နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖီဖာ ဥက္ကဌကို ပြန်လည် တောင်းပန်ခဲ့တဲ့ ဟာကီမီ၊ မပြီးဆုံးနိုင်သေးတဲ့ လူမျိုးရေး ခွဲခြားမှု ပြဿနာ (ကမ္ဘာ့ဖလား နောက်ဆုံးရ သတင်းများ)

ဖီဖာ ဥက္ကဌကို ပြန်လည် တောင်းပန်ခဲ့တဲ့ ဟာကီမီ၊ အမ်ဘာပေး အတွက် စိတ်မကောင်း ဖြစ်ရတယ် ဆိုတဲ့ PSG ဥက္ကဌ၊ လူမျိုးရေး ခွဲခြားခံနေရတဲ့ ပြင်သစ် ကြယ်ပွင့် ၃ ဦး စတဲ့ နောက်ဆုံးရ ကမ္ဘာ့ဖလား သတင်းတွေကို ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


တတိယလုပွဲက ဖြစ်ရပ် အတွက် ဖီဖာ ဥက္ကဌကို ပြန်လည် တောင်းပန်ခဲ့တဲ့ ဟာကီမီ

ခရိုအေးရှားက မော်ရိုကို,ကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား တတိယလုပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေ အတွက် မော်ရိုကို နောက်ခံလူ အာချက်ဖ် ဟာကီမီက ဖီဖာ ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

အဆိုပါ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဟာကီမီက ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ အင်ဖန်တီနိုကို ရည်ရွယ် အော်ဟစ်ခဲ့ပါတယ်။ မော်ရိုကိုဟာ ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်၊ ခရိုအေးရှားနဲ့ တတိယလုပွဲ တို့မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ဟာကီမီက အဲ့ဒီပွဲ အပြီးမှာ ဒေါသဖြစ်ခဲ့ရကြောင်း၊ အဲ့ဒီနောက် အင်ဖန်တီနိုနဲ့ စကားပြောဖြစ်ခဲ့ပြီး အပြုအမူတွေ အတွက် ပြန်လည် တောင်းပန်ခဲ့ကြောင်း၊ အင်ဖန်တီနိုနဲ့ ခင်မင်နေဆဲ ဖြစ်ပြီး လေးစားမှု ရှိနေသေးတာကြောင့် ဘာမှထပ်ပြောစရာ မရှိတော့ကြောင်း ပြောကြားသွားခဲ့ပါတယ်။


အမ်ဘာပေး အတွက် စိတ်မကောင်း ဖြစ်ရပြီး မက်ဆီကို ဂုဏ်ပြုခဲ့တဲ့ PSG ဥက္ကဌ

ပီအက်စ်ဂျီ အသင်းဥက္ကဌ နာဆာ အယ်လ်ခါလီဖီက ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်နဲ့ ကီလီယန် အမ်ဘာပေး အတွက် စိတ်မကောင်း ဖြစ်ရပြီး လီယွန်နယ် မက်ဆီ အတွက်တော့ ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ် တို့ရဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ ကစားသမား နှစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ အမ်ဘာပေး တို့ အနေနဲ့ အပြိုင်အဆိုင် ခြေစွမ်းပြနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အမ်ဘာပေးက ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို မက်ဆီ ကလည်း နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ခါလိုင်ဖီက ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ပြိုင်ပွဲ ဖြစ်ကြောင်း အထူးတလည် အမွှန်းတင်သွားခဲ့ပါသေးတယ်။


ဗိုလ်လုပွဲ အရှုံးကြောင့် လူမျိုးရေး ခွဲခြားခံနေရတဲ့ ပြင်သစ် ကစားသမားများ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီးမှာ ပြင်သစ် ကစားသမား သုံးဦး ဖြစ်တဲ့ အော်ရီလီယန် ချူအာမန်နီ၊ ကင်စလေ ကိုးမန်းနဲ့ ကိုလို မူအာနီတို့ဟာ ပြင်းပြင်းထန်ထန်ကို လူမျိုးရေး ခွဲခြားခံနေရကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ပင်နယ်တီနဲ့ အရှုံးပေးခဲ့ရတဲ့ ပြင်သစ်

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီးမှာ ပြင်သစ် ကစားသမား သုံးဦး ဖြစ်တဲ့ အော်ရီလီယန် ချူအာမန်နီ၊ ကင်စလေ ကိုးမန်းနဲ့ ကိုလို မူအာနီတို့ဟာ ပြင်းပြင်းထန်ထန်ကို လူမျိုးရေး ခွဲခြားခံနေရကြောင်း သိရပါတယ်။

ချူအာမန်နီနဲ့ ကိုးမန်း တို့ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ဘဲ မူအာနီ ကလည်း အချိန်ပို နောက်ဆုံး မိနစ်မှာ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဗိုလ်လုပွဲ အပြီးမှာ အာဖရိက အနွယ်ဝင် ဒီကစားသမား သုံးဦး အပေါ် လူမျိုးရေး ခွဲခြားမှုတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ပရိသတ်အချို့ဟာ ဒီကစားသမားတွေကို ငှက်ပျောသီး၊ မျောက်ပုံတွေ ပါဝင်တဲ့ အီမိုဂျီတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေး ခွဲခြားနေကြတာ ဖြစ်ပြီး ဆိုရှယ်ပလက်ဖောင်းတွေ ဘက်ကတော့ ဒါတွေကို တောက်လျောက ဖျက်ချပေးလျက် ရှိကြောင်း ကြေညာထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်