ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ ဒိန်းမတ်နဲ့ ခြေစမ်းပွဲစဉ် အတွင်း မေ့လဲကျသွားခဲ့ပြီးနောက် ဆေးရုံ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင့်နဲ့ လက်ရှိ အိမ်မှာ အနားယူကာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အဲရစ်ခ်ဆင်ဟာ ယူကရိန်းနဲ့ ကစားခဲ့တဲ့ ဒိန်းမတ် အသင်းရဲ့ ခြေစမ်းပွဲမှာ မေ့လဲကျသွားခဲ့ပြီးနောက် သူ့ရဲ့ ပြန်လည် နာလန်ထူမှု လုပ်ငန်းစဉ်တွေ စတင်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေ စိတ်အေးသွားစေဖို့ ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Nature Energy Park ကွင်းမှာ ကစားခဲ့သည့် အဆိုပါ ခြေစမ်းပွဲ အတွင်း အဲရစ်ခ်ဆင်ဟာ သူ့ရဲ့ ရင်ဘတ်ကို ဖိကပ်ထားပြီးနောက် မြက်ခင်းပြင်ပေါ်သို့ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒိန်းမတ် အသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်နေတဲ့ ပွဲချိန် ၆၅ မိနစ်တွင် ပွဲကို တရားဝင် ဖျက်သိမ်းခဲ့ရပါတယ်။
တော့တင်ဟမ်ဟော့စပါး၊ ဘရန့်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း အဲရစ်ခ်ဆင်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်း ကလည်း ကွင်းအတွင်း နှလုံးရပ်တန့်မှု ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်း နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ထားခဲ့ရသူ ဖြစ်သည်။ ဒါပေမယ့်လည်း အသက် ၃၄ နှစ် အရွယ် အဲရစ်ခ်ဆင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ထုတ်ပြန်ချက် အသစ် တစ်ခုမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် (၂၀၂၁ ခုနှစ်) က ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနှင့် မတူဘဲ ကွဲပြားကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော် အဆင်ပြေပြေ ရှိနေပြီး အခု မိသားစုနဲ့ အတူ အိမ်မှာ ရောက်နေပြီဆိုတာ အားလုံးကို အသိပေးချင်ပါတယ်။ လူတိုင်း တွေးကြည့်လို့ရသလိုပါပဲ၊ ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်း ထိန်းစက် (ICD) ဆီကနေ လျှပ်စစ်တုန်ခါမှု ရရှိခဲ့တာဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အပေါ် ရိုက်ခတ်မှု အကြီးအကျယ် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၂၁ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ မတူဘဲ ကွဲပြားတဲ့ အခြေအနေ တစ်ခု ဖြစ်တယ် ဆိုတာကို အားလုံး စိတ်အေးသွားအောင် ပြောပါရစေ။ ကျွန်တော် နေသာထိုင်သာ ရှိပြီး အခြေအနေ ကောင်းမွန်နေသလို၊ ပြန်လည် သက်သာဖို့ လုပ်ငန်းစဉ်တွေလည်း စတင်နေပါပြီ။”

“ကွင်းထဲမှာ ရှိခဲ့တဲ့ ကစားသမားတွေ အားလုံးနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့သားတွေရဲ့ ကူညီပံ့ပိုးမှုတွေ အတွက် ကျေးဇူးတင်ရုံတင် မကဘဲ၊ နှစ်တွေအကြာကြီး ကျွန်တော့်ရဲ့ နှလုံးကို စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်တွေ ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကြောင့်ပဲ ကျွန်တော့်ရဲ့ ICD စက်ဟာ ၎င်းရဲ့ ရည်ရွယ်ချက် အတိုင်း ကျွန်တော် လိုအပ်နေတဲ့ အချိန်မှာ ကျွန်တော့်ကို ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။”
“လောလောဆယ်တော့ ကျွန်တော့်ရဲ့ အဓိကအာရုံစိုက်မှုက ကျန်းမာရေး ပြန်လည် ကောင်းမွန်လာဖို့၊ မိသားစုနဲ့ အချိန်ကုန်ဆုံးဖို့၊ အပန်းဖြေခရီးထွက်ဖို့နဲ့ ကလေးတွေနဲ့ အတူ ဘောလုံး ကစားဖို့ပဲ ဖြစ်ပါတယ်။” လို့ အဲရစ်ခ်ဆင်က ခြေစမ်းပွဲ အပြီး သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အဲရစ်ခ်ဆင်ရဲ့ အသက်ကို ကယ်တင်ခဲ့သူ အဖြစ် လူသိများတဲ့ ဒိန်းမတ် အသင်း ဆရာဝန် မော်တန် ဘိုအေဆင်ရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာလည်း အဲရစ်ခ်ဆင် တစ်ယောက် “ စိတ်ဓာတ်ပိုင်း တက်ကြွလန်းဆန်းလျက် ရှိနေသည်” ဟု အတည်ပြုခဲ့ပါတယ်။
လက်ရှိမှာ ဂျာမန်ကလပ် ဝုဖ်ဘတ် အသင်းမှာ ကစားနေတဲ့ အဲရစ်ခ်ဆင် အနေနဲ့ ဘောလုံး ပြန်လည် ကစားနိုင်ခြင်း ရှိ၊ မရှိကိုမူ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လက်တလော မှာတော့ သူ့ရဲ့ အသင်း ဖြစ်တဲ့ ဝုဖ်ဘတ်က ၂၀၂၅-၂၆ ရာသီမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ကနေ တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


