ဂျာမနီ အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် မှာတင် ဂိုးမိုးရွာပြီး ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ ဒါဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက ဘရာဇီးလ်ကို ဂိုးပြတ်နိုင်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းမှာ သူတို့အတွက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
ဂျာမနီ အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု (E) အဖွင့် ပွဲစဉ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ ကူရာဆောင်း အသင်းကို ၇-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူပြီး အစပြုလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းရဲ့ အသင်းဟာ ပထမပိုင်း အစောပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ကူရာဆောင်း အသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံး သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့်၊ အဲဒီနောက်မှာတော့ ဂျာမနီတို့ရဲ့ ထုံးစံအတိုင်း အကောင်းဆုံး ပုံစံနဲ့ ပွဲကို အပြတ်အသတ် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။
ပွဲစလို့ ၆ မိနစ်မှာတင် ဖီးလစ် နီမက်ချာက ဖလော်ရီယန် ဗစ်ဇ်နဲ့ ဝမ်းတူး ရိုက်ကစားပြီး ပြိုင်ဘက် နောက်ခံလူကို ကျော်ကာ လှလှပပ ကန်သွင်းပြီး ဂျာမနီ အတွက် ဦးဆောင်ဂိုးကို စတင်ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၁ မိနစ် မှာတော့ ကူရာဆောင်း အသင်းက ပွဲအခြေအနေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ လီဗာနို ကိုမင်နန်စီယာရဲ့ ပေးပို့မှုဟာ ဖျက်ထုတ်ခြင်းခံခဲ့ရပေမယ့် လျှံထွက်လာတဲ့ ဘောလုံးကို သူကပဲ ပြန်လိုက်ဆယ်ပြီး ကန်သွင်းခဲ့ရာမှာ ဂျာမနီ ဂိုးသမား မန်ဝဲလ် နော်ယာ ကို ကျော်ကာ ဂိုးထဲဝင်သွားခဲ့ပါတယ်။ ဒါဟာ ကူရာဆောင်း အသင်း အတွက် ကမ္ဘာ့ဖလား သမိုင်းဝင်ဂိုး ဖြစ်လာခဲ့ပါတယ်။
အဲဒီမတိုင်ခင်ကတည်းက နီကို ရှလော့တ်တာဘက်ခ်ရဲ့ Set-piece ကနေ ခေါင်းတိုက်ချက်က ကူရာဆောင်းကို သတိပေးချက် တစ်ခု ပေးခဲ့ပြီးသား ဖြစ်ပေမယ့် သူတို့ သတိမထားမိခဲ့ကြပါဘူး။ ပွဲချိန် ၃၇ မိနစ် မှာတော့ နေသန်နီရယ် ဘရောင်းရဲ့ ထောင့်ကန်ဘောကနေ တစ်ဆင့် ရှလော့တ်တာဘက်ခ် ကပဲ ခေါင်းတိုက်ပြီး ဂျာမနီ အတွက် ဦးဆောင်ဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။
အဲဒီနောက် ပထမပိုင်းပြီးခါနီး မိနစ်ပိုင်း အလိုမှာ ရီချတ်ဒ်လီ ဘာဇိုးက နီမက်ချာကို ဖျက်ထုတ်ရာမှာ နောက်ကျသွားခဲ့လို့ ဂျာမနီတို့ ပင်နယ်တီ ရရှိခဲ့ပြီး ကိုင် ဟာဗာ့ဇ်က အေးအေးဆေးဆေးပဲ သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းကို ၃-၁ နဲ့ အနားရခဲ့ပါတယ်။ ဒုတိယပိုင်း အစ ၂ မိနစ် မှာတင် ဂျာမန်တို့ စတုတ္ထဂိုး ထပ်ရခဲ့ပြီး ဂျာမန် မူစီယာလာက ကျဉ်းမြောင်းတဲ့ ထောင့်ဖြတ်နေရာ ကနေ ကန်သွင်းယူခဲ့တာပါ။ တစ်ဖက်မှာလည်း ကူရာဆောင်း အသင်းက လီအန်ဒရို ဘာကူနာရဲ့ ကန်သွင်းချက် ဂိုးဝင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုး အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။

ပွဲချိန် ၆၈ မိနစ် မှာတော့ နေသန်နီရယ် ဘရောင်းက ဒန်းနစ် အန်ဒက်ဗ်ရဲ့ ပံ့ပိုးပေးမှုကို အမိအရ ပိတ်ပြီး အသင်း အတွက် ပထမဆုံး ပွဲထွက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ဂိုးဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူး အန်ဒက်ဗ် ကိုယ်တိုင်က ဘာကူနာကို ကျော်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ဟာဗက်ဇ်က ကင်မစ်ချ်ရဲ့ အကွက်မြင်မြင် ဖန်တီး ပေးပို့မှုကို လိုက်ပါရယူပြီး ဂိုးသမား အီလွိုင်း ရွမ်းရဲ့ ခေါင်းပေါ် ကနေ လှလှပပ မတင်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမနီတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူတို့ အတွက် ရိုးအီနေပြီ ဖြစ်တဲ့ ၇-၁ ဆိုတဲ့ ရလဒ်မျိုးကို နောက်တစ်ကြိမ် ထပ်မံ ဖန်တီးနိုင်ခဲ့ပါတယ်။
ဂျာမနီ အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိထားတာ ဖြစ်ပြီး ဂျာမနီ ဘောလုံးအဖွဲ့ချုပ် သမိုင်းတစ်လျှောက်မှာ ၁၉၇၉ ကနေ ၁၉၈၀ အတွင်း ၁၂ ပွဲ ဆက်တိုက် နိုင်ခဲ့တဲ့ မှတ်တမ်း ပြီးရင် ဒုတိယမြောက် အရှည်ကြာဆုံး အနိုင်ရလဒ် မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။
နီမက်ချာ သွင်းယူခဲ့တဲ့ ၅ မိနစ် ၁၇ စက္ကန့် ဂိုးဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ဖိလစ်လမ်း ကော်စတာရီကာနဲ့ ပွဲမှာ သွင်းခဲ့တဲ့ (၅ မိနစ် ၀၈ စက္ကန့်) ဂိုး ပြီးရင် ကမ္ဘာ့ဖလား ပထမဆုံး ပွဲထွက် ကစားသမား တစ်ဦး အတွက် အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီ အသင်းရဲ့ ဂိုးပေါက် ကန်သွင်းချက် ၁၆ ကြိမ်ဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက အိုင်ဗရီကို့စ်နဲ့ ဆားဘီးယား ပွဲစဉ် ပြီးရင် ကမ္ဘာ့ဖလား ပထမပိုင်းမှာ ဂိုးပေါက် ကန်သွင်းမှု အများဆုံး မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။
ပွဲအပြီး မှာတော့ ဂျာမနီ အသင်းဟာ စုစုပေါင်း ဂိုးပေါက် ကန်သွင်းချက် ၂၆ ကြိမ် အထိ ရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၉ အထိ ရှိခဲ့ကာ ဂိုးပေါက်တည့်မှု ၁၂ ကြိမ် ရှိခဲ့ပါတယ်။ တစ်ဖက် မှာတော့ ကူရာဆောင်း အသင်းဟာ ၈ ကြိမ် ကန်သွင်းခွင့် ရခဲ့ပြီး မျှော်မှန်းဂိုး (xG) ၀.၄ သာ ရှိခဲ့တာပါ။
ဂျာမနီ လက်ချက်နဲ့ ၇-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးခဲ့ရတဲ့ အသင်းဟာ ကူရာဆောင်း တစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရလဒ်ဟာ ၁၉၅၄ ကမ္ဘာ့ဖလားတုန်းက တောင်ကိုရီးယား အသင်း ဟန်ဂေရီကို ၉-၀ နဲ့ ရှုံးခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ဖလား ပွဲဦးထွက် အသင်း တစ်သင်း ခံခဲ့ရတဲ့ အဆိုးရွားဆုံး ဂိုးပြတ် ရှုံးနိမ့်မှု ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


