ရာသီ လာလီဂါမှာ ၁၅ ဂိုး သွင်းယူကာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ဂိုးသွင်း ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ ယူရို ၂၀၂၄ ဖိုင်နယ်တွင် စပိန် အတွက် ဗိုလ်စွဲစေမယ့် အနိုင်ဂိုး သွင်းခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၆ ပွဲကစား ၆ ဂိုးသွင်း၊ ၄ ကြိမ် ဖန်တီးကာ စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၁၀ ကြိမ်ကျော် ရှိခဲ့တဲ့ ဥရောပဇုန်က ကစားသမား ၃ ဦး အနက် တစ်ဦး ဖြစ်ပါတယ်။ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ ကြံ့ခိုင်မှု မပြည့်ဝပါက စပိန် တိုက်စစ်ကို ဦးဆောင်ရမယ့်သူ ဖြစ်ပါတယ်။

ဒီဆု အတွက် တခြားသော ဖြစ်နိုင်ခြေ ရှိသူတွေ အဖြစ် လာမင်း ယာမယ်၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ အူစမန်နီ ဒမ်ဘီလီ၊ မိုက်ကယ် အိုလီဆေး၊ မိုဟာမက် ဆာလာနဲ့ ဆာဒီယို မာနေး တို့ သတ်မှတ်ခံထားရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်