ဘယ်လ်ဂျီယံ အသင်းဟာ ကမ္ဘာ့ဖလားရဲ့ ၃၂ သင်းအဆင့် ဆီကို အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်လှမ်းသွားခဲ့ပါပြီ။ ဗန်ကူးဗားက BC Place ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ပွဲမှာ လီအန်ဒရို ထရော့ဆက်ဒ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ကီဗင် ဒီဘရွန်းနားနဲ့ ရိုမယ်လူ လူကာကူ တို့ရဲ့ ဂိုးတွေကြောင့် နယူးဇီလန် အသင်းကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူပြီး အုပ်စု (G) ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားခဲ့တာပါ။
တကယ်တော့ ဘယ်လ်ဂျီယံဟာ အစောပိုင်း အုပ်စု ပထမ ၂ ပွဲတုန်းက ရလဒ်ပိုင်း သိပ်ပြီး အားရစရာ မရှိခဲ့လို့ သောကြာနေ့ ပွဲစဉ်မှာ နောက်တစ်ဆင့် တက်ဖို့ သေချာအောင် မဖြစ်မနေ နိုင်ပွဲ ရှာရမယ့် ဖိအားရှိနေခဲ့တာပါ။ ဒါပေမယ့် တစ်ဖက် ပွဲစဉ်မှာ အီဂျစ်နဲ့ အီရန်တို့ သရေကျသွားခဲ့သလို၊ နည်းပြ ရူဒီ ဂါစီယာရဲ့ ဘယ်လ်ဂျီယံ အသင်း ကလည်း ပြိုင်ဘက်ကို ဂိုးမိုးရွာပြီး နောက်တစ်ဆင့် တက်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲတွင်းအလှည့်အပြောင်းနဲ့ ဘယ်လ်ဂျီယံရဲ့ တိုက်စစ်ရေစီးကြောင်း
ပထမပိုင်းမှာတင် ဘယ်လ်ဂျီယံတို့ ပွဲကို လုံးဝစိုးမိုးထားခဲ့ပြီး စိတ်ကြိုက် ကစားခဲ့လို့ နယူးဇီလန် အသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးကန်ချက် တစ်ကြိမ်မှတောင် မကန်ခဲ့ရပါဘူး။ ပွဲချိန် ၂၈ မိနစ်မှာ ကန်ချက် တစ်ကြိမ် ဂိုးတိုင် ထိထားတဲ့ ထရော့ဆက်ဒ်ဟာ သူ့ရဲ့ ကန်ချက် နယူးဇီလန် နောက်ခံလူ ဖင် ဆာမန်ရဲ့ လက်နဲ့ထိလို့ ပင်နယ်တီရပြီလို့ ထင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးနောက် ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဂိုးရှေ့ ရှုပ်ရှက်ခတ်နေရာ ကနေ ထရော့ဆက်ဒ်က အနီးကပ် ပိတ်သွင်းပြီး ဘယ်လ်ဂျီယံ အတွက် အဖွင့်ဂိုးကို ရှာဖွေပေးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာတင် အာဆင်နယ် တိုက်စစ်မှူး ထရော့ဆက်ဒ်ကပဲ ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ သူ့ရဲ့ ပထမကန်ချက်ကို နယူးဇီလန် ဂိုးသမား မက်စ် ခရိုကွန်ဘီ ပုတ်ထုတ်ခဲ့ပေမယ့် ထရော့ဆက်ဒ် ကပဲ လျင်လျင်မြန်မြန်နဲ့ လေထဲမှာ ပြန်လည်ပိတ်သွင်းယူခဲ့တာပါ။ ထရော့ဆတ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကြောင့် နယူးဇီလန် နောက်ခံလူတွေ စုပြုံသွားချိန်မှာ ထွက်လာတဲ့ ဘောလုံးကို ဒီဘရွန်းနားက ဧရိယာ အပြင်ဘက် ကနေ အားပြင်းပြင်းနဲ့ ဂိုးရဲ့ ညာဘက် အောက်ထောင့်ထဲကို သပ်သပ်ရပ်ရပ် ကန်သွင်းပြီး အသင်းအတွက် ၃-၀ ဖြစ်စေခဲ့ပါတယ်။
နယူးဇီလန် အတွက်တော့ အီလိုင်ဂျာ ဂျက်စ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးခဲ့ပေမယ့်၊ လူစားဝင်လာတဲ့ တိုက်စစ်မှူး လူကာကူက မြင့်မားတဲ့ ခေါင်းတိုက်ချက်နဲ့ အတူ ဘယ်လ်ဂျီယံ အတွက် ၃ ဂိုးပြတ် အသာစီးရမှုကို ချက်ချင်း ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ် မှာတော့ လူကာကူရဲ့ ဖန်တီးပေးမှု ကနေ ဆယ်လီမေကာစ်က ပဉ္စမမြောက်ဂိုးကို သွင်းယူပြီး ပွဲကို အပြတ်အသတ် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဝါရင့်ကစားသမားကြီးတွေရဲ့ အစွမ်းပြမှုနဲ့ စံချိန်သစ်များ

နည်းပြ ရူဒီ ဂါစီယာဟာ ဒုတိယပွဲတုန်းက အီရန်နဲ့ပွဲမှာ တိုက်စစ်က အခွင့်အရေးတွေ အများကြီး ဖြုန်းတီးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတာပါ။ အဲဒီပွဲတုန်းက ဘယ်လ်ဂျီယံဟာ ဂိုးကန်ချက် ၂၃ ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးတစ်ဂိုးမှ မရခဲ့ပါဘူး။ ဒါဟာ ၁၉၉၄ ခုနှစ် ဆော်ဒီနဲ့ပွဲ (ကန်ချက် ၂၈ ကြိမ်) ပြီးရင် ကမ္ဘာ့ဖလားမှာ ဂိုးမရခဲ့တဲ့ ကန်ချက် အများဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဘယ်လ်ဂျီယံဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ် ၅ ပွဲမှာ နိုင်ပွဲ ရဖို့ထက် ၂ ဂိုးပဲ သွင်းနိုင်ခဲ့တာ ဖြစ်ပြီး ၁ ဂိုးက ကိုယ့်ဂိုးကိုယ်သွင်းမိတာ ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် အခုပွဲ မှာတော့ အသင်းရဲ့ ဝါရင့်ကြယ်ပွင့်တွေက အသင်းကို အုပ်စု အဆင့် ကနေ ရုပ်ပျက်ဆင်းပျက် လှည့်ပြန်ရမယ့် အန္တရာယ်ကနေ ကောင်းကောင်းကြီး ကယ်တင်ပေးသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ ဒီပွဲမှာ ဂိုးကန်ချက် ၃၅ ကြိမ် အထိ ရှိခဲ့ပြီး ဒါဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား သမိုင်းမှာ သူတို့ အတွက် တတိယမြောက် ကန်ချက် အများဆုံးပွဲ ဖြစ်လာခဲ့ပါတယ်။ မျှော်မှန်းဂိုး (xG) အရလည်း ဘယ်လ်ဂျီယံက ၃.၆၅ အထိ ရှိခဲ့ပြီး နယူးဇီလန် ကတော့ ၀.၂၅ သာ ရှိခဲ့ပါတယ်။
အသက် ၃၁ နှစ်နဲ့ ၂၀၅ ရက် ရှိပြီ ဖြစ်တဲ့ ထရော့ဆက်ဒ်ဟာ ဒီပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့လို့ ဘယ်လ်ဂျီယံ အသင်း သမိုင်းမှာ ကမ္ဘာ့ဖလား တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီဘရွန်းနားနဲ့ ထရော့ဆက်ဒ် နှစ်ယောက်တည်းတင် ကန်ချက် ၁၄ ကြိမ် (တစ်ယောက်ကို ၇ ကြိမ်စီ) အထိ ရှိခဲ့တာပါ။
လူစားဝင်လာပြီး ဂိုးသွင်းသွားတဲ့ လူကာကူဟာ အခုဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ သူ့ရဲ့ ၆ ဂိုးမြောက် ဂိုးကို ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ဝါရင့်ကစားသမားကြီး မာ့ခ် ဝီလ်မော့စ် (၅ ဂိုး) ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး “ဘယ်လ်ဂျီယံနိုင်ငံ အတွက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ သမိုင်းဝင်ကစားသမား” အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားခဲ့ပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


