အမေရိကန် – ဘော့စနီးယား-ဟာဇီဂိုဗီးနား
အိမ်ရှင် အမေရိကန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ် အဖြစ် ဘော့စနီးယား-ဟာဇီဂိုဗီးနား အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန် အသင်းဟာ အုပ်စု (D) မှာ ပထမနေရာနဲ့ ရှုံးထွက်အဆင့် ပွဲစဉ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပြီး၊ ဘော့စနီးယား အသင်း ကတော့ အုပ်စု တတိယ အကောင်းဆုံး အသင်း အဖြစ် သမိုင်းဝင် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်
နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ အမေရိကန် အသင်းဟာ အုပ်စုအဖွင့် နှစ်ပွဲစလုံးမှာ ခြေစွမ်းပြခဲ့ပြီး ပါရာဂွေးကို ၄-၁၊ ဩစတြေးလျကို ၂-၀ ဂိုးတွေနဲ့ အသီးသီး အနိုင်ယူခဲ့ပါတယ်။ အမေရိကန်ဟာ အုပ်စု နောက်ဆုံးပွဲ မကစားရခင် ကတည်းက ၃၂ သင်း အဆင့်ကို ကြိုတင် တက်လှမ်းထားနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဇွန်လ ၂၅ ရက်က ကစားခဲ့တဲ့ အုပ်စု နောက်ဆုံးပွဲမှာ တူရကီကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့လည်း ရမှတ် ၆ မှတ်နဲ့အတူ ဒုတိယရ ဩစတြေးလျ၊ တတိယရ ပါရာဂွေးတို့ထက် ၂ မှတ် အသာနဲ့ အုပ်စုပထမနေရာကို အပိုင်ရယူနိုင်ခဲ့ပါတယ်။
အမေရိကန် အသင်းဟာ ၁၉၃၀ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ် (တတိယနေရာ) အထိ ရောက်ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၀၂ မှာ ကွာတားဖိုင်နယ်၊ ၁၉၃၄၊ ၁၉၉၄၊ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာလည်း ၁၆ သင်း အဆင့် အထိ တက်လှမ်းနိုင်ခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် အခုအဆင့်ကို ရောက်လာတာဟာ ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်လို့ ယခုပွဲမှာ ဘော့စနီးယားကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ၁၆ သင်းအဆင့်မှာ ဘယ်လ်ဂျီယံ (သို့မဟုတ်) ဆီနီဂေါ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေ အထိ တက်လှမ်းနိုင်မယ့် လမ်းကြောင်းကောင်း တစ်ခု ပွင့်လာမှာ ဖြစ်ပါတယ်။
ဘော့စနီးယား

တစ်ဖက် မှာတော့ နည်းပြ ဆာဂေး ဘာဘာရက်ဇ်ရဲ့ ဘော့စနီးယား အသင်းဟာ ဆွစ်ဇာလန်၊ ကနေဒါ တို့ရဲ့နောက် အုပ်စု (B) မှာ တတိယသာ ရခဲ့ပေမဲ့ ရမှတ် ၄ မှတ် ရရှိခဲ့လို့ ၃၂ သင်းအဆင့်ဆီ တက်လှမ်းခွင့် ရခဲ့တာပါ။ သူတို့ဟာ အုပ်စု အဖွင့်ပွဲမှာ ကနေဒါနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ပြီး၊ ဒုတိယပွဲမှာ ဆွစ်ဇာလန်ကို ၄-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့လို့ အခြေအနေ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် သေရေးရှင်ရေး ဖြစ်တဲ့ အုပ်စု နောက်ဆုံးပွဲမှာ ကာတာ အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး အဖိုးတန် ၃ မှတ် ရှာဖွေနိုင်ခဲ့လို့ အခုလို နောက်တစ်ဆင့်ကို တက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဘော့စနီးယား အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရသလို၊ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေ မှာလည်း ခြေစစ်ပွဲတောင် မအောင်ခဲ့ပါဘူး။ ဒါကြောင့် ယခု ၂၀၂၆ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့် ပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ခြင်းဟာ သူတို့ နိုင်ငံ အတွက်တော့ အလွန်ကြီးမားတဲ့ သမိုင်းဝင် အောင်မြင်မှု ဇာတ်လမ်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အမေရိကန် – ဖရီဆီ၊ ဖရီးမန်း၊ ရီးမ်၊ ရစ်ချက်ဒ်၊ ရော်ဘင်ဆင်၊ အဒမ်စ်၊ တေးလ်မန်း၊ ဒက်စ်၊ မက်ကင်နီ၊ ပူလီဆစ်၊ ဘယ်လိုဂန်
ဘော့စနီးယား-ဟာဇီဂိုဗီးနား – ဗာဆီလစ်ဂျ်၊ ဒီဒစ်၊ ကာတစ်၊ မူဟာရီမိုဗစ်၊ ကိုလာဆီနက်ချ်၊ ဘက်ဂျ်ရက်တာရီဗစ်၊ ဆွန်ဂျစ်၊ ဘာဆစ်၊ အဲလ်ဘီဂိုဗစ်၊ ဒီဂျက်ကို၊ ဒီမီရိုဗစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းဟာ အရင်က ၃ ကြိမ်သာ ဆုံတွေ့ဖူးပြီး ၃ ကြိမ်စလုံးဟာ ခြေစမ်းပွဲတွေသာ ဖြစ်ခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ပွဲဟာ သူတို့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ရမယ့် “ တရားဝင် ပြိုင်ပွဲ” ဖြစ်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အရင်ဆုံတွေ့ခဲ့တဲ့ ခြေစမ်းပွဲ ၃ ပွဲမှာ ဘော့စနီးယားက ၂ ပွဲရှုံးထားပြီး နောက်ဆုံး အဖြစ် ၂၀၂၁ ဒီဇင်ဘာလက ဆုံတွေ့ခဲ့တုန်းကလည်း အမေရိကန်က ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အခုပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာမှာ ကစားမှာ ဖြစ်လို့ အမေရိကန်တို့ အိမ်ကွင်း ပရိသတ်အင်အား အပြည့်အဝ ရရှိမှာ သေချာပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အမေရိကန် နိုင်ရင် ၂.၀၅ ဆ၊ ဘော့စနီးယား-ဟာဇီဂိုဗီးနား နိုင်ရင် ၃.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၁၈ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း အိမ်ရှင် အမေရိကန် ဘက်ကပဲ ကြေးအပြတ်သတ် ဖွင့်ပေးထားပါတယ်။ အမေရိကန်ဟာ အိမ်ရှင် ဆိုတဲ့ အားသာချက်နဲ့ အတူ ခြေစွမ်း မတည်ငြိမ်သေးသည့် တိုင်အောင် အကောင်းဆုံး ရုန်းကန်ပြနေပါတယ်။ ဘော့စနီးယား ကလည်း သူတို့ နည်းပြ ပြောတဲ့ အတိုင်း ‘အောက်အသင်းလို့ သတ်မှတ်ခံထားရပေမယ့် ဘယ်အသင်းကိုမှ မကြောက်နေကြောင်း’ သက်သေပြနေပါတယ်။ အကြိတ်အနယ် ရှိတဲ့ ပွဲဖြစ်လာဖို့ ရှိပြီး နောက်တဆင့် အတွက်တော့ အမေရိကန် ကိုပဲ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အမေရိကန် ၂-၁ ဘော့စနီးယား-ဟာဇီဂိုဗီးနား
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


