ဩစတြေးလျ – တူရကီ
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (D) ရဲ့ စိတ်လှုပ်ရှားဖွယ် အဖွင့်ပွဲစဉ် အဖြစ် လာမယ့်စနေနေ့မှာ သြစတြေးလျနဲ့ တူရကီတို့ ဘီစီပလေ့စ် ကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။
ဗန်ကူးဗားမြို့ဟာ အုပ်စု (D) ရဲ့ ဒုတိယမြောက် ပွဲစဉ်ကို လက်ခံကျင်းပမယ့် နေရာ ဖြစ်ပြီး ဒီအုပ်စုထဲမှာ အမေရိကန်နဲ့ ပါရာဂွေးတို့လည်း ပါဝင်နေတာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် အုပ်စုတစ်စု ဖြစ်ပါတယ်။
သြစတြေးလျ
သြစတြေးလျ အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ် ဆက်တိုက် ပါဝင်ခွင့်ရခဲ့တဲ့ အသင်း ဖြစ်တာကြောင့် အခု ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ခြေစစ်ပွဲ အောင်မြင်ပြီး တက်ရောက်လာနိုင်ခဲ့တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဆော်ကာရူးစ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်း ကလည်း ၁၆ သင်း အဆင့် အထိ တက်ရောက်နိုင်ခဲ့ပြီး ဒါဟာ သူတို့ သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည် မှတ်တမ်းလည်း ဖြစ်ပါတယ်။
ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သြစတြေးလျ အသင်းအနေနဲ့ ထူးခြားပြောင်မြောက်တဲ့ ရလဒ်တွေ ထွက်ပေါ်အောင် စွမ်းဆောင်ဖို့ ခက်ခဲနိုင်ပေမယ့် အမေရိကန်၊ ပါရာဂွေးတို့ ပါဝင်နေတဲ့ ဒီအုပ်စု ကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ကိုတော့ မျှော်မှန်းထားမှာ အသေအချာပါပဲ။
နည်းပြ တိုနီ ပိုပိုဗစ်ရဲ့ သြစတြေးလျ အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ နှစ်ပွဲကစားခဲ့ရာမှာ မေလ ၃၁ ရက်က မက္ကဆီကို အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး၊ မေလ ၆ ရက် ကတော့ ဆွစ်ဇာလန် အသင်းနဲ့ ၁-၁ သရေကျခဲ့ပါတယ်။ သူတို့ဟာ အုပ်စု ဒုတိယပွဲစဉ် အဖြစ် ဇွန်လ ၁၉ ရက်မှာ အမေရိကန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ တတိယပွဲစဉ် ကိုတော့ ဇွန်လ ၂၅ ရက်မှာ ပါရာဂွေး အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
တူရကီ
တစ်ဖက်မှာတော့ တူရကီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၃ ကြိမ်မြောက်သာ ပါဝင်ခွင့်ရဖူးတဲ့ အသင်း ဖြစ်ပါတယ်။ ဒါဟာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းကာ တတိယဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ပါဝင်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ် အဆင့် အထိ တက်လှမ်းနိုင်ခဲ့တဲ့ တူရကီ အသင်းမှာ ထူးချွန်ထက်မြက်တဲ့ လူငယ်ကစားသမား အများအပြား ရှိနေတာကြောင့် ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ လျှော့တွက်လို့ မရတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ အထူးသဖြင့် ၎င်းတို့ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ၈ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။
နည်းပြ ဗင်းဆင့်ဇို မွန်တဲလားရဲ့ အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ မြောက်မက်ဆီဒိုးနီးယားကို ၄-၀၊ ဗင်နီဇွဲလားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ ၇ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွေမှာ အဆင့်မြင့်မြင့် တက်လှမ်းနိုင်စွမ်း ရှိကြောင်း သက်သေပြထားဖူးတဲ့ တူရကီ အသင်းဟာ ပြီးခဲ့တဲ့ မတ်လက ကစားခဲ့တဲ့ ဥရောပဇုန် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ကိုဆိုဗိုကို ၁-၀ နဲ့ အနိုင်ယူပြီး အခုကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဒဏ်ရာပြသနာ မရှိကြတာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဩစတြေးလျ – ရွိုင်ယန်၊ အီတာလီယာနို၊ စီယာကတ်တီ၊ ဆော့တာ၊ ဟာရင်တန်၊ ဘော့စ်၊ မတ်ကဲလ်ဖီ၊ အာဗင်း၊ လက်ကီး၊ တိုရေး
တူရကီ – ဆာကီယာ၊ ဒါမီရယ်၊ ဘာဒက်ချီ၊ အဲလ်မာလီ၊ ချလနောဂလူ၊ ယက်ဆက်ခ်၊ ဂူလာ၊ ကော့ချ်ကူ၊ ယီလ်မက်ဇ်၊ ဂူလ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သြစတြေးလျနဲ့ တူရကီ တို့ဟာ သမိုင်းတစ်လျှောက်မှာ နှစ်ကြိမ်သာ ဆုံတွေ့ဖူးပြီး အဆိုပါ ပွဲစဉ်တွေဟာ ၂၀၀၄ ခုနှစ် မေလက ကစားခဲ့တဲ့ ခြေစမ်းပွဲတွေ ဖြစ်ပါတယ်။ ထိုစဉ်က တူရကီ အသင်း ကပဲ ၃-၁ ၊ ၁-၀ ရလဒ်တွေနဲ့ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့တာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဩစတြေးလျ နိုင်ရင် ၄.၉၅ ဆ၊ တူရကီ နိုင်ရင် ၁.၇၁ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း တူရကီ ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်မတည်ငြိမ်တဲ့ ဩဇီတို့ တူရကီလို့ ခြေမှန်ပြီး ဥရောပ အသင်းကြီး တစ်သင်းကို ယှဉ်ကစားဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သွင်းဂိုး ခပ်များများ တွေ့ရနိုင်ခြေ နည်းပြီး တူရကီ ကပ်နိုင်သွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဩစတြေးလျ ၀-၁ တူရကီ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


