ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို တစ်ကြိမ်မှ ဆွတ်ခူးနိုင်ခဲ့ဖူးခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့်နွေရာသီမှာ ဒီသမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့ အသင်းမှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိကြောင်း ရူဘင် ဒီးရာ့စ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ရူဘင် ဒီးရာ့စ်ရဲ့ အဆိုအရ ပေါ်တူဂီ အသင်းဟာ ပြိုင်ပွဲတစ်ခုချင်းစီ ယှဉ်ပြိုင်တိုင်း ပိုမို တိုးတက်လာမယ်လို့ ယုံကြည်နေပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ဖို့ အထိ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ပေါ်တူဂီ အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ သူတို့ ချန်ပီယံဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်း ရှိနေပါတယ်။ ပေါ်တူဂီအသင်းရဲ့ အကောင်းဆုံး ကမ္ဘာ့ဖလား ရလဒ် ကတော့ ၁၉၆၆ ခုနှစ်က ရရှိခဲ့တဲ့ တတိယဆု ဖြစ်ပြီး၊ အနီးစပ်ဆုံး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ ကွာတားဖိုင်နယ် အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီ အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဒုတိယမြောက် နေးရှင်းလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုပြိုင်ပွဲကို ယုံကြည်မှု အပြည့်နဲ့ တက်လှမ်းလာတာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းရဲ့ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ပြင်ဆင်မှု ဖြစ်တဲ့ ခြေစမ်းပွဲတွေ ကိုတော့ စနေနေ့မှာ ချီလီနဲ့ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး၊ အဲ့ဒီနောက် နိုင်ဂျီးရီးယား အသင်းနဲ့လည်း ခြေစမ်းဖို့ ရှိနေပါတယ်။ အဲဒီနောက် ဇွန်လ ၁၇ ရက်နေ့မှာ ဒီအာကွန်ဂို အသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ်ကို စတင် ကစားရမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ အသင်းက ပိုပြီးတိုးတက် ရင့်ကျက်လာတယ်လို့ ခံစားရပါတယ်” လို့ ဒီးရာ့စ်က ဖီဖာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် အမြင့်ဆုံးအဆင့် ဘောလုံးလောကမှာ ကစားနေတဲ့ ကစားသမားတွေ အများကြီးရှိတဲ့ အတွက် ဖိအားတွေကို ဘယ်လို ကိုင်တွယ်ရမလဲ၊ ဖိအားဆိုတာ ဘာလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲအသစ်တိုင်း ကတော့ အစပျိုးခြင်း အသစ် တစ်ခုပါပဲ။”
“ကျွန်တော့် အတွက်တော့ အရေးကြီးဆုံးက ပထမဆုံး ကြုံတွေ့ရမယ့် အခက်အခဲတွေပါပဲ။ အဲ့ဒီအခက်အခဲတွေကပဲ ပြိုင်ပွဲရဲ့ နောက်ပိုင်း ပွဲစဉ်တွေ အတွက် ပုံသွင်းပေးသွားမှာပါ။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ ကပဲ ကျွန်တော်တို့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲ ဆိုတာကို တဖြည်းဖြည်း သက်သေပြသွားပါလိမ့်မယ်။ ဒါဟာ သက်သက် ယုံကြည်ချက်တစ်ခုတင်မကဘဲ အောင်မြင်ချင်တဲ့ ရည်မှန်းချက် ပြင်းထန်မှုလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်တို့ လက်တွေ့ကျကျ တွေးခေါ်ထားပါတယ်။ ဘယ်လောက် ခက်ခဲမယ်၊ ဘယ်လောက် အထိ ကြိုးစားရမယ် ဆိုတာ ကိုလည်း ကောင်းကောင်းသိပါတယ်။”

“ဒီ အောင်မြင်နိုင်မယ်ဆိုတဲ့ ခံစားချက်က ပြိုင်ပွဲကြာလာတာနဲ့ အမျှ၊ ပွဲတိုင်းအပြီး၊ ခြေလှမ်းတိုင်း အပြီးနဲ့ အခက်အခဲတိုင်းကို ကျော်ဖြတ်ပြီးလို့ ရလာတဲ့ ယုံကြည်မှုတွေနဲ့အတူ တိုးပွားလာရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ နှိမ့်ချမှုရှိရှိနဲ့ပဲ ရင်ဆိုင်သွားမှာပါ၊ ဒါပေမယ့် ရည်မှန်းချက် ကတော့ အရင်ကထက် ပိုပြီး ကြီးမားနေပါတယ်” လို့ ဒီးရာ့စ်က ပြောကြားသွားခဲ့ပါတယ်။
ပေါ်တူဂီ အသင်းဟာ ချီလီ အသင်းနဲ့ ၄ ကြိမ်မြောက် အဖြစ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှု ဖြစ်တဲ့ ၁၉၇၂ ခုနှစ် ဇွန်လတုန်းက ပေါ်တူဂီက ၄-၁ ဖြင့် အနိုင်ရခဲ့ဖူးပြီး၊ နောက်ပိုင်း တွေ့ဆုံမှု ၂ ကြိမ်မှာတော့ သရေကျခဲ့ကာ အနီးစပ်ဆုံး အဖြစ် ၂၀၁၇ ခုနှစ် ဇွန်လက ကစားခဲ့တဲ့ ဖီဖာ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲ မှာတော့ ချီလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
နည်းပြ ရောဘတ်တို မာတီနက်ဇ်ဟာ အခု ကမ္ဘာ့ဖလား အတွက် ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်စေပြီး ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဗစ်တင်ညာနဲ့ ယာအို ဖီးလစ် တို့လို အားထားရတဲ့ ကစားသမား အစုံအလင်နဲ့ လူစာရင်းကို တောင့်တောင့်တင်းတင်း ဖွဲ့စည်းထားပါတယ်။
ဒီးရာ့စ် အတွက်တော့ ဒါဟာ သူရဲ့ ၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး ဖီဖာရဲ့ အကြီးကျယ်ဆုံး ဘောလုံးစင်မြင့်ထက်ကို ထပ်မံ ခြေချခွင့်ရဖို့ စိတ်လှုပ်ရှားနေပြီလည်း ဖြစ်ပါတယ်။ “ပုဂ္ဂိုလ်ရေးအရတော့ ကျွန်တော် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ တတိယမြောက် ကမ္ဘာ့ဖလား ဖြစ်ပြီး နိုင်ငံအတွက်ရော၊ ကျွန်တော်တို့ အားလုံးအတွက်ပါ အမြဲတမ်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်အခါတစ်ခုပါ။”“ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားရတဲ့ ခံစားချက်ကို ကျွန်တော် သိပါတယ်။ ကစားသမားတွေ၊ ပရိသတ်တွေ၊ ကျွန်တော်တို့ မိသားစုတွေနဲ့ နိုင်ငံ အတွက် ဒါဟာ ဘယ်လောက် အထိ ထူးခြားဆန်းပြားလဲ ဆိုတာ သိပါတယ်။ ဒါဟာ ပျော်ရွှင်စရာကောင်းပြီး ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒီတစ်ကြိမ် ကမ္ဘာ့ဖလား ကတော့ ပိုပြီးထူးခြားလိမ့်မယ်လို့ ကျွန်တော် ခံစားမိနေတယ်။ လူတိုင်းကလည်း ဒီအချိန်ကို စောင့်မျှော်နေခဲ့ကြတာ ကြာပါပြီ။” လို့ ဒီးရာ့စ်က ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


