အခုတစ်ခါ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ ကောလာဟလတွေကို စုစည်းပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ရောင်းချဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နောက်ထပ် တစ်ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အန်ဇို ကိုယ်တိုင် ကလည်း မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အလွန် ဆန္ဒပြင်းပြနေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အတွက် ပြဿနာရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ချဲလ်ဆီး ဘက်ကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၂၀ သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။
တစ်ဖက် မှာလည်း ချဲလ်ဆီးဟာ မာ့ခ် ကူကူရယ်လာရဲ့ နေရာမှာ အစားထိုးဖို့ လိဒ်ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ ဂါဘရီရယ် ဂတ်ဒ်မန်ဆန်ကို ခေါ်ယူဖို့ မျက်စိကျနေသလို၊ ကိုမို အသင်းရဲ့ ဗဟိုနောက်ခံလူ ဂျာကိုဘို ရာမွန်နဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ မက်ဆန်း လာခရွား တို့ကိုလည်း ခေါ်ယူမယ့် စာရင်းထဲ ထည့်သွင်းထားပါတယ်။
မန်ချက်စတာစီးတီး အသင်းဟာ နော့တင်ဟမ်ဖောရက်စ် အသင်းရဲ့ ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ဗြိတိန် ပြောင်းရွှေ့ကြေး စံချိန်တင်မယ့် ပမာဏ ဖြစ်တဲ့ ပေါင် သန်း ၁၃၀ ခန့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်နေပါတယ်။
တစ်ဖက် မှာတော့ မန်စီးတီး တောင်ပံကစားသမား ဆာဗင်ညိုကို ပရီးမီးယားလိဂ် ပြိုင်ဘက် တော်တင်ဟမ်ဟော့စပါးက ဆက်လက် စိတ်ဝင်စားနေပါတယ်။ မကြာသေးခင်က အာဆင်နယ် အသင်းက သူ့ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် စီးတီး ဘက်က အပြီးသတ် ရောင်းချမှု ကိုပဲ လက်ခံမယ်လို့ ပြောခဲ့တာကြောင့် အာဆင်နယ် ဘက်က ဆုတ်ခွာသွားခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ် အသင်း ကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စပိန် ထိပ်သီး နှစ်သင်းစလုံးက ချိန်ရွယ်နေကြပါတယ်။ ဘာစီလိုနာ အသင်း ကတော့ ယူရို သန်း ၁၅၀ နဲ့ အသင်းရဲ့ စံချိန်တင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ပြီး ခေါ်ယူဖို့ အသင့် ဖြစ်နေပါတယ်။ တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းက အဲလ်ဗာရက်ဇ် ကိုယ်တိုင် အသင်း ကနေ ထွက်ခွာခွင့်တောင်းထားတဲ့ အချက်ကို အသုံးချပြီး သူတို့ရဲ့ ယူရို ၁၅၀ သန်း တန် ကမ်းလှမ်းမှုကို အက်တလက်တီကို ဘက်က လက်ခံလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ် အသင်း ကတော့ အဲလ်ဗာရက်ဇ်နဲ့ အလဲအထပ်လုပ်မယ့် ကောလာဟလတွေထဲမှာ ပါဝင်နေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ကို ဘယ်လိုအခြေအနေမျိုးမှာမှ လက်လွှတ်ဖို့ ဆန္ဒမရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ဘေယန်မြူးနစ်ရဲ့ တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကို ခေါ်ယူဖို့ အသည်းအသန် ဖြစ်နေပြီး ကမ်းလှမ်းမှု ၃ ကြိမ်အထိ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမအကြိမ် ယူရို ၁၈၀ သန်း နဲ့ ကမ်းလှမ်းမှုကို ဘိုင်ယန်က ပယ်ချခဲ့ရင် ဒုတိယအကြိမ်အဖြစ် ယူရို သန်း ၂၀၀ နဲ့ ထပ်မံ ကမ်းလှမ်းမှာ ဖြစ်ပြီး၊ အဲဒါကိုမှ ထပ်မံငြင်းပယ်ခံရပါက ကမ္ဘာ့အပြောင်းအရွှေ့သမိုင်းရဲ့ အမြင့်ဆုံး စံချိန် ဖြစ်တဲ့ ယူရို ၂၂၂ သန်း အထိ ပေးချေပြီး ခေါ်ယူသွားဖို့ အထိ သန္နိဋ္ဌာန်ချထားပါတယ်။

ဒါ့အပြင် ရီးရဲလ်ဟာ လိုက်ပ်ဇစ် တောင်ပံလူ ယန် ဒီယိုမန်ဒီ ကိုလည်း ပစ်မှတ်ထားနေပြီး၊ လောလောဆယ် မှာတော့ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဒန်နီ ဆယ်ဘာယော့စ်၊ ဖရန် ဂါစီယာ နဲ့ ရာအူးလ် အဆန်စီယို တို့လို ကစားသမားတွေကို ရောင်းထုတ်ဖို့ အဓိက အာရုံစိုက်နေပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ အားကစား ဒါရိုက်တာ ဒေကိုကို ယူနိုက်တက် တောင်ပံ ကစားသမား မာကပ်စ် ရက်ရှ်ဖို့ဒ်ကို တခြား ကလပ် အသင်းတွေဆီ အပါမခံဘဲ ခေါ်ယူနိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဘာစီလိုနာဟာ ချက်ချင်း ကမ်းလှမ်းဦးမှာ မဟုတ်ပေမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ခါနီး အထိ စောင့်ဆိုင်းပြီးမှ ယူနိုက်တက် ဘက်က ဖိအားတွေကြောင့် ဈေးလျှော့ ရောင်းလာမယ့် အချိန်ကို အမိအရ ချဉ်းကပ်ဖို့ စီစဉ်ထားပါတယ်။
လစ်ဗာပူးလ် အသင်းရဲ့ နည်းပြသစ် အန်ဒိုနီ အီရာအိုလာဟာ တောင်ပံကစားသမား ကိုဒီ ဂက်ခ်ပိုကို အလျင်စလို ရောင်းထုတ်ဖို့ ဆန္ဒမရှိဘဲ ကြီးမားတဲ့ ကမ်းလှမ်းမှုမျိုး ရောက်ရှိလာမှသာ စဉ်းစားမှာ ဖြစ်ပါတယ်။ ဂက်ခ်ပို ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာချင်ကြောင်း ပြောကြားထားသူလည်း ဖြစ်ပါတယ်။
အသင်းထဲ ခေါ်ယူမယ့် ကစားသမားတွေထဲ မှာတော့ လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီက ထိပ်ဆုံးမှာ ရှိနေပေမယ့် ပြောင်းရွှေ့ကြေး အဆမတန် မြင့်မားနေတာကြောင့် အစားထိုး အနေနဲ့ ဘရိုက်တန်ရဲ့ ယန်ကူဘာ မင်တာ့ရ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေသလို၊ စပါး အသင်းနဲ့အတူ ဘင်ဖီကာ တောင်ပံ ကစားသမား အန်ဒရီးယပ်စ် ရှစ်ဂျဲလ်ဒရက်ပ် ကိုလည်း စိတ်ဝင်စားနေပါတယ်။
နယူးကာဆယ်ရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ်ဟာ ချန်ပီယံလိဂ် ကစားခွင့်ရမယ့် အသင်းဆီ ပြောင်းချင်နေပြီး မန်ယူဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် နယူးကာဆယ် ဘက်ကတော့ မန်ယူဆီ မရောင်းဖို့ ဆုံးဖြတ်ထားပါတယ်။
ဘုန်းမောက် အသင်းဟာ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ ကွင်းလယ်လူ အဲလက်စ် စကော့တ်ကို ပေါင် သန်း ၆၀ တန်ကြေး သတ်မှတ်ထားပါတယ်။
စပါး အသင်းဟာ နောက်ခံလူ ခရစ်တီယန် ရိုမီယိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၂၆ သန်း အထိ လျှော့ချလိုက်တာကြောင့် အက်တလက်တီကိုမက်ဒရစ်က ပြန်လည် စိတ်ဝင်စာလာပါတယ်။
အက်စတွန်ဗီလာ အသင်းဟာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၁၀ သန်း အထိ လျှော့ချဖို့ အသင့်ဖြစ်နေတာကြောင့် ဂျူဗင်တပ်စ် အသင်းဆီ ပြောင်းရွှေ့ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


