နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဂီမာရေးစ်ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြင်ဆင်မှု အတွက် ထိခိုက်ခဲ့ရတဲ့ ဘရာဇီးလ် | ကမ္ဘာ့ဖလား

ဘရူနို ဂီမာရေးစ် ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားတဲ့ သတင်းက ၂၀၂၆ ကမ္ဘာ့ဖလား အတွက် ပြင်ဆင်နေတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါပြီ။ နယူးကာဆယ်က စပါးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဘရာဇီးလ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ဟာ ပေါင်နောက်ကြော ဒဏ်ရာ (Hamstring) ရရှိခဲ့တာကြောင့် အချိန်အတော်ကြာ အနားယူရတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂီမာရေးစ်ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ကလည်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တော်တော်လေး စိုးရိမ်ပူပန်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းတွေအရ ဂီမာရေးစ်ဟာ အနည်းဆုံး ၁၀ ပတ်ခန့် အနားယူရမှာ ဖြစ်လို့ ဒါဟာ နယူးကာဆယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ မှတ်တမ်းတွေ အရ နယူးကာဆယ်ဟာ ဂီမာရေးစ် မပါဝင်နိုင်တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲစလုံး နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။

တဖက်မှာလည်း လာမယ့် မတ်လမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား အတွက် ခြေစမ်းပွဲတွေ အဖြစ် ပြင်သစ်၊ ခရိုအေးရှား တို့နဲ့ ကစားဖို့ ရှိနေပါတယ်။ နည်းပြ ကာလို အန်ဆယ်လော့တီ အတွက်တော့ ဂီမာရေးစ် အပြင် ခံစစ်မှူး အီဒါ မီလီတာအိုပါ ဒဏ်ရာရနေတာကြောင့် အမာခံ လူစာရင်းကို စမ်းသပ်ဖို့ အခက်တွေ့နေရပြီလည်း ဖြစ်ပါတယ်။

ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်မှာ အာဖရိကဖလား ဒုတိယ ရရှိထားတဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာပါ။ သေချာတာ ကတော့ ကွင်းလယ် အင်ဂျင် ဖြစ်တဲ့ ဂီမာရေးစ် မပါဝင်နိုင်ခြင်းက ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်ရဲ့ အသင်းလိုက် စုစည်းမှုနဲ့ နားလည်မှုအပိုင်းကို ထိခိုက်စေနိုင်ပါတယ်။

ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်မှာ အာဖရိကဖလား ဒုတိယ ရရှိထားတဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာပါ။
ဂီမာရေးစ် နေရာမှာ ဂါဆန်၊ ပက်ကေးတား၊ ဆန်းတို့စ်တို့ထဲက တစ်ဦးဦးနဲ့ အစားထိုးမယ့် ဘရာဇီးလ်

ဒီတော့ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ မတ်လ ပွဲစဉ်တွေမှာ ကက်စ်မဲရိုးနဲ့ တွဲဖက် ကစားမယ့် ဂီမာရေးစ်ရဲ့ နေရာမှာ ဘယ်သူတွေနဲ့ အစားထိုးမလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လောလောဆယ် ဖြစ်နိုင်ခြေ ရှိတဲ့ အစားထိုးမှုတွေ အဖြစ် ဂါဆန်၊ ပက်ကေးတား၊ အန်ဒရေ ဆန်းတို့စ် တို့ကို သတ်မှတ်ထားပါတယ်။ 

ဂါဆန် ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပုံမှန် ခြေစွမ်းပြနေသူ ဖြစ်လို့ ရွေးချယ်ခံရဖို့ ထိပ်ဆုံးက ရှိနေပါတယ်။ ပက်ကေးတား ကတော့ အတွေ့အကြုံရင့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် အန်ဆယ်လော့တီ လက်ထက် မှာတော့ အသင်းမှာ နေရာ ရဖို့ ရုန်းကန်နေရသူပါ။ အန်ဒရေ ဆန်းတို့စ် ကတော့ ချဲလ်ဆီးမှာ ခြေစွမ်းပြနေတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ် ကစားသမားလေးပါ။ ဘောလုံးသယ်ယူမှုနဲ့ ခံစစ်ကူညီမှု အပိုင်းမှာ ကောင်းမွန်တာကြောင့် အန်ဆယ်လော့တီရဲ့ လူငယ်တွေကို ယုံကြည်တတ်တဲ့ အခြေအနေအရ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။

ဘရာဇီးလ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု C မှာ ဟေတီ၊ မော်ရိုကို၊ စကော့တလန် တို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ ခြေစွမ်းအဆင့်အတန်းအရ ဆိုရင်တော့ ဘရာဇီးလ်ဟာ ပြိုင်ဘက် ၃ သင်းထက် ခေါင်းတလုံး ပိုမြင့်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဘရာဇီးလ် ကတော့ နည်းပြ အန်ဆယ်လော့တီနဲ့ အတူ သူတို့နဲ့ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပြန်လည် ရယူဖို့ ပစ်မှတ်ထားနေပြီး လက်ရှိ အခြေအနေတွေအရ သူတို့ မျှော်လင့်ထားသလို ဖြစ်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်