၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ရှုံးထွက် ၃၂ သင်းအဆင့် ခရိုအေးရှားနဲ့ ပွဲ ကစားမယ့်နေ့မှာပဲ ဘောလုံး ပရိသတ်တွေကို တုန်လှုပ်သွားစေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ‘ကစားသမားဘဝ အနားယူမှု’ သတင်းဆိုး တစ်ခု ထွက်ပေါ်လာပါတယ်။ အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို တစ်ယောက် ပေါ်တူဂီ လက်ရွေးစင် အသင်း အင်္ကျီကို ဝတ်ဆင်ဖို့ အချိန်သိပ်မကျန်တော့ပုံပါပဲ။
ရော်နယ်ဒိုရဲ့ အမ ဖြစ်သူမှ ဖွင့်ဟလာခြင်း
ဒီသတင်း ကိုတော့ ရော်နယ်ဒိုရဲ့ အစ်မ ကာတီယာ အဗေးရိုးက အရိပ်အမြွက် ပြောကြားခဲ့တာပါ။ ကြာသပတေးနေ့ ညက တိုရွန်တိုမြို့ BMO ဖီးလ်ကွင်း အပြင်ဘက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် သူမက “ကျွန်မ ရရှိထားတဲ့ အချက်အလက်တွေအရ သူ နှုတ်ဆက်စကား ပြောတော့မှာပါ။ အချိန်ရှိတုန်းလေး အားပေးရသလောက် အားရအောင် ကြည့်ထားကြပါ။ ဒီနေ့ ချက်ချင်းကြီး နှုတ်ဆက်မှာ မဟုတ်ပေမယ့် မကြာခင် ဖြစ်လာတော့မှာပါ။ ဒါဟာ သူ့ရဲ့ နောက်ဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။” လို့ ဖွင့်ဟခဲ့ပါတယ်။
အဆိုပါ ပြောစကားကြောင့် ကမ္ဘာ့ဖလား အပြီး ပေါ်တူဂီ နိုင်ငံမှာ ရော်နယ်ဒို အတွက် နှုတ်ဆက်ပွဲ အခမ်းအနား တစ်ခု ပြုလုပ်နိုင်တယ်လို့ ယူဆရပါတယ်။ သူမက ဒါဟာ ကလပ် အသင်းဘဝ မဟုတ်ဘဲ ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းကြီးကနေ အနားယူမယ့် အကြောင်းကို ဆိုလိုတာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီနွေရာသီမှာ လီယွန်နယ် မက်ဆီ၊ ဂွီလာမို အိုချိုအာ တို့နဲ့ အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ရင်း သမိုင်းစိုက်ထူထားတာပါ။ ဒါ့အပြင် ကမ္ဘာ့ဖလား ၆ ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း စံချိန်တင်ထားပါတယ်။ လက်ရှိ အဲလ်နာဆာ အသင်းခေါင်းဆောင်ဟာ ယခင်က အနားယူမယ့် ရက်ကို အတိအကျ မပြောဘဲ ၂၀၂၅ ခုနှစ်တုန်း ကတော့ နောက်ထပ် ၂ နှစ်လောက် ဆက်ကစားဦးမယ်လို့ပဲ အရိပ်အမြွက် ပြောဖူးပါတယ်။
သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းချက်နဲ့ ပေါ်တူဂီရဲ့ အိမ်မက်

ရော်နယ်ဒို အနေနဲ့ လက်ရွေးစင် အသင်း ကနေ တကယ်ပဲ အနားယူတော့မယ် ဆိုရင် လာမယ့် ဇူလိုင် ၁၉ ရက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့အတူ ချန်ပီယံ ဆုဖလားကြီးကို ကိုင်မြှောက်ပြီးမှ သိက္ခာရှိရှိ နှုတ်ဆက်ချင်နေမှာ အသေအချာပါပဲ။ လက်ရှိ ခရိုအေးရှားနဲ့ပွဲ မတိုင်ခင်အထိ သူဟာ ပေါ်တူဂီ အတွက် ၂၃၁ ပွဲကစား၊ ၁၄၅ ဂိုး သွင်းယူပေးထားပြီး ဒါဟာ အမျိုးသား လက်ရွေးစင် ဘောလုံးသမိုင်းမှာ အများဆုံး စံချိန် ဖြစ်ပါတယ်။
သူဟာ ပေါ်တူဂီ အသင်းကို ၂၀၁၆ ယူရို ချန်ပီယံဆုနဲ့ နေရှင်းလိဂ်ဖလား ၂ ကြိမ် ရယူပေးထားနိုင်ခဲ့ပေမယ့်၊ လက်ရှိအချိန် မှာတော့ သူ့ကို ပွဲထွက်ထက် လူစားဝင် အဖြစ်ပဲ အသုံးပြုသင့်တယ် ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရော်နယ်ဒိုဟာ အုပ်စုတွင်း ၃ ပွဲမှာ ဥဇဘက်ကစ္စတန် တစ်သင်းတည်းကိုပဲ ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်း ကလည်း ဂိုးလုံးဝ မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ ရော်နယ်ဒို ကစားချင်သရွေ့ ပွဲထွက် လူစာရင်းမှာ နေရာရှိနေဦးမယ်လို့ အမြဲ ကာကွယ်ပေးထားပါတယ်။
တစ်ဖက် မှာလည်း ခရိုအေးရှားနဲ့ ပွဲဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ပြိုင်ပွဲစုံ ၁,၃၂၉ ပွဲမြောက် ဖြစ်ပြီး လက်ရှိမှာ သွင်းဂိုး ၉၇၅ ဂိုး အထိ ရှိထားလို့ သမိုင်းတစ်လျှောက် အများဆုံး ဂိုးသွင်းရှင် ဖြစ်နေပါတယ်။ နောက်ထပ် ၂၅ ဂိုး သွင်းယူနိုင်ရင်တော့ ဘောလုံးသမိုင်းရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ‘သွင်းဂိုး ၁,၀၀၀’ စံချိန်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်လာပြီ ဖြစ်တဲ့ ရော်နယ်ဒို အတွက် လာမယ့်ရာသီ ဆော်ဒီ ကလပ်မှာ ကစားရင်း ဒီသွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ဖို့ အားခဲထားမှာ သေချာသလို၊ လက်ရွေးစင် အသင်းက အနားယူပြီးရင် ကလပ် အသင်း ဘဝ ကနေ အနားယူဖို့ ကလည်း သိပ်ကြာတော့မယ် မထင်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


