နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲရှာချင်တဲ့ မက်ဆီကြောင့် တိုင်ပတ်နေတဲ့ ပီအက်စ်ဂျီ၊ ဖရန့်ဖတ်ကိုလည်း ဆက်သွယ်ခဲ့တဲ့ ဆိတ်ကြီး (ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းများ)

အခုတစ်ခါ မှာတော့ ဖရန့်ဖတ်လို အသင်းကိုတောင် ဆက်သွယ်ခဲ့တဲ့ ဆိတ်ကြီး ရော်နယ်ဒို၊ မြွေမကြောက် ကင်းမကြောက် ထိပ်ပေါက်မှာ မကြောက် ပွဲရှာချင်နေတဲ့ မက်ဆီ စတဲ့ ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖရန့်ဖတ်ကို ဆက်သွယ်ခဲ့တဲ့ ရော်နယ်ဒို

ဆော်ဒီ ကလပ် အယ်လ်နာဆာကို ပြောင်းမယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဖရန့်ဖတ်ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖရန့်ဖတ် အသင်းရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးက Dazn ကို ပြောဆိုခဲ့တာ ဖြစ်ပြီး ကစားသမား ဘက်က စတင် ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်တို့ အသင်းကိုတောင်မှ သူ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဆက်သွယ်ခဲ့ပါသေးတယ်၊ ကျနော့် အထင်တော့ သူ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းတိုင်းကို ချိတ်ဆက်နေပုံပဲ” လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် မှာပဲ ကစားချင်နေပုံ ရပြီး နောက်ဆုံး အချိန်ထိ ကြိုးစားဖွယ်ရာလည်း ရှိနေတာပါ။ တချိန်က အသင်းတိုင်း အလိုရှိနေခဲ့တဲ့ ကစားသမား တစ်ဦး ကတော့ လက်ရှိမှာ အသင်းတိုင်းကို လိုက်လံ ချိတ်ဆက်နေရတာပါ။

အသက် ၃၇ နှစ် အရွယ် ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အသင်း လက်မဲ့ ဖြစ်နေပြီး သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကတော့ အခုထိ ကောလာဟလ အဆင့်မှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဖလား မှာလည်း မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့သလို သူ့ရဲ့ ပေါ်တူဂီ အသင်း ကလည်း မော်ရိုကို,ကို ကွာတားဖိုင်နယ်မှာ ရှုံးပြီး ထွက်ခဲ့ရပါတယ်။


ပွဲရှာချင်နေတဲ့ မက်ဆီကြောင့် အခက်တွေ့နေရတဲ့ PSG

မက်ဆီက PSG အသင်းရဲ့ လာမယ့် အိမ်ကွင်း ပွဲစဉ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပြသချင်နေပေမယ့် ကလပ် ဘက်က သူ့ရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ တွန့်ဆုတ်နေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ အာဂျင်တီးနား အတွက် တတိယ အကြိမ် ရရှိတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။
မက်ဆီရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ တွန့်ဆုတ်နေတဲ့ ပီအက်စ်ဂျီ

မက်ဆီရဲ့ အသင်းက ပြင်သစ်ကို အနိုင်ရခဲ့တာကြောင့် ပြင်သစ် ပရိသတ်တွေနဲ့ ဆက်ဆံရေး မလိုအပ်ပဲ ဆိုးရွားသွားနိုင်တယ်လို့ သတင်းတွေ ကလည်း မှတ်ချက်ပြု ဖော်ပြလျက် ရှိပါတယ်။ PSG က လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ လီဂူးဝမ်း ပွဲစဉ် အဖြစ် စထရက်ဘော့ဂ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီပွဲ အမီ မက်ဆီက ပြင်သစ်ကို ပြန်လာရမှာ ဖြစ်ပေမယ့် ပါဝင်ကစားနိုင်ဖို့တော့ မသေချာသေးပါဘူး။ သေချာတာ ကတော့ ဆုဖလားကို ကြွားချင်ချင်နေတဲ့ မက်ဆီရဲ့ ဆန္ဒကြောင့် PSG ကတော့ တိုင်ပတ်နေပြီ ဖြစ်ပါတယ်။


ကင်ဆာရောဂါ ပိုဆိုးလာလို့ ခရစ္စမတ်ကို ဆေးရုံမှာပဲ ကုန်ဆုံးရတော့မယ့် ပီလီ

ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမားကြီး ပီလီဟာ ခရစ္စမတ်ကာလကို ဆေးရုံမှာပဲ ကုန်ဆုံးရမယ်လို့ သူ့ရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ မိသားစုတွေက အတည်ပြုလိုက်ပါတယ်။

ပီလီဟာ ကျောက်ကပ်နဲ့ နှလုံးရောဂါ ပြဿနာတွေ အပြင် ကင်ဆာရောဂါ ပိုပြီး ဆိုးလာလို့ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ ပီလီဟာ ကျောက်ကပ်၊ နှလုံးနဲ့ ဆိုင်တဲ့ ချို့ယွင်းမှုတွေကို ပိုပြီး ဂရုစိုက်ဖို့ လိုတယ်လို့ ဆော်ပေါ်လိုရှိ အယ်လ်ဘတ် အိုင်းစတိုင်း ဆေးရုံက ပြောခဲ့တာပါ။

ပီလီရဲ့ သမီး ဖြစ်သူက “ ကျွန်မ တို့ရဲ့ အိမ်မှာ ခရစ္စမတ်ကို ဆိုင်းငံ့ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဆေးရုံမှာပဲ ဂရုတစိုက်နဲ့ နေရတာ ပိုပြီး ကောင်းတယ်” လို့ ရေးခဲ့ပါတယ်။

ပီလီဟာ ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး နိုင်ငံလက်ရွေးစင် အသင်း အတွက် ၉၂ ပွဲ ကစားကာ ၇၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အမြင့်ဆုံး အောင်မြင်မှုတွေ အဖြစ် ပီလီဟည ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ် ကစားသမားတွေဟာ တောင်ကိုရီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ပွဲစဉ်မှာ ပီလီရဲ့ပုံ ပါဝင်တဲ့ စာတန်းကို ကိုင်‌ဆောင်ကာ အမြန်ဆုံး နေပြန်ကောင်းလာစေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်