ပေါ်တူဂီ အသင်းနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြီးပွဲကောင်း မတိုင်ခင် စပိန် နည်းပြ လူးဝစ် ဒီလာဖွန်တေက သူ့ရဲ့ ကွင်းလယ်ပိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ဒါ့အပြင် ဒီကွင်းလယ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းနဲ့ နီးစပ်တဲ့ အဆင့်မှာ ရှိတယ်လို့လည်း ဆိုလိုက်ပါတယ်။
စပိန် အသင်းဟာ ၃၂ သင်းအဆင့်မှာ သြစတြီးယား အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူပြီးနောက် ဒီကနေ့ည ဒါးလက်စ်မြို့မှာ ခရစ်စတီယာနို ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ အသင်းနဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြီး ပွဲကောင်း အဖြစ် ရင်ဆိုင်ရတော့မှာပါ။
ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုလို အဓိက ပြိုင်ပွဲကြီးတွေမှာ ၅ ကြိမ် ဆုံတွေ့ဖူးပြီး ၃ ကြိမ် သရေကျကာ တစ်ဖက်တစ်ဂိုးစီ အနိုင်ရထားပါတယ်။ သူတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲ ဖြစ်ပြီး ရှုံးထွက် အဆင့် နောက်ဆုံး တွေ့ဆုံမှု ကတော့ ယူရို ၂၀၁၂ ဆီမီးဖိုင်နယ်မှာ ဂိုးမရှိ သရေကျခဲ့လို့ စပိန်က ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကွင်းလယ် အတွဲအဖက် ဖြစ်တဲ့ ဗစ်တင်ညာ၊ ယာအို နီးဗက်စ် တို့နဲ့ အတူ ဘရူနို ဖာနန်ဒက်စ်တို့ ပါဝင်နေတဲ့ ပေါ်တူဂီ ကွင်းလယ်ဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒီလာဖွန်တေး ကတော့ ဇာဗီ၊ ဇာဘီ အလွန်ဆို၊ ဆာဂျီယို ဘူးစကွတ်စ်နဲ့ အင်နီယေစတာ တို့လို ကစားသမားတွေနဲ့ ဘောလုံးအသာစီးယူ ကစားခဲ့တဲ့ ၂၀၁၀ စပိန် အသင်းနဲ့ နှိုင်းယှဉ်ပြီး သူ့အသင်း ကွင်းလယ်က ပိုသာတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက အရန်ခုံမှာ စက်စ် ဖာဘရီဂတ်စ်၊ ဟွမ် မာတာနဲ့ ဒါးဗစ် ဆေးလ်ဗားတို့ ရှိနေခဲ့တာပါ။
The Guardian မီဒီယာနဲ့ အင်တာဗျူးမှာ ၂၀၁၀ နဲ့ ၂၀၂၆ အသင်း နှစ်သင်းကို နှိုင်းယှဉ်ဖို့ မေးမြန်းရာမှာ ဒီလာဖွန်တေးက “အသင်း နှစ်သင်းစလုံးမှာ ကောင်းမွန်တဲ့ ကွင်းလယ်တွေ ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်အရတော့ အားလုံးကို လေးစားမှုရှိရှိနဲ့ ပြောရရင် ကျွန်တော်တို့ ဆီမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ရှိနေပါတယ်။ ကျွန်တော် တို့မှာ တစ်နေရာစီ အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ယောက်စီ ရှိပါတယ်။ နာမည်တွေ ပြောရရင် ရိုဒရီ၊ ဇူဘီမန်ဒီ၊ ဖာဘီယန် ရူအစ်ဇ်၊ ပက်ဒရီ၊ ဒန်နီ အော်လမို၊ မီခေးလ် မာရင်နို၊ အဲလက်စ် ဘီညာ၊ ဂါဗီ၊ ဖာမင်း လိုပက်ဇ်တို့ ရှိပါတယ်။ နာမည်ကျန်ခဲ့တဲ့သူတွေ ရှိရင်လည်း စိတ်ဆိုးကြဦးမယ်။ ၂၀၁၀ ကွင်းလယ် ကလည်း ထူးခြား ကောင်းမွန်ခဲ့တာ အမှန်ပါပဲ။ ဘောလုံးခေတ်က ပြောင်းလဲသွားပြီ ဖြစ်ပေမယ့် ကျွန်တော်တို့ အသင်းကို အဲဒီအဆင့် နီးပါး သတ်မှတ်ချင်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

ပက်ဒရီဟာ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြိုင်ဘက် ကွင်းတစ်ဝက် အတွင်း ပေးပို့မှု အကြိမ်ရေ ၁၂၂ ကြိမ်နဲ့ အများဆုံး စံချိန်တင်ထားသလို မျှော်လင့်ထားတဲ့ ဂိုးဖန်တီးမှု (xA) ၁.၅၄ နဲ့ စပိန် အသင်းမှာ အကောင်းဆုံး ဖြစ်နေပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်ရဲ့ ထူးခြားမှုနဲ့ ပတ်သက်ပြီး ဒီလာဖွန်တေက “သူက မှော်ဆရာ တစ်ယောက်ပါ။ သူ့ရဲ့ အရည်အသွေး၊ ပါရမီနဲ့ နည်းစနစ်ပိုင်းတွေက ထူးခြားပါတယ်။ ကျွန်တော့် ကျောင်းက ဆရာ တစ်ယောက်က ပါရမီ ဆိုတာ အခက်ခဲဆုံးအရာတွေကို ဘာအဆင်မပြေမှုမှ မရှိဘဲ လွယ်လွယ်ကူကူ လုပ်ပြနိုင်တာလို့ သင်ဖူးပါတယ်။ ဒါဟာ နည်းစနစ်ပါပဲ။ ပတ်ဒရီက အဲဒီနေရာမှာ ဆရာ တစ်ဆူပါ။ သူဟာ အရမ်းခက်ခဲတဲ့အရာတွေကို လွယ်လွယ်လေး လုပ်ပြတတ်ပါတယ်။ ဒါမျိုး လုပ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိပါတယ်။ အံ့ဩစရာကောင်းလောက်အောင် သက်တောင့်သက်သာ ကစားနိုင်ပြီး တခြားသူတွေ မမြင်နိုင်တဲ့ ပေးပို့မှု လမ်းကြောင်းတွေကို သူ မြင်နိုင်ပါတယ်။ ဒါဟာ ပါရမီရှင်တွေမှာပဲ ရှိတဲ့ အရာပါ။” လို့ ချီးကျူးသွားခဲ့ပါတယ်။
ဒါပေမယ့် စပိန်အသင်း အနေနဲ့ ကွာတားဖိုင်နယ် တက်ချင်တယ် ဆိုရင် ၃၂ သင်းအဆင့် ခရိုအေးရှားနဲ့ ပွဲမှာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပထမဆုံးဂိုးကို သွင်းယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ထိန်းချုပ်ရမှာပါ။ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲ တစ်လျှောက် အသင်းမှာ ပွဲထွက်ခွင့်ရဖို့ အထိ ဝေဖန်မှုတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပြီး ခရိုအေးရှားနဲ့ ပွဲမှာလည်း ပင်နယ်တီ ကန်သွင်းချိန်က လွဲလို့ ဂိုးဧရိယာ အတွင်း ဘောလုံးထိခွင့် တစ်ကြိမ်ပဲ ရခဲ့တာ ဖြစ်ပါတယ်။ဒ
ါပေမယ့် စပိန် ကွင်းလယ်လူ ဂါဗီ ကတော့ ရော်နယ်ဒို အပေါ် ဝေဖန်မှုတွေဟာ မမှန်ကန်ကြောင်း Mundo Deportivo မီဒီယာကို အခုလို ကာကွယ်ပြောကြားခဲ့ပါတယ်။ “ဒီလို ဝေဖန်သံတွေကို ပရိသတ်တွေနဲ့ သူ့အသင်းမှာ မရှိတဲ့သူတွေဆီကပဲ အမြဲ ကြားရတာပါ။ သူ့အသင်းဖော်တွေ ကတော့ သူ့အပေါ် အပြည့်အဝ လေးစားမှု ရှိကြမှာ သေချာပါတယ်။ ရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ဘယ်အချိန်မဆို ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ ပေါ်တူဂီဟာ ကစားသမားကောင်းတွေ ရှိတဲ့ အသင်းကြီး တစ်သင်းပါ။ ကျွန်တော်တို့ အသင်း အနေနဲ့ နည်းပြရဲ့ အစီအစဉ်အတိုင်း အာရုံစိုက်ပြီး အနိုင်ရဖို့ အတူတူ ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။‘
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


