နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေ အထိ လွဲချော်ဖွယ် ရှိနေတဲ့ နေမာ

ဘရာဇီးလ် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ စံချိန်ရှင် နေမာ ဂျူနီယာ ကတော့ အရေးကြီးတဲ့အချိန်မှာ ဒဏ်ရာဟောင်း ပြန်ပေါ်လာတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။ နေမာ ဂျူနီယာဟာ ခြေသလုံး ကြွက်သား ဒဏ်ရာ ပျောက်ကင်းဖို့ အတွက် သီတင်းပတ် ၂ ပတ် ကနေ ၃ ပတ်ခန့် အထိ အနားယူရဖို့ ရှိနေခဲ့တာပါ။ ဒါကြောင့် နေမာက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီးလ် အသင်းရဲ့ အဖွင့် ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

နေမာ အနေနဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် ၂၆ ဦး စာရင်းမှာ သူ ပြန်လည် ပါဝင်လာခြင်းက ဘရာဇီးလ် တစ်နိုင်ငံလုံး အတွက် ဝမ်းမြောက်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ဘရာဇီးလ် လက်ရွေးစင် စခန်းဆီ မသွားခင် ဆန်းတို့စ် အတွက် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်မှာ နေမာဟာ ခြေသလုံး ကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် ဝမ်းမြောက်မှုတွေက စိုးရိမ်ပူပန်မှုတွေ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ရပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ဒီဒဏ်ရာကို သိပ်မပြင်းထန်ကြောင်း ငြင်းဆိုဖို့ ကြိုးစားခဲ့ပြီး အစပိုင်းမှာ သာမန် ဒဏ်ရာ အဆင့်ပဲလို့ ထင်မှတ်ခဲ့ကြပေမယ့် ဘရာဇီးလ် အသင်း ဆေးအဖွဲ့ရဲ့ အသေးစိတ် စစ်ဆေးမှုတွေ အပြီး မှာတော့ ဒဏ်ရာရဲ့ တကယ့် ပြင်းထန်မှု အခြေအနေက ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာ ပြန်လည် သက်သာလာမယ့် အချိန်ကိုလည်း သတ်မှတ်ပြီး ဖြစ်တာကြောင့် နေမာဟာ သူ့ရဲ့ ကစားသမားဘဝ စတုတ္ထမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အချိန်မီ ပါဝင်ကစားနိုင်ဖို့ အတွက် အချိန်နဲ့ တပြေးညီ အသည်းအသန် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

 

နေမာ လွဲချော်မယ့် ဘရာဇီးလ် အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဉ်များ

ဘရာဇီးလ် အသင်း ဆရာဝန် ရိုဒရီဂို လက်စ်မာက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး နေမာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပြန်လည် သက်သာလာမယ့် အချိန်ဇယားကို အတည်ပြုပေးခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဆိုပါ တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလား မတိုင်ခင် မေလ ၃၁ ရက်မှာ ကစားမယ့် ပနားမားနဲ့ ခြေစမ်းပွဲ၊ ဇွန်လ ၆ ရက်မှာ ကစားမယ့် အီဂျစ်နဲ့ ခြေစမ်းပွဲတွေကို လွဲချော်မှာ ဖြစ်လို့ ဒီနွေရာသီမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နိုင်ဖို့ အတွက် နည်းပြ အန်ဆယ်လော့တီကို အစွမ်းပြခွင့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

ဒဏ်ရာရှာဖွေတွေ့ရှိချက်အရ အကောင်းဆုံး အခြေအနေ ဖြစ်မယ် ဆိုရင် နေမာဟာ ဇွန်လ ၁၁ ရက်၊ နောက်ထပ် နှစ်ပတ်အကြာမှာ မြက်ခင်းစိမ်းပေါ် ပြန်လည် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနေ့ ကတော့ ဘရာဇီးလ် အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် ဖြစ်တဲ့ မော်ရိုကိုနဲ့ ပွဲမတိုင်ခင် ၂ ရက် အလိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်ထားချက်အရ နေမာဟာ အချိန်မီ အဆင်သင့် ဖြစ်ဦးမှာ မဟုတ်တာကြောင့် မော်ရိုကိုနဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်ရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဒီတိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလား အပြီး ကတည်းက လက်ရွေးစင် အဆင့်မှာ ၄ ပွဲသာ ပါဝင်ကစားထားရတာ ဖြစ်ပါတယ်။
ယာအို ပက်ဒရိုကို မရွေးပဲ နေမာကို ရွေးချယ်ခဲ့တဲ့ ကာလို အန်ဆယ်လော့တီ

ဇွန်လ ၁၉ ရက်နေ့မှာ ကစားမယ့် ဟေတီနဲ့ အုပ်စု ဒုတိယ ပွဲစဉ် ကတော့ နေမာ ဒဏ်ရာ ကနေ ပြန်လာနိုင်ဖို့ ပိုပြီး လက်တွေ့ကျတဲ့ ရက်စွဲ တစ်ခု ဖြစ်မှာပါ။ ဒါဟာ ဒဏ်ရာ သက်တမ်း ၃ ပတ် ပြည့်ပြီး တစ်ရက် အကြာလည်း ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲစဉ်မှာတောင် သူ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝသေးဘူး ဆိုရင်တော့ နောက်ထပ် အခွင့်အရေး တစ်ခု အနေနဲ့ သီတင်းပတ် ၄ ပတ် အကြာ ဇွန်လ ၂၄ ရက်နေ့မှာ ကစားမယ့် စကော့တလန်နဲ့ ပွဲစဉ်မှာ မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။

 

နေမာ နေရာ အတွက် ဘယ်သူ အစားထိုးဝင်ရောက်လာနိုင်သလဲ။

ဘရာဇီးလ် အသင်းနဲ့ နည်းပြ အန်ဆယ်လော့တီ အတွက် ကံကောင်းတဲ့ အချက် ကတော့ နေမာ မပါဝင်တဲ့ အခင်းအကျင်းအတွက် ကြိုတင် ပြင်ဆင်ရတာ အထူးအဆန်း မဟုတ်တာပဲ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ အီတလီ လူမျိုး နည်းပြကြီး ဘရာဇီးလ် အသင်းကို ကိုင်တွယ်တဲ့ သက်တမ်း တစ်လျှောက်မှာ နေမာဟာ တစ်ပွဲမှ ပါဝင် ကစားပေးရခြင်း မရှိသေးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလား အပြီး ကတည်းက လက်ရွေးစင် အဆင့်မှာ ၄ ပွဲသာ ပါဝင်ကစားထားရတာ ဖြစ်ပါတယ်။

လက်ရှိ ဘရာဇီးလ် အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား လူစာရင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး အများအပြား ရှိနေပါတယ်။ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရာဖင်ညာ၊ မားသီးယပ်စ် ကူညာ၊ ဂါဘရီရယ် မာတင်နယ်လီ၊ အင်းဒရစ်ခ်၊ အီဂေါ သီယာဂိုနဲ့ ရာယန် စတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဆီလီကာအိုမှာ နေမာ မပါဝင်နိုင်တဲ့ လစ်ဟင်းမှုကို ဖြေရှင်းဖို့ အင်အား အလုံအလောက် ရှိနေပါတယ်။

အကယ်၍ နေမာရဲ့ ဒဏ်ရာ ပြန်လည် သက်သာမှုက မျှော်လင့်သလို တိုးတက်မလာဘဲ နောက်ထပ် ဒဏ်ရာအခြေအနေ ပိုဆိုးသွားမယ် ဆိုရင်တော့ အန်ဆယ်လော့တီ အနေနဲ့ ပိုပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ၂၆ ဦး လူစာရင်းကို အပြောင်းအလဲ လုပ်ခွင့် ရှိပေမယ့်လည်း၊ ဒါက ကမ္ဘာ့ဖလား ပြိုင်ပွဲ မစတင်မီ ၂၄ နာရီ အလို မတိုင်ခင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အဆိုးရွားဆုံး အခြေအနေ တစ်ခု အနေနဲ့ အန်ဆယ်လော့တီက နေမာကို ဘရာဇီးလ် လူစာရင်း ကနေ လုံးဝ ထုတ်ပယ်ပြီး အစားထိုးဖို့ တွန်းအားပေးခံရနိုင်ချေ ရှိနေတာပါ။ အဲဒီလိုဖြစ်လာခဲ့ရင် လူစာရင်း ကနေ သိသိသာသာ လွဲချော်နေခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ယာအို ပတ်ဒရိုက အစားထိုး ဝင်ရောက်လာဖို့ အလားလာအရှိဆုံး ကစားသမား ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ အားလုံးရဲ့ မျှော်လင့်ချက် ကတော့ နေမာ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း ဒဏ်ရာ ကနေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့ ဖြစ်ပါတယ်။ ဒီတော့ နေမာ တယောက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အတွက် ကစားပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရဖို့သာ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်